: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 280 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 80,000 km

Black Honda Stream 2007 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှု...

ဈေးနှုန်း မေးရန်

ရန်ကုန်

Hlaing Broker Market
  • 60,000 km

Pearl white Honda Stream 2007 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလြုံ...

Lks 280 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 80,000 km

Pearl white Honda Stream 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလြုံ...

Lks 280 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 70,000 km

Black Honda Stream 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှု...

Lks 160 အစိုးရအခွန်အခများပါဝင်ပြီး

ရန်ကုန်

Kyaw Min
  • 162,708 km

ကား၏ထုတ်လုပ်သော Edition မှာ Mugan Series (Sports) ဖြစ်ပါသည်။

ဈေးနှုန်း မေးရန်

ရန်ကုန်

Green Gate Services Co.,Ltd
  • 57,000 km

Black Honda Stream 2009 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Ai...

Lks 195 ညှိနှိုင်း

ရန်ကုန်

14527
  • 60,000 km

Black Honda Stream 2009 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Pass...

နောက်ဆုံးရလဒ်
Honda Stream for sale in Myanmar Car Market

 ဟွန်ဒါ စထရင့်များ

ဟွန်ဒါ စထရင့်တွေဟာ ပြည်တွင်းရရှိနိုင်တဲ့ ဂျပန်က လေလံကားတွေထဲမှာ တစ်ခု အပါအ၀င်ဖြစ်တဲ့ ကားတွေ ဖြစ်ပါတယ်။ ဌင်းတို့ဟာ  မားတီး ပါပို့စ် ဗန်လို့ ခေါ်တဲ့ ဗန်နဲ့ လူစီးကားပုံစံကို ပေါင်းစပ်ထားတဲ့ ကားအမျိုးအစားတွေပဲ ဖြစ်ပါတယ်။ အင်ဂျင် အရွယ်အစား အနည်းငယ် ကြီးနေတာကြောင့် ပြည်တွင်း အခွန်နဲ့ သိပ် မကိုက်တဲ့ အတွက် လူ အသွင်းနည်းတဲ့ ကား အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ အရောင်းအ၀ယ်တွေ အနည်းငယ်ရှိနေပြီး တစ်ချို့တစ်လေသာ ၀ယ်ယူစီးနင်းကြတဲ့ ဟွန်ဒါရဲ့ မော်ဒယ်ကား အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းမှာကတော့ ဟွန်ဒါ တံဆိပ်ကနာမည်ကြီးတဲ့ နည်းတူစွာ ဌင်း ဟွန်ဒါ စထရင့်တွေကို ၀ယ်ယူရရှိနိုင်မှု မြင့်မားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဟွန်ဒါ စထရင့်မှာ ပထမ မျိုးဆက် ( ၂၀၀၀-၂၀၀၆) ကနေ ဒုတိယမျိုးဆက် (၂၀၀၆- ကနေ ယနေ့ထိ) မျိုးဆက်ဆိုပြီး အကြမ်းအားဖြင့် ရှိပါတယ်။ ဒုတိယမျိုးဆက်ထဲမှာမှ ၂၀၀၉ ကနေ ၂၀၁၂ ထိထုတ်တဲ့ စထရင့် အာအက်စ်တီ နဲ့ တီအက်စ် ၊  ၂၀၀၉ ကနေ ၂၀၁၂ ထိကို ထုတ်လုပ်တဲ့ စထရင့်  ဇစ်အက်စ်ဆိုပြီး တွေ့ရမှာ ဖြစ်ပါတယ်။ ကွဲပြားတဲ့ ဟွန်ဒါ စထရင့်ရဲ့ မော်ဒယ်တွေမှာ ထိုင်ခုံ နှစ်တန်း လူ(၅)ယောက်ထိုင်ခုံတွေနဲ့ ဖြစ်ပါတယ်။ အာအက်စ်တီမော်ဒယ်တွေကတော့  မောင်းနှင်မှု၊ အလျှင်နှုန်းတွေ အပြင် အလွိုင်းရဲ့ အလေးချိန်တွေကိုပါ လျော့ချထားပြီး အနောက်ဖက် စပေါ့လာတွေကိုပါ ပေါင်းထည့်ထားတယ် လို့ သိရပါတယ်။ ဇစ်အက်စ် မော်ဒယ်တွေကတော့ ရှေ့ဘီးမောင်းစနစ်မှာပဲ ရရှိပါတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

