: သီးသန့် အကြံဥာဏ်ပေးထားသော

ဈေးနှုန်း မေးရန်

ရန်ကုန်

Aung Gabar Motor
  • အသစ်

Blue BAIC A315 2015 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start. ဘေးကင်းလုံ...

ဈေးနှုန်း မေးရန်

ရန်ကုန်

Aung Gabar Motor
  • အသစ်

Pearl white BAIC A315 2015 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start. ဘေး...

နောက်ဆုံးရလဒ်

မြန်မာပြည်က ပေကျင်း ကားများ (ဘီအေအိုင်စီ ကားများ)

BAIC for sale in Myanmar

ဘီအိုင်အေစီ ဟာ မြန်မာပြည် မှာလည်း အရောင်းစင်တာ ရှိနေပြီ ဖြစ်တဲ့ မော်တော်ယာဉ် ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ သူဟာ တရုတ် နိုင်ငံ အခြေဆိုက် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ၂၀၁၂ ခုနှစ်က စလို့ တည်ထောင်တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သက်တမ်း အားဖြင့် နုသေး ပေမယ့် ထုတ်လုပ်တဲ့ ကားများ ကတော့ မသေး ပါဘူး။ ဂျာမနီက မော်တော်ယာဉ် ပညာရှင်များ ပါဝင်ပြီး ကား များက မာစီဒီး နဲ့ အနီးစပ်ဆုံး တူတဲ့ အသွင် အပြင် များကို ယူထား ပါတယ်။ သူ့ကို တရုတ် မာစီဒီး လို့တောင် အမည်ပြောင် ပေးထား ပါ သေးတယ်။ အရည်အသွေး အပိုင်းမှာ ချို့ယွင်းချက် နည်းပါတယ်။ အကြောင်းကတော့ သူဟာ ဥရောပ နဲ့ အမေရိက ဈေးကွက် ကို တင်သွင်း ရောင်းချတဲ့ ကားများ ဖြစ်တာမို့ ဖြစ်ပါတယ်။ မြန်မာပြည် အရောက် များတဲ့ ဘီအိုင်အေစီ ကားများကို ရွေးချယ် ဖော်ပြ လိုက်ရ ပါတယ်။

 

မြန်မာပြည် မှာ အရောင်း အဝယ် ဖြစ်နေတဲ့ ဘီအိုင်အေစီ ကားများ

ဘီအိုင်အေစီ ကနေ ဆလွန်း ကား၊ ငါးပေါက် ကား နဲ့ မီနီဘတ်စ် တို့လို ကားမျိုး မြန်မာပြည် ဈေးကွက် ကို အရောက် များ ပါတယ်။ အားလုံးက ထူးခြားချက် အနေနဲ့ ၁၃၀၀ စီစီ ဝန်းကျင် ကားများ ဖြစ်နေလို့ ဖြစ်ပါတယ်။ ကုမ္ပဏီက ထုတ်တာက ၁၃၀၀ စီစီ အဖြစ်၊ ၁၈၀၀၊ ၂၀၀၀၊ ၂၅၀၀ စီစီ အစရှိသဖြင့် အင်ဂျင် အရွယ် အစား အမျိုးမျိုးနဲ့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ကား မော်ဒယ် ထဲမှာ ဆိုရင် ဘီအိုင်အေစီ အီး စီးရီး ထဲက E130 လို ကားမျိုး ရောက် ပါတယ်။ မာစီဒီးက E Class နဲ့ တူအောင် ကြိုးစား ထုတ်ထား ပါတယ်။ ဈေးကတော့ အတော်လေး သက်သာ ပါလိမ့် မယ်။ အင်ဂျင် အရွယ် ၁၃၀၀ စီစီ ဝန်းကျင် ရှိတဲ့ ယင်းကား ဟာ ၂၀၁၂ မော်ဒယ်၊ ၂၀၁၃ မော်ဒယ်၊ ၂၀၁၄ မော်ဒယ် အစရှိသဖြင့် အစားစား ဝင် ပါတယ်။ ဂီယာ ၅ ချက်ထိး အော်တို နဲ့ ရိုးရိုးကားများ ဖြစ်ပါတယ်။

 

BAIC for sale in Myanmar

နောက် တစ်မျိုး ကတော့ ဘီအေအိုင်စီ Wevan ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၁၃၀၀ စီစီ ရှိပြီး သူပြိုင်ဖို့ ကြိုးစားတဲ့ ကား ကတော့ တိုယိုတာ အဲလ်ဖတ် လို ကားမျိုး ဖြစ်ပါတယ်။ သူက လူ ၉ ဦးဆံ့ ကား ဖြစ်ပါတယ်။ ခရီးသွား လုပ်ငန်း တွေ အသုံးပြုဖို့ သင့်တော်တဲ့ ကားမျိုး ဖြစ်ပါတယ်။ ဈေးကတော့ သိန်း ၁၀၀ အောက်မှာ ပဲ ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီအေအိုင်စီ မှာ မာစီးဒီးက M Class ထုတ်သလို ပုံစံ အလားတူတဲ့ အက်စ်ယူဗီ ကားလည်း ထုတ်ပါ သေးတယ်။

 ဘီအိုင်အေစီ နှင့် မြန်မာပြည် ဈေးကွက်

 

ဘီအိုင်အေစီ ဟာ ဈေးသက်သာ ဇိမ်ခံကား နဲ့ အိမ်သုံး ကားများ ဆိုပြီးတော့ မြန်မာပြည် ဝင်ရောက် လာခြင်း ဖြစ်ပါတယ်။ ဒီတော့ ဈေးကွက် ရရှိမှုက ခန့်မှန်းလို့ မရသေး ပါဘူး။ အသစ် ဖြစ်တာက တစ်ကြောင်း၊ ဈေးသက်သာ တာက တစ်ကြောင်း ကြောင့်မို့ ဈေးကွက် မျက်စိ ကျနိုင်ကိန်း ရှိပါတယ်။ သို့ပေမယ့် မြန်မာ တို့ရဲ့ ကုန် အမှတ်တံဆိပ် အစွဲကြောင့်လည်း ရောင်းအား ကျသွား နိုင်ပါ သေးတယ်။ သေချာ ခန့်မှန်းလို့ မရနိုင် သေး ပါဘူး။ တစ်ပတ်ရစ် ဈေးကွက် ကနေ ဝယ်ယူမှုများ ရှိသလို အရောင်း စင်တာ ပြခန်း ကနေ တိုက်ရိုက် ဝယ်ယူ မှုများလည်း ရှိနေ ပါ တယ်။ Motors.com.mm ကနေလည်း ဘီအိုင်အေစီ ကားများကို စိတ်ကြိုက် ရွေးချယ် လေ့လာ စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင်ပါတယ်။

 

 

image source: www.autostream.org