: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်

ချဗိုလတ် ကားများ

Chevrolet for sale in Myanmar Car Market

အမေရိကန် ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်တဲ့ ချဗိုလတ်ကားတွေကို စွမ်းဆောင်ရည် မြင့်မားတဲ့ ကားတွေ အလယ်မှာ အများဆုံးတွေ့ရမှာ ဖြစ်ပြီး ချဗိုလတ် ကားကုမ္ပဏီဟာဆိုရင်  ဂျနရယ် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ လက်အောက်က ကုမ္မဏီ ဖြစ်ပြီး အမေရိကန်မှာ အခြဆိုက် ပါတယ်။ ပြည်တွင်းမှာ လည်း တရားဝင် အရောင်းစင်တာတွေကို လာရောက်ဖွင့်လှစ်ထားပြီး ကား အရောင်း စင်တာ က ကမာရွတ် မြို့နယ် လှည်းတန်း မီးပွိုင့် လမ်းဆုံမှာပဲ တည်ရှိတာ ဖြစ်ပါတယ်။ အရင်က ပြည်မြန်မာ ကုန်တိုက် နေရာမှာ ကား အရောင်းစင်တာ အဖြစ် ပြောင်းလဲ ဖြစ်တည် လာခြင်း ဖြစ်ပြီး လူအစည်အကားဆုံး နေရာမှာ တည်ရှိနေခြင်း ဖြစ်ပါတယ်။ ဌင်း အရောင်းစင်တာမှာ ဆိုရင်တော့  အက်စ်ယူဗီ ကား ၊ ပစ်ကပ် နဲ့ မာဆယ် ကား ၂ မျိုးပဲ ရှိပါတယ်။ ပစ်ကပ်မှာ ဝင်ရောက် လာတာ ကတော့ ချဗိုလတ် ကော်လိုရာဒို ဖြစ်ပြီး မာဆယ်ကား (အကြမ်းစီး ပြိုင်ကား) မှာတော့ ချဗိုလတ် ကမ်မရိုး ဖြစ်ပါတယ်။ အမေရိကန်ထုတ်ကားတွေဟာမြန်မာ့ကား လောက မှာ ဖော့စ် ဖော့စ် နဲ့ ဟမ်းမား ကို ပဲလူတွေတော်တော်များသိပါတယ်။ ချဗိုလတ်ဝင်လာတော့ အမေရိနိုင်ငံထုတ်ကား ထုတ်ကားကို ကြိုက်တဲ့ သူများအတွက် ရွေးချယ်စရာအပိုတစ်ခုဖြစ်လာပါပြီ။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

စပေါ့စ်ကား အမျိုးအစား တစ်မျိုးဖြစ်တဲ့ ချဗိုလတ် ကန်မာအိုရဲ့ ကိုဆိုရသော် စူပါ ချာဂျာ ဖြစ်တဲ့ အလူမီနီယံ၆၂၀၀ စီစီ အင်ဂျင် ကိုသုံးပြီး ဆလင်ဒါအားဖြင့်ဗီ 8 ဖြစ်ပြီး မြင်းကောင်ရည်အား ၅၈၀ ကို ထုတ်ပေးနိုင်ပါတယ်။  ချဗိုလတ်  ခရုစ့်တွေကတော့ အင်ဂျင် ၁၃၀၀ စီစီနဲ့ ၁၅၀၀ စီစီမှာ လာပါတယ်။ ထိုအတွက် ပြည်တွင်းနဲ့ ကိုက်ညီမှာ ဖြစ်ပါတယ်။ ချဗိုလတ် အမ်ဒဗလျူလေးတွေကျတော့ ၁၃၀၀ စီစီ ဖြစ်ပြီး ဈေးချိုတဲ့ အတွက် ပြည်တွင်းမှာ အရောင်းသွက်တာ ဖြစ်ပါတယ်။ ထရပ်ကား အမျိုးအစား ဖြစ်တဲ့ ကော်လိုရာဒိုတွေ ရဲ့ Chevrolet for saleနည်းပညာကတော့ ပိုင်ဆိုင်သူရဲ့ လူနေမှု စတိုင်ကို  ပြည့်စုံစေပြီး အခြား အရာတွေနဲ့ ချိတ်ဆက်ပေးပါတယ်။  ၈ လက်မရှိတဲ့ ကာလာ တက်ရှ်စခရင်၊ မာတီး ယူအစ်ဗီး ဒရှိက်စ်နဲ့ လေအိတ် (၆) လုံး၊ ခေါင်းလုံခြုံရေး အတွက် လေအိတ်များ၊ ကြီးမားနဲ့ ရီဗျူးမှန်များ၊ အနောက်ကြည့် ကင်ရာ၊ တောင်ကုန်း တက်အကူ စတဲ့ နည်းပညာများစွာကို ထောက်ပံပါဝင်ထားပါတယ်။