အင်ဂျင်ကို ၁၈၀၀ စီစီကနေ ၂၀၀၀ စီစီထိကို တွေ့နိုင်ပြီး ပထမမျိုးဆက်မှာတော့ ၁၇၀၀ စီစီပါလာပါတယ်။ ၁၈၀၀ စီစီမှာတော့ မြင်းကောင်ရေ ၁၃၈ ရနိုင်ပြီး ၂၀၀၀ စီစီမှာတော့ ၁၄၈ မြင်းကောင်ရေအားကို ရရှိမှာ ဖြစ်ပါတယ်။ ဂီယာကတော့  အော်တို နဲ့ စီဗီတီ  ဂီယာတွေကို သာရရှိမှာ ဖြစ်ပြီး  ၁၈၀၀ စီစီတွေမှာ  ရှေ့ဘီးမောင်း၊ လေးဘီးမောင်းကို ရရှိမဲ့ အပြင် အော်တို ဂီယာ ၅ ချက်တွေ ဖြစ်ပါတယ်။ ပတ်ဒယ် ရှစ်လို့ခေါ်တဲ့  ဆီးမီး အော်တို ဂီယာတွေကိုတော့  ၁၈၀၀ စီစီ အာအက်စ်ဇစ် မော်ဒယ်အပြင် အာအက်စ်တီ တွေမှာ ရရှိပြီး ၂၀၀၀ စီစီ အာအက်စ်ဇစ်တွေမှာ ပါရရှိပါတယ်။ ဌင်း စီဗီတီ ဂီယာဘောက်စ်တွေဟာ ကလပ်ထိုးစရာမလိုတဲ့ မန်နျူးယယ် ကားဂီယာ အမျိုးအစားတစ်ခု ဖြစ်ပါတယ်။

ဒီဇိုင်း

အတွင်းပိုင်း ပေါင်းစပ်မှု အနေနဲ့  ဟွန်ဒါ စထရင့် ဇစ်အက်စ် မော်ဒယ်တွေမှာ ချဲလ်ဆီးနဲ့ ပေါ်မှုတည်ပြီး ရှေ့ဘီးယက် နှစ်ဘီးမောင်း၊ လေးဘီးမောင်းဆိုပြီး ကွဲပါတယ်။ ဂျပန်မော်ဒယ်တွေ ဖြစ်တဲ့ X, G, Gi, ZS, RSZ စတဲ့ မော်ဒယ်တွေမှာ မော်ဒယ်ပေါ်မှုတည်ပြီး ခရီးသည် ၆ ယောက်ကနေ ၇ ယောက်ထိ လိုက်ပါ စီးနင်းနိုင်ပါတယ်။  X ဂရိတ်တွေမှာ ခရီးသည် ၇ ယောက် စီးနင်းနိုင်တဲ့ ထုတ်လုပ်တဲ့ ခုနှစ်တွေကတော့ ၂၀၀၆ ကနေ ၂၀၁၂ အတွင်း ဖြစ်ပြီး G ဂရိတ်တွေကတော့ ၂၀၀၆ ကနေ ၂၀၀၉ ထိကို ခရီးသည်တင်အယောက်ရေ ၇ယောက်ထိ စီးနင်းနိုင်ပါတယ်။

အပြင် ပိုင်းအနေနဲ့ ဟွန်ဒါ စထရင့်တွေက မာတီး ပါပို့စ် ဗန်တွေ ဖြစ်ပေမဲ့ ဌင်းတို့ဟာ ပုံစံ အနေအထား ဆန်းသစ်ပြီး ထင်ရှားတဲ့ ဒီဇိုင်းမျိုးနဲ့ ဖြစ်ပါတယ်။ ရှေ့မီးလုံးကြီးတွေက  ဟွန်ဒါ စီဗစ်နဲ့ ဆင်ပြီး ကျဉ်းမြောင်းနေပါတယ်။ အတွင်းပိုင်းအနေနဲ့ လည်း ဒီဇိုင်းမြင့်မားပြီး ဒတ်ရှ် ဘုတ်မှာ ငွေရောင် တွေနဲ့ ဟိုက်လိုင်း ဖောက်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကားရဲ့ ဂီယာကိုတော့ ဒတ်ရှ်ဘုတ်မှာ တွဲပါလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အနောက်ပိုင်းက ကားမီးကလည်း အရှည် လိုက်နဲ့ တစ်ခြားကားတွေထက် ထူးခြားနေပါတယ်။

