: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 175 ညှိနှိုင်း

Myanmar [Burma]

14527
  • 80,000 km

Pearl White Toyota Accord 2003 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံ...

Lks 158 ညှိနှိုင်း

Myanmar [Burma]

14527
  • 100,000 km

Silver Honda Accord 2002 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှ...

Lks 180 ညှိနှိုင်း

Myanmar [Burma]

14527
  • 70,000 km

Silver Honda Accord 2002 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှ...

Lks 126 ညှိနှိုင်း

Myanmar [Burma]

14527
  • 90,000 km

Pearl White Honda Accord 1997 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလြုံ...

နောက်ဆုံးရလဒ်

မြန်မာပြည်တွင်းကား‌ဈေးကွက်မှ ဟွန်ဒါကားများ

Honda in Myanmar used car market| Honda car price in Myanmar| Used Honda for sale in Yangon Myanmar

ပြည်တွင်း ရေပန်းစားတဲ့ကားတွေထဲ ဟွန်ဒါ ဘရန်ဟာလည်း အစီးများ ကာ နာမည်ရနေတဲ့ ကားအမျိုးအစားတစ်ခု ဖြစ်ပါတယ်။ တိုယိုတာ ၊ နစ်ဆန်းစတဲ့ ဘရန်တွေနဲ့ ယှဉ်ကာ လူကြိုက်များနေတဲ့ ဘရန်တစ်ခု ဖြစ်ပါတယ်။  ဟွန်ဒါ အမှတ်တံဆိပ်ကားများလည်း မြန်မာပြည်ကို ဝင်တာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ဖြစ်ပါတယ်။ ၁၉၇၀ နောင်းပိုင်းတော့ ဟွန်ဒါကား အမျိုးအစား အစုံ ဝင်ရောက်လာပြီး မြန်မာပြည်ရဲ့  ပို့ဆောင်ရေး ကဏ္ဍမှာ အတော်လေး အသုံးဝင်တဲ့ ကားများ ဖြစ်လာ ပါတယ်။ ယနေ့အချိန်အထိလည်း ဟွန်ဒါကားများဟာ လူသုံးများတဲ့ စာရင်းထဲ မှာပါဝင်နေပါတယ်။

ဟွန်ဒါ ဘရန်ထဲမှာ လူစီးများတာကတော့ အိမ်စီးကားတွေ ဖြစ်တဲ့ ဆလွန်ကားနဲ့ အခြား ၀ဘ်ဂွန် ဆိုဒ်ရှိတဲ့ ကားတွေ ဖြစ်ပါတယ်။ ဟွန်ဒါ ဖက်စ် ဟတ်ဘတ်ကားတွေကိုလည်း အသုံးများတာကို တွေ့ရမှာ ဖြစ်ပြီး ဆီစား သက်သာမှုကြာင့် လူသုံးများပါတယ်။ နောက်ထပ် လူစီးများကြတဲ့ ပတ်ဝန်းကျင်ကို ထိခိုက်မှုက တစ်ခြားရိုးရိုးကားတွေထက် သက်သာစေတဲ့ စီးဗစ် ဟိုက်ဘရက်ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။  ဟိုင်းဘရစ် စနစ်သုံး ကား ဖြစ်တာကြောင့် လောင်စာဆီစား သက်သာပြီး လူကြိုက်များရခြင်း ဖြစ်ပါတယ်။ ပြီးတော့ ဟွန်ဒါ စက်ရုပ်လို့ လူသိများတဲ့ ဟွန်ဒါ အင်ဆိုက် ကလည်း သူ့နေရာနဲ့သူ လူကြိုက်များ အဝယ်လိုက်နေပါ သေးတယ်။ ဟွန်ဒါမှာ ကားတွေတင်မကပဲ ဆိုင်ကယ်‌ ‌တွေပါ ဝင်တာ ဖြစ်ပါတယ်။ ကားမှာဆိုရင်လည်း ဟဲဗီးဂျူတီ ကားများတောင် ဝင်ပါတယ်။ အခြားသော လုပ်ငန်းသုံးကားများလည်း ဝင်ရောက် ပါတယ်။

