: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်
Audi for sale in Myanmar Car Market| Used Audi in Myanmar| Audi car price in Yangon Myanmar

အော်ဒီ အမှတ်တံဆိပ် ကားများ

ပြည်တွင်းမှာ အစီးရေး စီးနင်းကြတာကို တွေ့ရနည်းပေမဲ့ ကမ္ဘာကျော် ဘရန်တစ်ခုဖြစ်တဲ့ အော်ဒီဘရန်တွေကို လူတိုင်း ရင်းနှီးကြမှာပါ။ အော်ဒီ ဆိုတာ ဂျာမနီ နိုင်ငံ အခြေဆိုက် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခု ဖြစ်ပြီး ဗို့စ်ဝက်ဂွန် မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းစုရဲ့ လုပ်ငန်း ခွဲ တစ်ခု ဖြစ်ပီး အော်ဒီက ဇိမ်ခံကား တွေချည်း သီးသန့် ထုတ်လုပ်တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ အော်ဒီက ထုတ်လုပ်တဲ့ ကားတွေ မြန်မာပြည် ရောက်ပါတယ်။ အဓိက အားဖြင့် ဆလွန်း နဲ့ အက်စ်ယူဗီ များ အဓိက ရောက်ရှိ ပါတယ်။ ဥရောပကား ကုမ္ပဏီ ထဲက တစ်ခုဖြစ်တဲ့ အော်ဒီ ဂျာမန်ကားများသည် မြန်မာ ကားပရိသတ်တို့ အတွက် ဒီဇိုင်းလှပမူ ၊ ခန့်ညားမူတွေနဲ့ ရွေးချယ် စီးနိင်စရာ တစ်ခု ဖြစ်လာခဲ့ပါတယ်။ ဂျပန်လေလံကနေ တစ်ဆင့် ဆိုဒ်တော်တော် များများမှာ တွေ့နိင်၊ မှာယူနိင်ပြီး  ပြည်တွင်းကနေ အလွယ်တကူ ရရှိနိင်တဲ့အတွက် ဥရောပ ကား အော်ဒီ ရဲ့ မြန်မာဈေးကွက် ၊ မြန်မာေ၇ွးချယ်စီးနင်မူ ဈေးကွက်ဟာလည်း သူအနေအထားနဲ့ သူရှိနေခဲ့ပါတယ်။  လှမ်းကြည့် လိုက်တာနဲ့ အမြင်မမှားနိင်အောင် ကားရဲ့ ထူးခြားတဲ့ ဖွဲ့စည်း တည်ဆောက်ပုံဟာ တစ်ခြား ကားတွေထက်  ဆန်းပြီး  အထင်ကြီးရလောက် အောင်ရှိပြီး  ကောင်းမွန်တဲ့ အရည် အသွေး ပြည့်မီမူတွေကိုလည်း ဆက်လက် ရရှိဦးမှာ ဖြစ်ပါတယ်။ ဇိမ်ခံကားတွေကို ကြိုက်နှစ်သက်ပြီး ဥရောပကားတွေကို စိတ်ဝင်စားတဲ့  ကားဝယ်လိုသူတွေအတွက် အော်ဒီဟာ အသင့်ရှိနေပြီး ပြည့်စုံမူတွေကို  ရှိစေကာ အာမခံမူတွေကို ပေးစွမ်းမှာ ဖြစ်ပါတယ်။ တံခါး (၃)ပေါက် Hatchback ကား၊ ၀က်ဂွန်ကား၊……. ဆလွန်ကား၊ နှစ်ယောက်စီး coupe ကား၊ Sportback (5-door Hatchback)၊ ဇိမ်ခံ ဆလွန်းကား၊ SUV ကား တို့ကို တွေ့နိင်မှာ ဖြစ်ပါတယ်။  အော်ဒီရဲ့ မြန်မာပြည်ဈေးကွက် အနေနဲ့ ဥရောပကားအမျိုးအစား ကြိုက်နှစ်သက် သူအချို့သာ  ၀ယ်စီးကြပြီး ပြည်တွင်း ဈေးကွက် အနေနဲ့ ကား  Showroom တွေမှာ အရောင်း သိပ်မရှိဟု သိရပြီး ပြသထားမူအနေနဲ့ အော်ဒီ A6 နဲ့ အော်ဒီ Q5 ကိုသာ  Showroom  အရောင်းစင်တာများတွင် အများအားဖြင့် တည်ရှိထားပါတယ်။