ပြည်တွင်းမှာ ရရှိနိုင်မှု နဲ့ ဈေးနှုန်း

ဟွန်ဒါကား အရေအတွက်ဟာ တိုယိုတာလောက်မများပေမယ့် တိုယိုတာကို အပြိုင်လိုက်နိုင်တဲ့ကား ဖြစ်ပါ တယ်။ ဂျပန်တစ်နိုင်ငံတည်းထွက် ဖြစ်တာမို့ အရည်အသွေးအပိုင်းမှာ ပြောစရာမရှိတဲ့ကားမျိုး ဖြစ်ပါတယ်။  ကုမ္ပဏီ အရောင်းပြခန်းတွေနဲ့ အခြား လေလံတွေက နေ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ အွန်လိုင်းကနေ လည်းဝယ်ယူနိုင်သကဲ့သို့ တစ်ခြား ကားအပြင်ဖက် ဈေးကွက်တွေကလည်း ၀ယ်ယူနိုင်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ မော်ဒယ် နှစ် ( ထုတ်လုပ်တဲ့ နှစ်အပေါ်မှာ မှုတည်ပြီး ) ဈေးတွေကွာမှာ ဖြစ်ပြီး ၂၀၀၂ ကနေ ၂၀၀၃ ထိကို ကျပ်သိန်း ၈၅၊ ၉၀ လောက်ကို ရှိမှာ ဖြစ်ပြီး၂၀၀၈ ကနေ ၂၀၀၉ ကိုတော့ ကျပ်သိန်း ၂၀၀ ပတ်ခြားလည်လောက်မှာ တည်ရှိမှာ ဖြစ်ပါတယ်။ ၂၃၀ ကျပ်သိန်း လောက်ဆို ၂၀၀၉  မော်ဒယ်နှစ်ရှိ ကားဂရိတ်အသန့်ရှိတဲ့ မော်ဒယ်ကားတစ်စီးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

ထင်ရှားမှု

အင်ဂျင် ၁၈၀၀ လောက်ကနေစထားတဲ့ကားတွေ ဖြစ်ပြီး လူ ၈ ယောက်လောက်ထိကောင်းကောင်းစီးနိင်တဲ့ မော်ဒယ်တွေ ပါဝင်တဲ့  ဟွန်ဒါ စထရင့်တွေ ဖြစ်ပါတယ်။ ဂီယာဘောက်စ်ကို ကားရဲ့ ဒတ်ရှ် ဘုတ်မှာ တွဲလျက်တွေ့ရမှာ ဖြစ်ပြီး တိုယိုတာ အဲလဖတ်လိုမျိုးကားကြီး ဆိုဒ် ဖမ်းထားပြီး အရောင် ကအစ အရည်အသွေးမြင့်ကားတွေ ဖြစ်ပါတယ်။ အစိတ်အပိုင်းများအနေနဲ့  အဲယားကွန်း၊ ပါဝါစတီယာရင်၊ လေအိတ်၊ ပါဝါ ၀င်ဒိုးစတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။ တစ်ချို့မော်ဒယ်ကွဲတွေမှာ အလွိုင်းဝှီးတွေ ပါရှိလာပါတယ်။

သုံးသပ်ချက်

ဟွန်ဒါရဲ့ ဘရန်တွေထဲမှာ မီးတီးပါပို့စ်ဖြစ်တဲ့ ဗန်ကား လူစီးကား တစ်မျိုးဖြစ်ပြီး ဌင်းမှာ အင်ဂျင်ကိုလည်း စွမ်းအားပြည့်ပြည့်၀၀သုံးပေးထားတာကို တွေ့ရပါမယ်။ လူ ရှစ်ယောက်လောက်ကို ထိုင်စီးနိုင်ခြင်း၊ ကားအကြီးဆုံးဖြစ်ပြီး ဒီဇိုင်း လှပ ဆန်းသစ်မှုတွေဖြင့် လူအများကို စွဲဆောင်လျက်ရှိပါတယ်။ အင်ဂျင်ကို အခွန်ဆောင်ရမှုနဲ့ တွက်ချက်ပြီး သွင်းလိုသူတွေအတွက်ကတော့ အင်ဂျင်ကို အနည်းငယ် ဂရုပြုရမှာ ဖြစ်ပါတယ်။