ဟွန်ဒါကား စွမ်းဆောင်ရည် နဲ့ နည်းပညာ

ဒီဇိုင်းပိုင်း အနေနဲ့ ဟွန်ဒါဖက်စ် မှာ  အမျိုးအစား အမျိုးမျိုး ရှိသည့်နည်းတူစွာ ဟွန်ဒါ ဖက်စ် ရှယ်တာကိုလည်း တွေ့ရမှာ ဖြစ်ပြီး  ဟွန်ဒါဖက်စ် ရှယ်တာတွေဟာ ပုံမှန် ဖက်စ်ကားတွေထက် ပိုပြီး ကိုယ်ထည် ရှည်လျားကြပါတယ်။ ဟွန်ဒါ ဖက်စ်တွေမှာ ပုံသစ်နဲ့ ပုံဟောင်းဆိုပြီး နှစ်ခု ရှိပါတယ်။ ပုံဟောင်းက အနည်းငယ် ချွန်ထွက်တဲ့ ပုံစံ မျိုးမဟုတ်ဘဲ တုံးတိတိ ပုံစံမျိုးရှိပါတယ်။ GD-1 လို့ခေါ်ပါတယ်။ နောက် ပုံသစ်ကတော့  GE-6 လို့ခေါ်ပြီး ထို မော်ဒယ်တွေကတော့ ၂၀၀၈ နောက်ပိုင်းထွက်တဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။ အတွင်းခန်းလည်း အနည်းငယ်ပြာင်းလဲသွားမှာ ဖြစ်ပါတယ်။

ဟွန်ဒါ၏အအောင်မြင်ဆုံး ကားအမျိုးအစား

ဟွန်ဒါ ဆလွန်းကားထဲမှာ အအောင်မြင်ဆုံးက ဆီးဗစ် ဖြစ်ပါတယ်။ တံခါးလေးပေါက် ဆလွန်းကား ဖြစ်ပြီး မြန်မာပြည်ရောက်တဲ့ အများစုက ဂျပန် ကားဟောင်း လေလံဈေးကွက်က ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၂၀၀၀ စီစီ ဝန်းကျင်နဲ့ လျှပ်စစ်ဘက်ထရီပူးတွဲ တပ်ဆင်ထားပါတယ်။ ဇိမ်ခံဆလွန်းကားတစ်စီးလို ပုံစံဖြစ်အောင် ဒီရောက်မှ ပြန်လည်ပြင်ဆင်ကြတာ များပါတယ်။ အဓိက အားသာချက်က ဆီစားသက်သာမှု ဖြစ်ပြီး ကားမီးပွိုင့် မိနေချိန် စက်သတ်ပေးထားတာကို လုပ်ဆောင်ပါတယ်။ ပြီးတော့ မီးစိမ်းချိန် ကားမောင်းတဲ့အခါ ကားလျှပ်စစ် ဘက်ထရီနဲ့ ဘီးလိမ့်နိုင်တာကြောင့် ဆီအကုန်အကျကို စက်အသတ်၊အရပ်မှာ လျော့ချပေးတဲ့ကား ဖြစ်ပါတယ်။ အခြားသော ဟိုင်းဘရစ်စနစ် လုပ်ဆောင်ချက်များလည်း ပါဝင်ပါတယ်။ ထိုနည်းတူစွာပဲ နောက်ထပ် ဟိုင်းဘရစ် တစ်စီးက ဟွန်ဒါ စက်ရုပ်ခေါ် ဟွန်ဒါ အင်ဆိုက် ဖြစ်ပါတယ်။ သူလည်း ဟွန်ဒါ ဆီးဗစ်နဲ့ သိပ်မကွာ ပါဘူး။ သို့ပေမယ့် ဟိုင်းဘရစ်နည်းပညာ မတူညီကြောင်း ဆိုပါတယ်။

ဟိုင်းဘရစ်ကားတွေကို ကြိုက်တယ်ဆိုပေမယ့် အချို့ ကျတော့ အခြားကားကိုပဲ ရွေးချယ်ကြပါတယ်။ အကြောင်း ကတော့ မြန်မာပြည် လမ်းအခြေအနေ အရကြောင့်ပါ။ မိုးရာသီဆိုရင် ရေကြီးတာကြောင့် ကားဗိုက် မှာ တပ်ဆင်ထားတဲ့ ဘက်ထရီက ရေစို၊ရေဝင်ပါတယ်။ ဒါဆိုရင် ဟိုင်းဘရစ်စနစ်က အလုပ်မလုပ်တော့ ပါဘူး။ အကြောင်းက သူမှီခိုနေရတဲ့ လျှပ်စစ်ဘက်ထရီက အလုပ်မလုပ်တော့လို့ ဖြစ်ပါတယ်။ အဲ့လိုအချက်လေး ရှိတာ ကြောင့်လည်း ဟိုင်းဘရစ်ကားတွေကို အချို့ ကားဆရာတို့ လက်ရှောင်နေပါသေးတယ်။ သို့ပေမယ့် ဆီးဗစ် ကတော့ ယနေ့တိုင် အဝယ်လိုက်တဲ့ ကားအမျိုးအစားတစ်ခုပါပဲ။ ဟွန်ဒါမှာ ဟိုင်းဘရစ်အကြောင်းပြောပြီးရင် နောက်တစ်မျိုးက ဟွန်ဒါဖစ် ဖြစ်ပါတယ်။ အိမ်သုံးအတွက်ကော၊ တက္ကဆီလုပ်ဖို့အတွက်ကော အမှာယူ များနေတဲ့ ကားငယ်တစ်မျိုး ဖြစ်ပါတယ်။ တံခါး လေးပေါက်၊ နောက်ဖုံးပါ ကားဖြစ်ပြီး အင်ဂျင်အရွယ်လည်း သေး တာကြောင့် မြို့ တွင်းသုံးဖို့ မြန်မာပြည်က လူတွေ မှာယူကြခြင်း ဖြစ်ပါတယ်။ မြို့ ကြီးတွေရဲ့ လမ်းပေါ်မှာ အမြင်ရများတဲ့ ကားစာရင်းထဲမှာ ပါဝင်နေတဲ့ ကား ဖြစ်ပါတယ်။

