: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်

ပြည်တွင်းက ဖို့ဒ်ကားများ

Ford Focus for sale in Myanmar Car Market

ဖိုဒ့်ကားတွေဟာ ပြည်ပမှာ နာမည်ရ ဘရန်တစ်ခု ဖြစ်သည့်နည်းတူစွာ ပြည်တွင်းကိုလည်း ထိုးဖောက် ၀င်ရောက်လာခဲ့ပါတယ်။  မကြာသေးခင်က ပြည်တွင်းကို ဘရန်နယူးတွေ ရောက်ချတဲ့ ရိုးရွန်တွေ ၀င်ရောက်လာခဲ့ပြီး ၀ယ်ယူရောင်းချမှုအနေနဲ့  ဖိုဒ်အမျိုးအစားတွေထဲက ဆီဒန်၊ အက်ယူဗီ၊ ပစ်ကား စတဲ့ကားတွေကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ တစ်ပတ်ရစ်တွေထဲမှာလည်း အများဆုံး ၀ယ်ယူကြပါတယ်။ ကျန်တဲ့ တိုယိုတာ တို့လို ဂျပန်ကားတွေထက် စာလျှင်တော့ ပြည်တွင်းမှာ ယာဉ်အစီးရေက နည်းပါးပါတယ်။ ဖိုဒ့်  ဖီအယ်စတာ၊  ဖိုဒ့် အိတ်ခ်ျပလိုရာတို့လို ကားတွေကို  ၀ယ်ယူစီးနင်းမှုတွေမှာ တွေ့နိုင်ပါမယ်။ ဖို့ ရိမ်ဒ်ဂျာတို့လို ပစ်ကပ်ကားတွေကိုလည်း တွေ့ရပါမယ်။

ဖိုဒ့်ကား ကုမ္ပဏီဟာ အမေရိက မာတီးအော်တို မိုဘိုင်း ကုမ္ပဏီ တစ်ခု ဖြစ်ပြီး မီချီဂမ် ပြည်နယ်မှာ တည် ရှိပါတယ်။ ၁၉၀၃ ခုနှစ်လောက်မှာ စတင် ခဲ့ပြီး  ဌင်း ကုမ္ပဏီဟာ ဖို့ဒ် ဘရန်ရဲ့အောက်မှာ  မော်တော်ကားနဲ့ လုပ်ငန်းသုံးယာဉ်တွေကို ထုတ်ပါတယ်။  တော်တော်များများသော ဇိမ်ခံကားတွေကိုတော့ လင်ကွန်းဆိုတဲ့ တံဆိပ်အောက်မှာ ထုတ်ပါတယ်။ ဖိုဒ့်ကပဲ တစ်ခြား နာမည်နဲ့ ဘရာဇီးမှာ ကားတွေကို ထုတ်လုပ်နေပါသေးတယ်။ ဂျပန်က မာစတာ ဘရန်ရဲ့ ၂ ရာခိုင်နှုန်းကျော်ကျော်ကိုလည်း ဖိုဒ့်က ပိုင်ပါတယ်။ အမေရိကရဲ့ အကြီးဆုံး မော်တော် ထုတ်လုပ်သူ ဖြစ်ပြီး ကား အစိတ်အပိုင်းတွေကိုလည်း ထုတ်လုပ်ပါသေးတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

