: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

Lks 145 ညှိနှိုင်း

Myanmar [Burma]

Good Service Auto
  • 30,000 km

Brown Hyundai Starex 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Pass...

ပရီမီယံ

Lks 150 ညှိနှိုင်း

Myanmar [Burma]

Good Service Auto
  • 30,000 km

white Hyundai Starex 2007 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Pass...

ပရီမီယံ

Lks 150 ညှိနှိုင်း

Myanmar [Burma]

Good Service Auto
  • 30,000 km

white Hyundai Starex 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Pass...

Lks 135 ညှိနှိုင်း

Myanmar [Burma]

Good Service Auto
  • 30,000 km

white Hyundai Starex 2008 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Pass...

ရန်ကုန်

Myanmar Auto
  • 50,000 km

MYANMAR AUTO မှ KOREA CAR များကိုလက်င်း/အရစ်ကျစနစ်ဖြင့်ရောင်းချပေးနေပါသည်။

ပရီမီယံ

Lks 132 ညှိနှိုင်း

ရန်ကုန်

Myanmar Auto
  • 50,000 km

MYANMAR AUTO မှ KOREA CAR များကို လက်ငင်း/အရစ်ကျစနစ်ဖြင့်ရောင်းချပေးနေပါသည်။ အဂျင်္င်နှင့်ဂီယာဘောက်အား(၆)လအာမခံဖြင့် လက်ခမဲ့ပြင်ဆင်ပေးပါသည်။လိုင်စင်အနီ/အနက်နှစ်မျိုးလုံးဖြင့် လူကြီးမင်းတို့ စိ...

နောက်ဆုံးရလဒ်

ဟွန်ဒိုင်း စထရတ်ခ်ျများ

hyundai starex for sale in Myanmar Car Market

ဟွန်ဒိုင်း စထရတ်ခ်ျကားတွေက ဂရန် စထရတ်ခ်ျကားတွေနဲ့ အမျိုးအစား တူညီတဲ့ ကားတွေပါပဲ။ ဟွန်ဒိုင်း အိတ်ခ်ျ ၀မ်းလို့လည်းခေါ်ပြီး သူက ဟွန်ဒိုင်း ဂရန် စတာရတ်ခ်ျ တို့ထက် မော်ဒယ် နိမ့်တဲ့ ကားတွေ ဖြစ်ပါတယ်။ အများစုကတော့ ၂၀၀၇ အောက်ပိုင်း မော်ဒယ်တွေမှာ တွေ့ရများပါတယ်။ မြန်မာပြည်မှာတော့ ဒီဇိုင်းပိုင်းကြောင့် အသုံးနည်းပေမဲ့လို့ ဈေးသက်သာလို့ အနည်းအကျဉ်း သုံးကြတာတွေ့ရှိပါတယ်။ ပထမ မျိုးဆက်ဖြစ်တဲ့ ၁၉၉၇ ခုနှစ်လောက်ကတည်း က ထုတ်တာမို့ ဒီဇိုင်းကတော့ နည်းနည်း ခေတ် လွန်နေပါပြီး။ ၂၀၀၃ လောက်ဆို ပုံတုံးပြီး ၂၀၀၆ လောက်ဆိုလျှင်သူနောက် ဒုတိယ မျိုးဆက် ဖြစ်တဲ့ ဒီဇိုင်းတွေနဲ့ ဆင်တူပါပြီး။ ဒီလို ၂၀၀၈ အောက်တွေကိုတော့ လေလံကနေတော့ ထပ်ပြီး သွင်းတာတွေ့ မရှိတော့ပါဘူး။ ပြည်တွင်းမှာသာ အချင်းချင်းပြန်လည် ရောင်းဝယ်ဖောက်ကားနေတာကို တွေ့ရပါတယ်။

ပထမ မျိုးဆက် ဟွန်ဒိုင်း စတာရတ်ခ်ျများ

ဟွန်ဒိုင်း ဂရေ့စ်နဲ့ တူပါတယ်။ မစ်ဆူဘီရှိ ဒယ်လီဂါပေါ်တွင် မူတည်ပြီး ရှိနေခဲ့တာ ဖြစ်ပါတယ်။ ၂.၅ အင်ဂျင် တာဗို့ ဒီဇယ် အင်ဂျင်ကို သုံးပါတယ်။ မြင်းကောင်ရေ ၈၅ လောက် ထွက်ပါတယ်။ ဂီယာ လေးချက် အော်တို ဖြစ်ပြီး ဒရိုင်ဘာ လေအိတ်၊ အနောက် ဆင်ဆာတွေ ရှိပါတယ်။ ၁၀ (သို့) ၁၂ ခုံပါရှိပါတယ်။ မော်ဒယ် အမြင့်တွေမှာတော့ စပီကာနဲ့ အခြား အဆင့်မြင့် ပါဝါ အစိတ်အပိုင်းတွေ ပါရှိပါတယ်။ ကီးလပ်စ်နဲ့ ဒီဗီဒီ ပလေယာတွေကိုလည်း ရရှိဦးမှာ ဖြစ်ပါတယ်။  ဈေးသက်သက်သာသာနဲ့ ဗန် ပုံစံ ခရီးသည် များများဆန့်တဲ့ ကားအမျိုးအစားကို ရှာဖွေနေသူများအတွက် ဟွန်ဒါ အိတ်ခ်ျ ၀မ်း က အသင့်ရှိနေပါတယ်။ ဒီဇယ် အင်ဂျင်ကို ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တော်တော် လူသုံးများလာတာကို တွေ့ရပါတယ်။ နောက်ခန်းမှာ ထည့်စရာနေရာတွေ ပါရှိတဲ့အတွက် လုပ်ငန်း နယ်ပယ်အမျိုးမျိုးမှာ သုံးနိင်မှာ ဖြစ်ပါတယ်။

