: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

Lks 235 ညှိနှိုင်း

ရန်ကုန်

Ford Myanmar
  • အသစ်

Ford Ranger Single Cab 2016 မော်ဒယ် ( Special Promotion, selling at USD 20250 at the exchange rate of 1162.72. Price can be changed due to the exchange rate. )  ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီး...

ပရီမီယံ

Lks 244 ညှိနှိုင်း

ရန်ကုန်

Ford Myanmar
  • အသစ်

Ford Ranger Single Cab 2016 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Original TV,Push Start,Power Locks,Power Steering. ဘေးကင်းလုံခြုံမှုစနစ်မ...

Lks 29,800,000

ရန်ကုန်

Actservices19 Actservices19
  • 62,000 km

Selling 2014 Ford Ranger 4x4 Below Market Price Approx 63,000 Kilometers Yangon registration, license and inspection (insp due next April 2018) No need to pay 30% tax !!! Upgrades: (Approx $9,00...

နောက်ဆုံးရလဒ်

ပစ်ကပ် ဖို့ဒ် ရိုမ်းဂျာများ

Ford Ranger for sale in Myanmar Car Market

ဖို့ဒ် ရိုမ်းဂျာတွေဟာ ပြည်တွင်းမှာ နောက်ပိုင်း တစ်စတစ်စ အသုံးများလာကြတဲ့ ဘရန်တစ်မျိုးဖြစ်ပါတယ်။ ယခုလက်ရှိ ပြည်တွင်းမှာ ဖို့ဒ်ရဲ့ တရားဝင် ရိုးရွန်တွေလည်း ဖွင့်လှစ်ထားပြီး ဘရန်နယူး အသစ်တွေကို ရောင်းချပေးလျက်ရှိပါတယ်။ ပြည်တွင်းမှာ ရှိုးရွန်တွေကနေ ရရှိနိုင်တဲ့ကားများ အနေနဲ့ ဖိုဒ့်၊ ဖီအယ်စတာ၊ ဖိုဒ့် ဖို့ကပ်၊ ရိမ်ဒ်ဂျာ၊ အက်စ်ယူဗီကားတွေထဲမှာ ဆိုလျှင် အီဗာရပ်စ်၊ အိတ်ခ်ျပန်ဒီရှင်း စတဲ့ကားတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဗန်ကား ဆိုဒ်တွေ ဖြစ်တဲ့ ထရမ်စစ်ကားတွေကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။  ရိမ်ဒ်ဂျာတွေဆိုရင် Single cab, double cab, Extra cab စတဲ့ အကွဲများ ရှိပြီး  Double ကပ်ကတော့အနည်းငယ်ပိုပြီး ဈေးကြီး နိုင်ပါတယ်။

ဖို့ဒ် ရိမ်ဒ်ဂျာများမှာ Single cab, Double cab, Extra cab တွေ ရှိပါတယ်။ Double cab ဆိုလျှင် တံခါးလေးခု ပါရှိပြီး ကျန်တဲ့အမျိုးအစားတွေကတော့ တံခါး နှစ်ပေါက်ပါပဲ။  နောက်ဘီးမောင်း၊ လေးဘီးမောင်းတို့ကို ရွေးနိုင်မှာ ဖြစ်ပြီး ပြည်တွင်းရရှိနိုင်တဲ့ရိုးရွန်တွေက ရိမ်ဒ်ဂျာတွေ အနေနဲ့ လေးဘီးမောင်း စနစ်၊ ဒီဇယ်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ပစ်ကပ် ထရပ်ကားတွေ ဖြစ်တဲ့ အတွက် ဘီးအမြင့်ကားပုံစံကို တွေ့ရမှာ ဖြစ်ပြီး နောက်ခန်းက ပစ္စည်းတင်ဖို့ကို နေရာပါရှိပါတယ်။ အတွင်းခန်းက လည်း ဒီဇိုင်း ဆန်းပါတယ်။ နောက်ပိုင်း အသုံးများလာမဲ့ကား အနေနဲ့လည်း တွေ့ရပါတယ်။ လေးဘီးမောင်းတွေကို ရနိုင်တဲ့အတွက် နယ်ဖက်ဒေသနဲ့ တောင်တန်းဒေသ ပြည်နယ်မှာ အ၀ယ်လိုက်လာနိုင်ပါမယ်။

