: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 770 ညှိနှိုင်း

ရန်ကုန်

Friend Ship Car Showroom
  • 60,000 km

Black Cadillac SRX 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV,Push Start,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ

Cadillac များ

General Motor ထုတ်လုပ်သော Cadillac ဇိမ်ခံ ကားများ ဟာ ကမ္ဘာ တစ်လွှား ရေပန်းစား ကား များ ဖြစ်ပါ တယ်။ မြန်မာပြည်မှာလည်း ရှိနေပါပြီ။ မြန်မာ့ကားဈေးကွက်ကို ရောက် လာနိုင်ငံတဲ့ နည်းလမ်း နှစ်ခုတော့ အကြမ်းဖျင်းအားဖြင့် ရှိနေပါတယ်။ ဂျပန်လေလံဈေး မှတဆင့် သို့မဟုတ် အေးဂျင့်မှတဆင့် မှာယူနိုင်ပါတယ်။

Cadillac for sales in Myanmar Car Market

ဂျပန် လေလံ ကနေ လာတာဆိုရင် သာမန် ဂျပန်ကနေ တစ်ပတ်ရစ် ဝယ်တဲ့ထုံးစံအတိုင်း ပဲ ဖြစ်ပါ တယ်။ မြန်မာငွေနဲ့ တွက်ရင် သိန်း ၂၅၀ ဝန်းကျင်ပဲ ရှိပါတယ်။ ဒါက ၂၀၀၉ မော်ဒယ်လ် ဖြစ်ပါတယ်။ ဈေးနှုန်းက အတိအကျတော့ မဟုတ်ပါဘူး။ ခေတ်ကာလ အရ အပြောင်းအလဲ များစွာ ရှိပါတယ်။ ဈေးကျနိုင်ချေပဲ ရှိပါတယ်။ အင်ဂျင်ပါဝါ ကလည်း ၃ထောင်ကျော်မှာ ရှိတဲ့အတွက် မြန်မာပြည် အရောက် အခွန် များနဲ့ တွက်လိုက်ရင် သိန်း ၁ထောင်ထက်တော့ မပို ပါဘူး။ သိန်း ၈၀၀ ကတော့ အနည်းဆုံး ဖြစ် ပါတယ်။ အေးဂျင့် ကမှာပေးမယ်ဆိုရင်တော့ တစ်ပတ်ရစ်ကား မဟုတ်ပဲ ဘရန်ဒီကား လည်း ဖြစ်တဲ့အတွက် ဈေးက သာမန် အမေရိကန် နိုင်ငံသားတွေ ဝယ်တဲ့ ဈေးအပြင် ထပ်ပေါင်းပေး ရတာမျိုးလည်း ရှိပါအုံးမယ်။ အနည်းဆုံးကတော့ သိန်း ၁၀၀၀ ပဲ ဖြစ်ပါတယ်။

ဆီစားကြီးတဲ့ ကားများ

သာမန် ကားဝယ်တဲ့ သူများ ကတော့ ဆီစားကြီးလို့ မဝယ်ပါ ဘူး။ ငွေပိုနေတဲ့ ဇိမ်ခံကား ခရေဇီများ ကတော့ ဝယ်စီးပါ တယ်။ မြန်မာပြည် လမ်းပေါ် မှာလည်း တွေ့နေရပြီ ဖြစ်ပါတယ်။ သို့ပေမယ့် ၂၀၀၇ ထက်မကျော်တဲ့ မော်ဒယ် Cadillac CTS ကို ဂျပန် လေလံမှာ တွေ့ရင်တော့ သာမန် ဂျပန်ကားဝယ် သလိုပဲ ကုန်ကျမှာ ဖြစ် ပါတယ်။ သိန်း ၅၀၀ ထက်တောင် နည်းနိုင် ပါတယ်။ သို့ပေမယ့် Cadillac ဟာ ဂျပန်လေလံဈေး ကွက်မှာ တကယ့်ရှားပါး ကားဖြစ်နေပါတယ်။

အဓိက ကတော့ တံဆိပ်ကြောင့် ဈေးကြီးပုံရပါတယ်။ အတွင်းမှာ ပါဝင်တဲ့ ပစ္စည်း က အခြားမော်ဒယ်မြင့် ကား များထက် မပိုပါဘူး။ ၂၀၀၇ မော်ဒယ်အထက် မှာတောင် အတွင်း LCD တီဗီက ကိုယ်တိုင်ဝယ်တတ် ရတာမျိုး ဖြစ်ပါတယ်။ ၂၀၀၂ ခုနှစ်ကနေ ၂၀၀၇ ကြားက ပထမမျိုးဆက်၊ ၂၀၀၇ အထက်က ဒုတိယမျိုးဆက် ဖြစ်ပါတယ်။ ဒီဇိုင်းက အဓိက ကွဲပြားတဲ့ ထူးခြားချက်ဖြစ်ပါတယ်။ တံခါး နှစ်ပေါက် coupe, တံခါးလေးပေါက် sport ဆလွန်း၊ တံခါး ၅ပေါင် စတေရှင် ဝက်ဂွန် ဆိုပြီး သုံးမျိုးခွဲထုတ်ထားပါတယ်။ လက်ရှိမြန်မာပြည်မှာတော့ ဆလွန်း တွေ့ရပါတယ်။