Ford Taurus for sale

ဖို့ဒ်ရိမ်းဂျာ များဟာ စွမ်းဆောင်ရည်ပြည့်ဝတဲ့ကားတွေ ဖြစ်ပြီး လမ်းကြမ်းတွေမှာ ကောင်းကောင်းသုံးနိုင်တဲ့ကားတွေ ဖြစ်ပါတယ်။ ၂၀၁၁ နဲ့ ဌင်းနောက်ပိုင်းဖြစ်တဲ့ ဖို့ဒ် ရိမ်းဂျာ T6 တွေမှာ  အင်ဂျင်ပါဝင် (၃) မျိုးလောက်ရှိပါတယ်။ ၂၅၀၀ စီစီမှာ ဓာတ်ဆီ၊ ၂၂၀၀ စီစီမှာ ဒီဇယ်၊ ၃၂၀၀ စီစီမှာ ဒီဇယ်စတဲ့ အင်ဂျင်တွေ ဖြစ်ပါတယ်။ ဂီယာမှာ အော်တို ၆ ချက် ဂီယာတွေ ဖြစ်ပါတယ်။ မန်နျူးယယ် ၅ ချက်၊ ၆ ချက်ကားတွေကိုလည်း ရနိုင်ပါတယ်။  ဖို့ဒ် ရိုမ်းဂျာ အသစ်တွေမှာ အင်ဂျင် (၃) မျိုးရရှိသလို  ၂၅၀၀ စီစီ ဓာတ်ဆီ အင်ဂျင်တွေဟာ  ၁၂၂ ကီလိုဝပ်ကို ထုတ်ပေးနိုင်ပြီး ဌင်းမှာ မန်နျူးယ်ယာ ဂီယာ (၅) ချက်ပါရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၂၀၀စီစီ ရှိတဲ့  ဒီဇယ် အင်ဂျင်တွေကတော့  ဂီယာ ၆ချက်ဖြစ်တဲ့ မန်နျူးယယ်နဲ့ အော်တိုဂီယာတွေမှာ လာပါတယ်။ ၂၀၁၁ နဲ့ နောက်ပိုင်းဖြစ်တဲ့ မော်ဒယ်တွေဟာ မော်ဒယ်မြင့်သွားတဲ့ အတွက်ကြောင်းဌင်းမှာ အရင် ဖို့ဒ်မော်ဒယ်တွေထက် အများကြီး နည်းပညာပိုင်းမှာ ပိုမိုပြီး အားသာချက်တွေ ရှိလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လျှပ်စစ် တည်ငြိမ်မှု ထိန်းချုပ်မှု၊ (ဌင်းထိန်းချုပ်မှုကတော့  ယာဉ်ရဲ့ ထိန်းချုပ်မှု ကို လမ်းမရွေးမှာ ပိုမိုကောင်းမွန်စေရန်နဲ့ ပိုပြီး လုံခြုံစေဖို့ ပေးစွမ်းမှာ ဖြစ်ပါတယ်။ လမ်းမရွေးကားတွေ ဖြစ်တဲ့အတွက် တောင်ကုန်းတက်ရာနဲ့ ဆင်းရာမှာ ကူညီမှု အကူ စနစ်တွေလည်း ပါဝင်ပါသေးတယ်။ အခြား အစိတ်အပိုင်းတွေ များစွာပါဝင်ပါသေးတယ်။ လီတာ ၈၀ ထည့်နိုင်တဲ့ ဆီတိုင်ကီလည်း ပါဝင်ပါသေးတယ်။

ပြည်တွင်းမှာ ကျော်ကြားတဲ့ ဘရန်နယူးကားများ

Ford Everest for sale

ပြည်တွင်းမှာ ရှိုးရွန်တွေကနေ ရရှိနိုင်တဲ့ကားများ အနေနဲ့ ဖိုဒ့်၊ ဖီအယ်စတာ၊ ဖိုဒ့် ဖို့ကပ်၊ ရိမ်ဒ်ဂျာ၊ အက်စ်ယူဗီကားတွေထဲမှာ ဆိုလျှင် အီဗာရပ်စ်၊ အိတ်ခ်ျပန်ဒီရှင်း စတဲ့ကားတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဗန်ကား ဆိုဒ်တွေ ဖြစ်တဲ့ ထရမ်စစ်ကားတွေကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။  ရိမ်ဒ်ဂျာတွေဆိုရင် Single cab, double cab, Extra cab စတဲ့ အကွဲများ ရှိပြီး  Double ကပ်ကတော့အနည်းငယ်ပိုပြီး ဈေးကြီး နိုင်ပါတယ်။ ဈေးနှုန်းအနေနဲ့ ၄၈၅ သိန်း လောက်ရှိမှာ ဖြစ်ပါတယ်။ ဌင်းတို့ကတော့ ပစ်ကပ် ထရပ်ကားတွေ ဖြစ်ပြီး အင်ဂျင် ၂၂၀၀ စီစီကနေ စထားပါတယ်။  အော်တို ဒီဇယ်၊ လေးဘီးမောင်း စနစ်တွေ ဖြစ်ပါတယ်။ နောက်ထပ် ပေါ်ပြုလာ ကားတစ်မျိုး ဖြစ်တဲ့ စူပါ မီနီကားတွေကိုလည်း တော်တော်များများ တွေ့နိုင်မှာ ဖြစ်ပါတယ်။  ဌင်းကတော့ ၁၀၀၀ စီစီကနေ ၁၆၀၀ စီစီ ထိရှိပါတယ်။ ၁၄၀၀ စီစီမှာ ဒီဇယ်ရှိပါတယ်။  ဌင်းကားအမျိုးအစားမှာတော့ နှစ်ဘီးမောင် စနစ်ကိုသာ ရရှိမှာ ဖြစ်ပါတယ်။