စွမ်းဆောင်ရည် နဲ့ နည်းပညာ

အော်ဒီ ဘရန်ထဲက ဆလွန်ကား တစ်မျိုး ဖြစ်တဲ့ အော်ဒီ A 6 ရဲ့ စွမ်းဆောင်ရည်နဲ့ နည်းပညာအကြောင်းကို ရေးသားလိုက်ရပါတယ်။ Front-engine အထားအသိုနဲ့ A6 ကားသစ်လေးကို ရှေ့ယက်ပုံစံနဲ့ရော Quattro စနစ်သုံး လေးဘီး ယက်ပုံစံနဲ့ပါ ရရှိနိုင်ပြီး အင်ဂျင် အနေနဲ့ 2.0 L အင်ဂျင် တင်မက မြင်းကောင်ရေ ၃၂၅ ကောင် အားအထိ ထုတ်လုပ်ပေးမယ့် 3.0L TFSI V6 Supercharged အင်ဂျင်နဲ့ 3.0L TDI ဒီဇယ်အင်ဂျင်တွေကိုလည်း ရရှိနိုင်ပါတယ်။ A6 ဆီဒန်ကားသစ်ကို Premium ၊ Premium Plus နဲ့ Prestige ဆိုတဲ့ Trim သုံးမျိုး ခွဲခြားပေးထားပြီး စွမ်းဆောင်ရည်အမြင့်ဆုံး 3.0L အင်ဂျင်ကို Premium Plus နဲ့ Prestige Trim တွေမှာပဲ ရရှိနိုင်ပါတယ်။ လေးဘီးယက်ပုံစံမှာတော့ အင်ဂျင်တွေကို Tiptronic အော်တို ဂီယာရှစ်ချက်နဲ့ တွဲဖက်ပေး ထားပါတယ်။ စွမ်းဆောင်ရည်မြင့်မားလှတဲ့ A6 ဆီဒန်ကားသစ်လေးဟာ ၅.၃ စက္ကန့်အတွင်းမှာပဲ သုညမိုင်ကနေ တစ်နာရီ မိုင်ခြောက်ဆယ်နှုန်းအထိ အရှိန်မြှင့်တင်နိုင်ပြီး အမြင့်ဆုံးအမြန်နှုန်းကတော့ တစ်နာရီကို မိုင် ၁၃၀ ဖြစ်ပါတယ်။ ဆီစားနှုန်းကတော့ မြို့တွင်းမှာ တစ်ဂါလန် ၁၉ မိုင်နှုန်းနဲ့ အဝေးပြေးလမ်းမှာဆိုရင် တစ်ဂါလန် ၂၈ မိုင်နှုန်း အသုံးပြု မောင်း နှင်နိုင်ပြီး 3.0T မှာ အော်တို Start/Stop စနစ်ကို ထည့်သွင်း ပေးထားတာကြောင့် ကားရဲ့ဆီစားနှုန်းကို ပိုပြီး လျော့ပါး သက်သာစေနိုင်ပါတယ်။

ပြည်တွင်းက ကျော်ကြားတဲ့ အော်ဒီ ဘရန်များ

ဆလွန်း ထဲမှာ မြန်မာပြည်ကို အဓိက ရောက်ရှိ တာကတော့ အော်ဒီအေ၆ ၊ အော်ဒီ အေ-၇ နဲ့ အေ ၈ တို့ ဖြစ်ပါတယ်။ ဂျပန် လေလံ ဈေးကွက် ကနေ အဓိက ရောက်ရှိတဲ့ကား ဖြစ်ပါတယ်။ အေ-၆ နဲ့ အေ-၇ က ဇိမ်ခံကား ဖြစ်ပေမယ့် အေ-၈ လောက် အရည်အသွေး မြင့်တဲ့ ဇိမ်ခံကား မဟုတ် ပါဘူး။ သို့ပေမယ့် အဲ့ဒီ နှစ်စီးကို Executive Car စံနှုန်းထဲမှာ ထည့်သွင်း ထားပါတယ်။ အင်ဂျင်အရွယ် ၂ထောင် စီစီ ကနေ ၆၀၀၀ စီစီ ဝန်းကျင် အထိ ရှိပြီး ဈေး ကလည်း သာမန် ဂျပန် ဇိမ်ခံ ဆလွန်းကားများထက် ဈေးကြီး ပါတယ်။ ဈေး အကြီးဆုံး ကတော့ အော်ဒီ အေ-၈ ဖြစ်ပါတယ်။ သူက ကမ္ဘာ့ ဈေးအကြီးဆုံးနဲ့ လူကြိုက်အများဆုံး ဇိမ်ခံ ဆလွန်းကားထဲမှာတောင် ပါဝင် ပါတယ်။ သူ့မှာ နောက်ထပ် ထူးခြားချက်က ဇိမ်ခံ ဆလွန်းလို့ အမည်ခံ ပေမယ့် ပြိုင် ဆလွန်း အမျိုးအစား ဖြစ်ပါတယ်။ ပြိုင်ဆလွန်း ဖြစ်တာ ကြောင့် အမြန်ပြေးနှုန်း ကလည်း သာမန် ဆလွန်းများထက် ပိုမြန် ပါတယ်။ ပြိုင်ကား များနဲ့တောင် ယှဉ်လို့ ရပါတယ်။ အော်ဒီ အက်စ်ယူဗီတွေထဲမှာ အော်ဒီ အက်စ်ယူဗီ ထဲမှာ ကျူ-၃ ၊ ကျူ-၅ နဲ့ ကျူ-၇ တို့လို ကားတွေ ထွက် ရှိပါတယ်။ အင်ဂျင် အရွယ် ၅၀၀၀ စီစီ ဝန်းကျင် ရှိပြီး ဇိမ်ခံ အက်စ်ယူဗီများ ဖြစ်ပါတယ်။ ဈေး အကြီးဆုံး ကတော့ ကျူ-၅ ဖြစ်ပါ လိမ့်မယ်။ သို့ပေမယ့် မြန်မာ ကျပ်ငွေ သိန်း ၁၀၀၀ ဝန်းကျင် ရှိရင် အရည်အသွေး ကောင်းတဲ့ ကျူ-၅ တစ်ပတ်ရစ် လက်လက်ဆတ်ဆတ် ကား များကို ရရှိ နိုင်မှာ ဖြစ်ပါတယ်။အော်ဒီမှာ ပြိုင်ကားလည်း ထုတ်လုပ်ပြီး အော်ဒီ ပြိုင်ကား ထဲမှာ အာအိတ်-၈ တစ်မျိုး ရှိပါတယ်။ ကမ္ဘာ့ လူကြိုက်များ ဈေးကြီး ပြိုင်ကား ဖြစ်ပြီး မြန်မာပြည်မှာ တစ်စီး တစ်လေ ကို ရန်ကုန် လမ်းမပေါ်မှာ တွေ့ရတတ် ပါတယ်။