ဟွန်ဒိုင်းမော်တာက ကိုးရီးယားနဲ့ အင်ဒိုမှာ ဟွန်ဒိုင်း စတာရတ်ခ်ျကို ထုတ်ပါတယ်။ ဒီမှာတော့ စလစ် လွတ်ဖြစ်တဲ့ ၂၀၀၈ အကျော်ကို သွင်းကြပါတယ်။ မော်ဒယ် အမြင့်ဖြစ်တဲ့ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၁ အတွေ့ရများပါတယ်။ ၂၀၀၅ မော်ဒယ်နိမ့်တွေကိုတော့ ပြည်တွင်း အရောင်း အ၀ယ် ဈေးကွက်တွင် ဈေးသက်သက်သာသာ နဲ့ရနိင်ပါတယ်။

hyundai starex for sale

စွမ်းဆောင်ရည်

ထုထည်ကြီးမားတဲ့ ကားကို ဆွဲဖို့ ၂.၄ လီတာ ဓာတ်ဆီ အင်ဂျင်၊၂.၅ လီတာ ဒီဇယ် အင်ဂျင်၊ ၃.၀လီတာ အင်ဂျင်တွေကို သုံးထားပါတယ်၊။ ပထမမျိုးဆက်ဖြစ်တဲ့ မော်ဒယ် အနိမ့်နှစ်တွေမှာ မန်နျုးယယ်သာ အလာများပါတယ်။ ဒီဇယ် အင်ဂျင်ကတော့ ၃၈၀၀ rpm မှာ အသားတင် (bhp ) မြင်းကောင်ရေအား  ၁၆၈ ရှိပါတယ်။ ၀န်အပြည့်တင်လည်း အင်ဂျင်က ကောင်းကောင်းဆွဲနိုင်တယ်လို့ သိရပါတယ်။

ဒီဇိုင်း

ဒီဇိုင်းမှာ ၂၀၀၇ နောက်ပိုင်းမှာ ဒုတိယမျိုးဆက် ဖြစ်သွားတဲ့ အတွက် ရုပ်ထွက် အနည်းငယ်တိုးတက်သွားမှာ ဖြစ်ပါတယ်။ ၂၀၀၇ နောက်ပိုင်းဖြစ်တဲ့ ၂၀၀၈ မော်ဒယ်ကားတွေဟာ ဂရန် စတာရပ်စ်တွေ ဖြစ်သွားပြီး ဒီဇိုင်းပိုင်းကို တော်တော်လေးကောင်းမွန်အောင်မြင့်တင်ပေးထားပါတယ်။ ရှေ့နောက် မီးလုံးတွေ အပြင် အရှေ့ ဘန်ဘား ဒီဇိုင်းတွေကိုလည်း တိုးမြင့်ထားပါတယ်။ မော်ဒယ်သစ်တွေမှာ နဂိုရှိတဲ့ နောက်မီးလုံး တွေကို  အထောင်လိုက်မီးလုံးတွေ အဖြစ်ပြောင်းလဲသွားတာကို တွေ့ရပါတယ်.။ မန်နျူးယယ်ကနေ အော်တို ဒီဇယ်တွေ ဖြစ်သွားပြီး ဆန်းရု ခေါင်မိုးတွေလည်း ပါရှိလာပြီး ကား ဒိုင်ခွက်တွေက အစ တိုးမြင့်ထားပါတယ်။ တံခါး နှစ်ဖွင့်ဖက်တွေလည်း ဖြစ်သွားပါတယ်။ နဂို မော်ဒယ်နိမ့်တွေတုန်းက တစ်ဖက်ဖွင့်ပဲ ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှု

hyundai starex for sale

ဈေးနှုန်းများမှာ ၂၀၀၃ ၊ ၂၀၀၄၊ ၂၀၀၆ ခုနှစ်လောက်ကို ကျပ်သိန်း ၁၃၅ ကနေ ၁၅၀ လောက် ထိရှိပါတယ် မော်ဒယ်အမြင့် ဂရန် စတေရှင်းတွေလိုတော့ ကျပ်သိန်း ၂၀၀ နား ကပ်နေတဲ့ ဈေးတွေ သိပ်မရှိပါဘူး။

သုံးသပ်ချက်

 ဓာတ်ဆီ ၊ ဒီဇယ်၊ အော်တို၊ မန်နျူးယယ် အစရှိသဖြင့် ရွေးနိုင်တဲ့ ကားအမျိုးအစားတွေ ဖြစ်ပြီး လူ ၁၂ ယောက်နီးပါး စီးနင်နိုင်တဲ့ အတွက် အဆင်ပြေတဲ့ကားတွေ ဖြစ်ပါတယ်။ ဟွန်းဒိုင်း စတာရပ်စ် ရိုးရိုးတွေကတော့ အနည်းငယ် ဒီဇိုင်းအားဖြင့် ရိုးရှင်းမှာ ဖြစ်ပြီး ဂရန် စတာရပ်စ်တွေကတော့ မော်ဒယ် ပိုသစ်တာကို တွေ့ရပါမယ်။ ဈေးနည်းနည်း ပိုစိုက်ရတာခြင်း တူစွာ ဟွန်ဒိုင်း ဂရန် စတာရပ်စ်တွေကို ပိုပြီး နှစ်သစ်နိုင်မှာ ဖြစ်ပါတယ်။