စွမ်းဆောင်ရည်

Ford Ranger for sale

၂၀၁၁ နဲ့ ဌင်းနောက်ပိုင်းဖြစ်တဲ့ ဖို့ဒ် ရိမ်းဂျာ T6 တွေမှာ  အင်ဂျင်ပါဝင် (၃) မျိုးလောက်ရှိပါတယ်။ ၂၅၀၀ စီစီမှာ ဓာတ်ဆီ၊ ၂၂၀၀ စီစီမှာ ဒီဇယ်၊ ၃၂၀၀ စီစီမှာ ဒီဇယ်စတဲ့ အင်ဂျင်တွေ ဖြစ်ပါတယ်။ ဂီယာမှာ အော်တို ၆ ချက် ဂီယာတွေ ဖြစ်ပါတယ်။ မန်နျူးယယ် ၅ ချက်၊ ၆ ချက်ကားတွေကိုလည်း ရနိုင်ပါတယ်။  ဖို့ဒ် ရိုမ်းဂျာ အသစ်တွေမှာ အင်ဂျင် (၃) မျိုးရရှိသလို  ၂၅၀၀ စီစီ ဓာတ်ဆီ အင်ဂျင်တွေဟာ  ၁၂၂ ကီလိုဝပ်ကို ထုတ်ပေးနိုင်ပြီး ဌင်းမှာ မန်နျူးယ်ယာ ဂီယာ (၅) ချက်ပါရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၂၀၀စီစီ ရှိတဲ့  ဒီဇယ် အင်ဂျင်တွေကတော့  ဂီယာ ၆ချက်ဖြစ်တဲ့ မန်နျူးယယ်နဲ့ အော်တိုဂီယာတွေမှာ လာပါတယ်။

ဒီဇိုင်း

နှစ်ခန်းတွဲနဲ့ တစ်ခန်းခွဲကားတွေမှာ နှစ်ခန်းတွဲ ရိုမ်းဂျာတွေက အနည်းငယ် ကာဂိုဧရိယာမှာ ကျဉ်းတာကို တွေ့ရမှာ ဖြစ်ပါတယ်။  ဖို့ဒ် ရိုမ်းဂျာတွေမှာ လုပ်ငန်းအတွက် ထိရောက်ပြီး တွက်ခြေကိုက်တဲ့ ကားကိုယ်ထည် တစ်ခုရှိပါတယ်။ အတွင်းဖက် အစိတ်အပိုင်းတွေကလည်း ပြည့်စုံမှုကို ပေးစွမ်းပြီး မရှိမဖြစ်လိုအပ်တဲ့ ပစ်ကပ်တစ်ခုဖြစ်စေပါတယ်။ ထိုမှာပင်မကသေးပဲ ကြာရှည်စွာ အသုံးပြုနိုင်မှုတစ်ခုကိုလည်း ပေးစွမ်းမှာ ဖြစ်ပါတယ်။ ဌင်းရဲ့ ပြန်လည် တပ်ဆင်ထားတဲ့ အရှေ့နောက်နဲ့ အနောက်ဒီဇိုင်းတွေက ဖို့ဒ်ရိုမ်းဂျာကို ပိုမို ပြီး ကောင်းမွန်စေပြီး လေခွင်မှုကိုလည်း ဖြစ်စေပါတယ်။ ထို့အပြင် လောင်စာဆီ အားသက်သာခြင်းကိုလည်း ဖြစ်စေပါတယ်။ ဖို့ဒ်ရိုမ်းဂျာတွေရဲ့ ကားအမြင့်က ကားမောင်းနှင်သူကို ပိုပြီး ကာကွယ်မှုကို ဖြစ်စေပါတယ်။ အတွင်းဖက်မှာ ဒီဇိုင်းလှပပြီး ကောင်းမွန်တာကို တွေ့ရပါတယ်။