ဖို့ဒ် ရိမ်ဒ်ဂျာများကိုဖော်ပြရသော  ဌင်း ရိမ်ဒ်ဂျာများမှာ Single cab, Double cab, Extra cab တွေ ရှိပါတယ်။ Double cab ဆိုလျှင် တံခါးလေးခု ပါရှိပြီး ကျန်တဲ့အမျိုးအစားတွေကတော့ တံခါး နှစ်ပေါက်ပါပဲ။  နောက်ဘီးမောင်း၊ လေးဘီးမောင်းတို့ကို ရွေးနိုင်မှာ ဖြစ်ပြီး ပြည်တွင်းရရှိနိုင်တဲ့ရိုးရွန်တွေက ရိမ်ဒ်ဂျာတွေ အနေနဲ့ လေးဘီးမောင်း စနစ်၊ ဒီဇယ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ပစ်ကပ် ထရပ်ကားတွေ ဖြစ်တဲ့ အတွက် ဘီးအမြင့်ကားပုံစံကို တွေ့ရမှာ ဖြစ်ပြီး နောက်ခန်းက ပစ္စည်းတင်ဖို့ကို နေရာပါရှိပါတယ်။ အတွင်းခန်းက လည်း ဒီဇိုင်း ဆန်းပါတယ်။ နောက်ပိုင်း အသုံးများလာမဲ့ကား အနေနဲ့လည်း တွေ့ရပါတယ်။ လေးဘီးမောင်းတွေကို ရနိုင်တဲ့အတွက် နယ်ဖက်ဒေသနဲ့ တောင်တန်းဒေသ ပြည်နယ်မှာ အ၀ယ်လိုက်လာနိုင်ပါမယ်။ ယခုလောလောဆယ်ဌင်းရဲ့ ဈေးကတော့  ဘရန်နယူး ၂၀၁၄ ခုနှစ်မော်ဒယ်တွေကို သိန်း ငါးရာ နီးပါး ရှိနေပြီး ဘ၇န်နယူးထက်စာလျှင်  တပတ်ရစ်တွေကို ၀ယ်ယူလာနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ရရှိနိုင်တဲ့ ဖို့ဒ်ကားများ

Ford Mondeo for sale

ယခုလက်ရှိ ပြည်တွင်းမှာ ဖို့ဒ်ရဲ့ တရားဝင် ရိုးရွန်တွေလည်း ဖွင့်လှစ်ထားပြီး ဘရန်နယူး အသစ်တွေကို ရောင်းချပေးလျက်ရှိပါတယ်။ ပြည်တွင်းမှာ ရှိုးရွန်တွေကနေ ရရှိနိုင်တဲ့ကားများ အနေနဲ့ ဖိုဒ့်၊ ဖီအယ်စတာ၊ ဖိုဒ့် ဖို့ကပ်၊ ရိမ်ဒ်ဂျာ၊ အက်စ်ယူဗီကားတွေထဲမှာ ဆိုလျှင် အီဗာရပ်စ်၊ အိတ်ခ်ျပန်ဒီရှင်း စတဲ့ကားတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဗန်ကား ဆိုဒ်တွေ ဖြစ်တဲ့ ထရမ်စစ်ကားတွေကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။  ရိမ်ဒ်ဂျာတွေဆိုရင် Single cab, double cab, Extra cab စတဲ့ အကွဲများ ရှိပြီး  Double ကပ်ကတော့အနည်းငယ်ပိုပြီး ဈေးကြီး နိုင်ပါတယ်။

ဖို့ဒ် ဘရန်ရဲ့ စိတ်ဝင်စားစရာ ကားမော်ဒယ်များ

ဖို့ဒ်ကား ဘရန်ဟာ ဌင်းဘ၇န်အတွင်းရှိ အချို့သောကားတွေရဲ့ မြင့်မားတဲ့ ကားအရှိန်နှုန်း၊ နဲ့ကောင်းမွန်မှုတွေကြောင့်  ကမ္ဘာ့ဈေးအကြီးဆုံး ကားစာရင်းတွေထဲမှာ ပါဝင်တဲ့ကားတွေကို ထုတ်လုပ်နေတဲ့ ဘရန်တစ်ခု ဖြစ်ပါတယ်။ အဆင့်မြင့်ကား၊ တန်ဖိုးကြီးများကို တွေ့ရမှာ ဖြစ်ပြီး ရှေးဟောင်း တန်ဖိုးကြီးကားများကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ပြိုင်ကား အမျိုးအစားတစ်ခု ဖြစ်တဲ့ ဖို့ဒ် GT Geigercars HP 790 ကားအမျိုးအစားကို ဖော်ပြရသှောဌင်းမှာ နောက်ဘီးယက် စနစ်ဖြစ်တဲ့ ၅၄၀၀ စီစီရှိတဲ့ V 8 အင်ဂျင်ကို အသုံးပြုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အမြန်ဆုံးနှုန်းတစ်ခု ဖြစ်တဲ့ တစ်နာရီ ကီလိုမီတာ ၃၆၀ ကို မြင်းကောင်ရေအား ၂၂၄ နဲ့ ပြေးနိုင်တဲ့ ကားတွေ ဖြစ်ပြီး ၀သုညမိုင်ကနေ ကီလိုမီတာ တစ်ရာကို ၃.၆ စက္ကန့်အတွင်းပြေးနိုင်တဲ့ အင်ဂျင်မျိုးကို ပိုင်ဆိုင်ထားပါတယ်။