Cadillac cars for sales in Myanmar

ပထမ မျိုးဆက်ထက် သာသွားတဲအပိုင်းက ကားရှေ့ ပိုင်း ဒီဇိုင်းနဲ့ အသုံးပြုတဲ့ သတ္တု ဖြစ်ပါတယ်။ Safety အသားပေး တဲ့အတွက် ရှေ့ ပိုင်း ပိုမာလာပြီး အင်ဂျင်ပါဝါ လည်း ထပ်မြင့်ထားပါတယ်။ ၂၀၀၂ အထက်မှာ တုန်းက ၂၆၀၀ စီစီ အရွယ်ရှိတဲ့ ပစ်စတင် ၆လုံးပူး V အင်ဂျင်အ သုံးပြုခဲ့ပါတယ်။ ၂၀၀၇ အထက်မှာတော့ အနည်းဆုံး ၃၀၀၀ စီစီ ဖြစ်ပါတယ်။ အများဆုံး ၆၂၀၀ စီစီ အင်ဂျင် တောင် ထုတ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်နိုင် တဲ့ မြင်းကောင်ရေအားက ၂၇၀ ထက်ပိုပါတယ်။ ၆၂၀၀ စီစီမှာဆိုရင်မြင်းကောင်ရေ ၅၅၀ အထက်မှာ ရှိပါတယ်။ ကားက Mid size Lux ဖြစ်ပါတယ်။ top speed- အမြန်ဆုံး ၁၅၀ အထက်ဖြစ်ပါတယ်။ CTS-V versionဆိုရင် တစ်နာရီ မိုင် ၂၀၀ နားကပ်တဲ့အတွက် ကမ္ဘာ့အမြန်ဆုံး ကားများ စာရင်းထဲတောင် Cadillac ဇိမ်ခံကားက ပါဝင်ပါသေးတယ်။

ထောက်ပံ့ ထားတဲ့ နည်းပညာ များ

အဲယားကွန်း၊ လေအိတ်၊ ပါဝါဝင်းဒိုး၊ စမတ်ကီး၊ ရေဒီယို၊ စတာတွေအပြင် Navigation device, LCDတီဗီ၊ GPS, စပီကာ၊ Woofer, DVD player, Audio system, LED မီးလုံး၊ iPod ထိုး အသုံးပြုနိုင်သော အော်ဒီယိုစနစ် စတာတွေအပြင် အခြား ဇိမ်ခံ ပစ္စည်း များလည်း ပါဝင်ပါ တယ်။ အီလက်ထရောနစ် ပစ္စည်းတော်တော်များများ စုံစုံလင်လင် ပါရှိပါတယ်။ ကားငြိမ်အောင် ထိန်းပေးမယ့် Stability control, traction control တို့က Safety ပိုင်းမှာ အားဖြည့်ထားပါတယ်။

Cadillac  for sale in Myanmar

တံခါးလေးပေါက် ဆလွန်းကား ဆိုရင် အရှည် ၁၉၁.၆ လက်မ၊ အကျယ် ၇၂.၅ လက်မ၊ အမြင့် ၅၈ လက်မ အရွယ်အစားရှိပါတယ်။ ဂီယာ ၆ချက်ထိုး ရိုးရိုးနဲ့ အော် တို နှစ် မျိုး တွေ့မြင်နိုင်ပါ တယ်။ နောက်ဘီးမောင်းစနစ် ကားနဲ့ လေးဘီးမောင်း စနစ်ကားဆိုပြီး ထုတ်လုပ်ထား ပါတယ်။ ဓာတ်ဆီ စားတဲ့ အင်ဂျင်ကိုအသုံးပြု ထားပြီး လေးဘီးစနစ်မှာ အကုန် အကျ များနိုင်ပါတယ်။ ၂၀၀၇ မော်ဒယ် အထက် သိန်း ၁ထောင်အောက် ရှိတဲ့ ဂျပန်လေလံအောင် CTS မကြိုက်ရင်လည်း သိန်း ၁ထောင် အထက် ပရီမီယံ Cadillac များကို မှာယူ စီးနိုင်ပြီ ဖြစ် ပါတယ်။

အခြား Cadillac များ

သူကနေ ခွဲထွက်တဲ့ STS ကားများလည်း လေလံထဲမှာ ရှိနေတတ် ပါသေးတယ်။ ဒါ့အပြင် Cadillac DTS, XTS တို့လို ကားများ ရှိပြီး Escalade တို့လို အက်စ်ယူဗီ ကားများ ကိုလည်း မြန်မာပြည်မှာ မှာယူ ဝယ်စီး နေကြ ပါပြီ။ ကယ်ဒဲလစ် ကို ဝယ်ယူဖို့ အတွက် လေလံ ဈေးကွက် ကနေ ဝယ်ယူ ရရှိ နိုင်သလို၊ မြန်မာပြည်တွင်း အရောင်း စင်တာ တွေကနေလည်း ဝယ်ယူ နိုင်ပါတယ်။ အသစ် စီးချင် သပ ဆိုရင်တော့ အေးဂျင့် တွေကနေ အမေရိကန်နိုင်ငံမှ တိုက်ရိုက် မှာယူ နိုင်ပါတယ်။ motors.com.mm ကနေ ကယ်ဒဲလစ် အသစ် အဟောင်း အစုံအလင် ကို ရှာဖွေ စုံစမ်း ဝယ်ယူ နိုင်ပါတယ်။