ထင်ရှားမှု

Ford Ranger for sale

၂၀၁၁ နဲ့ နောက်ပိုင်းဖြစ်တဲ့ မော်ဒယ်တွေဟာ မော်ဒယ်မြင့်သွားတဲ့ အတွက်ကြောင်းဌင်းမှာ အရင် ဖို့ဒ်မော်ဒယ်တွေထက် အများကြီး နည်းပညာပိုင်းမှာ ပိုမိုပြီး အားသာချက်တွေ ရှိလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လျှပ်စစ် တည်ငြိမ်မှု ထိန်းချုပ်မှု၊ (ဌင်းထိန်းချုပ်မှုကတော့  ယာဉ်ရဲ့ ထိန်းချုပ်မှု ကို လမ်းမရွေးမှာ ပိုမိုကောင်းမွန်စေရန်နဲ့ ပိုပြီး လုံခြုံစေဖို့ ပေးစွမ်းမှာ ဖြစ်ပါတယ်။ လမ်းမရွေးကားတွေ ဖြစ်တဲ့အတွက် တောင်ကုန်းတက်ရာနဲ့ ဆင်းရာမှာ ကူညီမှု အကူ စနစ်တွေလည်း ပါဝင်ပါသေးတယ်။ အခြား အစိတ်အပိုင်းတွေ များစွာပါဝင်ပါသေးတယ်။ လီတာ ၈၀ ထည့်နိုင်တဲ့ ဆီတိုင်ကီလည်း ပါဝင်ပါသေးတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှု

ပြည်တွင်းက အတွေ့ရများတဲ့  ၂၀၀၃ မော်ဒယ် ခုနှစ်ကနေ  ၂၀၀၇ မော်ဒယ် ခုနှစ်လောက်ကို ဈေးနှုန်း ၁၅၀ ၀န်းကျင်လောက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။  ၂၀၁၁ ခုနှစ် တွေကတော့ ပျဉ်းမျှဈေးနှုန်းကို အနည်းဆုံး ဒေါ်လာ ၁သောင်းကျော်ကနေ ဒေါ်လာ ၂၀၀၀ ကျော်နီးပါးရှိမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

ဖိုဒ့်ကားတွေဟာ ပြည်ပမှာ နာမည်ရ ဘရန်တစ်ခု ဖြစ်သည့်နည်းတူစွာ ပြည်တွင်းကိုလည်း ထိုးဖောက် ၀င်ရောက်လာခဲ့ပါတယ်။  မကြာသေးခင်က ပြည်တွင်းကို ဘရန်နယူးတွေ ရောက်ချတဲ့ ရိုးရွန်တွေ ၀င်ရောက်လာခဲ့ပြီး ၀ယ်ယူရောင်းချမှုအနေနဲ့  ဖိုဒ်အမျိုးအစားတွေထဲက ဆီဒန်၊ အက်ယူဗီ၊ ပစ်ကား စတဲ့ကားတွေကို ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ တစ်ပတ်ရစ်တွေထဲမှာလည်း အများဆုံး ၀ယ်ယူကြပါတယ်။ ကျန်တဲ့ တိုယိုတာ တို့လို ဂျပန်ကားတွေထက် စာလျှင်တော့ ပြည်တွင်းမှာ ယာဉ်အစီးရေက နည်းပါးပါတယ်။ ဖိုဒ့်  ဖီအယ်စတာ၊  ဖိုဒ့် အိတ်ခ်ျပလိုရာတို့လို ကားတွေကို  ၀ယ်ယူစီးနင်းမှုတွေမှာ တွေ့နိုင်ပါမယ်။ ဖို့ ရိမ်ဒ်ဂျာတို့လို ပစ်ကပ်ကားတွေကိုလည်း တွေ့ရပါမယ်။