ပြည်တွင်းမှာ ရရှိနိုင်မှု

အခြား အော်ဒီဘရန်ရဲ့ မော်ဒယ်များအနေနဲ့ အော်ဒီက ထုတ်လုပ်တာ ကား အမျိုးအစား ၂၀ ဝန်းကျင် ယနေ့မှာ ရှိနေပြီး မြန်မာပြည် ဈေးကွက် မှာလည်း လက်ရှိဝယ်ယူရရှိနိုင်နေပြီး ဖြစ်ပါတယ်။ အသစ် များ ဝင်ပေမယ့် အများစုကတော့ ဂျပန် လေလံ ဈေးကွက် ကနေ ဝင်ရောက်တဲ့ တစ်ပတ်ရစ်ကားတွေပဲ အများစု ဖြစ်ပါတယ်။

အော်ဒီရဲ့ စိတ်ဝင်စားစရာ ဘရန်ရဲ့ အကြောင်း

ဂျာမန် အော်တို မိုဘိုင်း ကုမ္ပဏီတစ်ခု ဖြစ်တဲ့ အော်ဒီဟာ တည်ထောင်ထားတဲ့ ခုနှစ်တစ်ခုက စရေမယ်ဆိုလျှင်နှစ်ပေါင်း (၈၀) ကျော်နေပြီး ဖြစ်ပြီး ဂျာမန် ဇိမ်ခံကား ထုတ်လုပ်ရေးတွေ ဖြစ်တဲ့  ဘီအမ်ဒဗလူ၊ မားစီးဒီးတို့လို့  အကြီးဆုံး နာမည်ကျော် ကုမ္ပဏီထဲက တစ်ခု အပါအ၀င်ဖြစ်ပါတယ်။ နာမည်ကြီး ဗောက်စ်ဝဂွန် အုပ်စုထဲက ဖြစ်ပြီး ကမ္ဘာမှာ ရှိတဲ့ ယာဉ်တွေထဲက ၉ရာခိုင်နှုန်းလောက်ကို အော်ဒီက ထုတ်လုပ်လျက် ရှိပါတယ်။  အော်ဒီရဲ့စူပါကားတွေထဲမှာ အော်ဒီအာအိတ်ခ်ျလို့ခေါ်တဲ့ စပေါ့စ်ကား တစ်မျိုးကိုတွေ့၇မှာ ဖြစ်ပါတယ်။ နှစ်ယောက်စီး စပေါ့ကားတစ်မျိုးဖြစ်ပြီး ရိုစတာကားတွေလို့လည်း ခေါ်ကြပါတယ်။  လေးဘီးမောင်းစနစ်နဲ့သွားတာ ဖြစ်ပြီးစွမ်းဆောင်ရည်မြင့်ကားတစ်စီးပဲ ဖြစ်ပါတယ်။ အော်ဒီဘရန်ထဲမှာ  တံခါး (၃)ပေါက် Hatchback ကား၊ ၀က်ဂွန်ကား၊ ဆလွန်ကား၊ နှစ်ယောက်စီး coupe ကား၊ Sportback (5-door Hatchback)၊ ဇိမ်ခံ ဆလွန်းကား၊ SUV ကား တို့ကို တွေ့နိင်မှာ ဖြစ်ပါတယ်။