ပြည်တွင်းက နာမည်ရှိ ချာဗိုလတ်မော်ဒယ်များ

Chevrolet Colorado ဟာ အငယ်ဆုံး အင်ဂျင် အရွယ်က ၂.၅ လီတာ ရှိပြီး အကြီးဆုံးက ၅.၃ လီတာ ရှိပါတယ်။ ဆီ အတော်လေး စားတဲ့ ကား ဖြစ်ပြီး ဂီယာ ၅ ချက်ထိုး ရိုးရိုး နဲ့ ဂီယာ ၄ ချက်ထိုး အော်တို ဆိုပြီးတော့ ၂ မျိုး ခွဲခြား ထုတ်လုပ် ထား ပါတယ်။ ဒီနောက်ပိုင်း ထုတ်တွေက တော့ အင်ဂျင် သေးတဲ့ ဘက်ကိုသာ ဦးတည် ပြီးတော့၂.၈ လီတာက အင်ဂျင် အကြီးဆုံးထိ ဖြစ်လာ ပါတယ်။ အကြောင်း ကတော့ တစ်ကမ္ဘာလုံး ဟာ ဆီစား သက်သာတဲ့ မော်တော်ယာဉ် လောက သို့ ဦးတည်နေလို့ ဖြစ်ပါတယ်။ လုပ်ဆောင်ချက် ကတော့ ကျ မသွား ပါဘူး။ လေးဘီးမောင်း အကြမ်းသုံး ကား ဖြစ်ပြီး နောက်ဘက်မှာ ကုန်ပစ္စည်း တင်ဖို့ အပြင် သံအမိုး တပ်လိုက်ရင် အက်စ်ယူဗီ တစ်စီးနီးနီး ပုံစံ ထွက်ရှိမှာ ဖြစ်ပါတယ်။

ကမ္ဘာကျော် Transformer ရုပ်ရှင် ဇာတ်လမ်းတွေထဲမှာ အမြဲ ပါဝင်တဲ့ ပင်မ ဇာတ်ကောင်း ကားဝါ ကို လူတိုင်း သိပါတယ်။ အဲ့ဒါကို Chevrolet Camaro လို့လည်း အားလုံး သိထားတာ ကြောင့် မြန်မာပြည်ကို ကမ်မရိုး ရောက်လာတဲ့ အချိန် စိမ်း မနေတော့ ပါ့ဘူး။ အင်ဂျင် အရွယ်အားဖြင့် ၅၀၀၀ စီစီ အထက် ရှိပြီး အမြန်ပြေး ပြိုင်ကား တစ်မျိုးပဲ ဖြစ်ပါတယ်။ သူက ပြိုင်ကား အမျိုးအစား မဟုတ် ပါဘူး။ Muscle Car ဖြစ်ပါတယ်။ ကြွက်သား ကားလို့ ဘာသာပြန်လို့ မရ ပါဘူး။ သူကတော့ အကြမ်းခံပြီး မြို့တွင်း ခရီးဝေး၊ ခရီးသွားနိုင်တဲ့ ကား ဖြစ်ပါတယ်။ အခြား ချဗလတ်များအနေဖြင့်  ချဗလတ်မှာ အထက်က ဖော်ပြတဲ့ ပစ်ကပ်နဲ့ မာဆယ် ကား အပြင် အခြားသော ကားများလည်း ရောက်ရှိ ပါတယ်။