ဟွန်ဒါကား ပြည်တွင်းမှာ ရရှိနိုင်မှု

ဟွန်ဒါကား အရေအတွက်ဟာ တိုယိုတာလောက်မများပေမယ့် တိုယိုတာကို အပြိုင်လိုက်နိုင်တဲ့ကား ဖြစ်ပါ တယ်။ ဂျပန်တစ်နိုင်ငံတည်းထွက် ဖြစ်တာမို့ အရည်အသွေးအပိုင်းမှာ ပြောစရာမရှိတဲ့ကားမျိုး ဖြစ်ပါတယ်။  ကုမ္ပဏီ အရောင်းပြခန်းတွေနဲ့ အခြား လေလံတွေက နေ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဟွန်ဒါ ဘရန်ရဲ့ စိတ်ဝင်စားစရာ ကားမော်ဒယ်များ

တိုးတက်လာတဲ့ ခေတ်ရဲ့နောက်မှာ သဘာဝ ပတ်ဝန်းကျင်ကို တစ်ဖက် တစ်လှမ်းကနေ အထာက်အကူပြုနိုင်တဲ့ ဟိုက်ဘရစ်ကားတွေကို ထုတ်လုပ်ကြရာမှ ဂျပန် ကားဘရန်တစ်ခုဖြစ်တဲ့ ဟွန်ဒါဘရန်မှာလည်း  ဟွန်ဒါစီဗစ်၊ ဟွန်ဒါ အင်ဆိုဒ် စတဲ့ ဟိုက်ဘရစ်ကားတွေကို တွေ့နိုင်မှာပါ။ ဟိုက်ဘရစ်ကားတွေဟာ ဓာတ်ဆီ အင်ဂျင်နဲ့  လျှပ်စစ် မော်တာတို့ကို ပေါင်းစပ်ထားတဲ့ အမျိုးအစားဖြစ်ပြီး  လောင်စာဆီ သက်သာမူကို ဖြစ်စေပြီး ပါဝါ စွမ်းရည်ကို တိုးတက်စေပါတယ်။ လျှပ်စစ် ကရိယာ ရဲ့ အကူအညီဖြင့် စွမ်းရည် ထောက်ကူမူကိုလည်း ရယူနိင်ပါတယ်။ ဌင်းတို့ထဲက အချို့ကတော့   မောင်းနှင်ရာမှ ဘီးတွေကို အရှိန့်လျော့ချလိုက်တဲ့အခါ  လျှပ်စစ်မော်တာဟာ  အရှိန့်လျော့တဲ့ ဘရိတ်တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက် သူရဲ့ တုန့်ပြန်မူကို ယူထားပါတယ်။ ပြီးမှ  ဘီးကနေယူထားတဲ့ ပါဝါကို မော်တာထဲကို ပြန်ထည့်ပါတယ်။ ဒါကို လိုအပ်တဲ့အခါ ကို မရောက်နိင်ခင် အထိကို ဘတ္တရီထဲမှာ သိမ်းထားပါတယ်။ ဒီ အတွက် ဆီစားကို သက်သာစေပါတယ်။  ပြီးတော့ ဟိုက်ဘရစ်ကားတွေမှာ ပါဝင်တဲ့ လျှပ်စစ်မော်တာက အရှိန်၊ နဲ့ တောင်ကုန်းတွေကို တက်တဲ့နေရာမှာ အကူအနေဖြင့် ပေါင်းစပ်ပေးပါတယ်။  နောက်ပြီး  ကားဘရိတ်နင်းလို့ ရပ်သွားတဲ့အခါ အော်တို စက်ကိုရပ်ပေးပါတယ်။ လီဗာ ကို တင်တဲ့အခါ ပြန်လည် စတင် ပေးခြင်းဖြင့်  အလဟသ လောင်စာတွေကို ကုန်ကျမှုကို တားဆီးပေးပါတယ်။   ဒါဟာ  ဟိုက်ဘရစ်ကားတွေရဲ့ အားသာချက် ဖြစ်ပါတယ်။