ပြည်တွင်းမှာ တွေ့ရတဲ့ ရောင်းချနေတဲ့ ချဗိုလတ်ကားများ အနေနဲ့ ချာဗိုလတ်  ခပ်ပတီဗာ ကွန်ပတ် အစ်ယူဗီကား၊ ကော်လိုရာဒို ထရပ်ပစ်ကား၊ ကန်မာအို စပေါ့စ်ကား၊ မိသားစုစီး အငယ်စား ကွန်ပတ် ခရုစ့်ကားများကို တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးသက်သာတဲ့ အထဲကအနေနဲ့ ချာဗိုလတ်  အမ်ဒဗလျူကားတွေကို တွေ့ရပါတယ်။ အသစ်တွေဝယ်ယူမယ်ဆိုလျှင် ၂၀၁၃ ၊ ၂၀၁၄ လောက်ကို ရရှိမှာ ဖြစ်ပြီး ဈေးက အက်စ်ယူဗီကားတွေမှာ ဆိုလျှင် ကျပ်သိန်း ၆၆၀ မှာ ရှိပြီး စပေါ့ကားတွေ ဖြစ်တဲ့ ကန်မာအိုဆိုလျှင် ကျပ်သိန်း ၁၇၅၀ လောက်မှာ ရှိပါတယ်။ ကား အသစ်တွေကို ရရှိမှာ ဖြစ်ပါတယ်။

Chevrolet for sale

ပြည်တွင်းက ၀ယ်ယူရရှိနိုင်ပုံ

၁၃၀၀ စီစီ ဖြစ်တဲ့ မီနီ ချဗိုလတ်  အမ်ဒဗလူကား အပြင် ပြည်တွင်းမှာ စပေါ့စ်ကား ကန်မာအို ၊ ထရပ် ပစ်ကပ်ကားဖြစ်တဲ့ ကော်လိုရာဒို ၊ အက်စ်ယူဗီ ကားအသေးစား တစ်မျိုး ဖြစ်တဲ့ ချဗိုလတ် ကပ်တီးဗာ စတဲ့ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းရှိ ချာဗိုလတ်ရဲ့ ရိုးရွန်တွေမှာ ၀ယ်နိုင်မှာ ဖြစ်ပါတယ်။

ချာဗိုလတ်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ

ချာဗိုလတ် ကော်လိုရာဒိုတွေကို ကြံခိုင်ပြီး ကြီးမားတဲ့ သန့်စွမ်းတဲ့ ပစ်ကပ် ထရပ်တွေကဲ့သို့သော အမျိုးအစားနဲ့တွေ့ရမှာ ဖြစ်ပါတယ်။ ဌင်းကားတွေကို အမေရိကန် ဂျီအမ်ကနေ ဈေးကွက်တည်ထားခဲ့တာ ဖြစ်ပါတယ်။ ပုံမှန် လူစီးအခန်းပါရှိတဲ့ ကားအမျိုးအစား အပြင် တံခါးလေးပေါက် အခန်းတစ်ခန်းပိုတဲ့ လူစီးပစ်ကပ်နဲ့ အခြားပုံစံကွဲတွေကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ရှေ့အင်ဂျင်၊ နောက်ဘီးယက်တွေ ဖြစ်ပါတယ်။ ၂၀၀၄ ကနေ ၂၀၁၂ ထိကို ထုတ်တဲ့ ပုံစံတွေက  အရှေ့မီးလုံး နှစ်ထပ်နဲ့ ဖြစ်ပြီး ရှေ့မီးလုံး လေးလုံးကို တွေ့ရမှာ ဖြစ်ပါတယ်။  ဝယ်ယူ မှုကတော့ အသစ်တွေ ဝယ်ကြသလို၊ အဟောင်းတွေလည်း ဝယ်ပါတယ်။ အဟောင်း တွေ ဝယ်တာ ကတော့ ဈေးသက်သာလို့ ဖြစ်ပါတယ်။ မော်ဒယ်နိမ့်ထဲမှာ ဆိုရင် အဟောင်းကိုပဲ ပြန်ဝယ် ကြပြီး ဝက်ဂွန်ကား၊ ဆလွန်းကား အပြင် အခြားသော အမျိုးအစား များစွာ ဝယ်ယူ ပါတယ်။