: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်

ပြည်တွင်း အသုံးပြုနေကြတဲ့ အီဆူဇူ ELF များ

Isuzu Elf for sale in Myanmar Car Market

အီဆူဇူ ဟာ  ဆလွန်၊ SUV ၊ ပစ်ကပ် ထရပ်စ်နဲ့ အခြား ဘတ်စ်နဲ့ လုပ်ငန်းသုံးယာဉ်များကို ထုတ်လုပ်ရာမှာ နာမည် တစ်ခု ရှိနေပြီး ကြည့်လိုက်တာနဲ့ ကားတွေရဲ့ ထိပ်ရှေ့ခေါင်းမှာ အီဆူဇူဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ ရေးထားတဲ့ တံဆိပ်ကို တွေ့နိင်ပြီး မြန်မာ ပြည်တွင်း မြို့ကြီးများရဲ့ လမ်းတွေ တော်တော်များများရဲ့ အထက်မှာ တွေ့နိင်ပါတယ်။ လုပ်ငန်းသုံး ယာဉ်တွေထဲကတော့ နည်းနည်း အတွေ့ရနည်းပါတယ်။ တိုယိုတာ၊ မစ်ဆူဘီရှိ စတဲ့ တံဆိပ်တွေရဲ့နောက်  လိုက်ပါနေတဲ့ အီဆူဇူ ဖြစ်ပါတယ်။ အသုံးနည်းပေးမဲ့လည်း ဈေးနှုန်း ချိုသာလှတာကို တွေ့ရပါတယ်။

စွမ်းဆောင်ရည်

တစ်ခြား ကမ္ဘာ့အနှံနိင်ငံတွေမှာတော့ အီဆူဇူကို ၆ တန်ကနေ ၁၀ တန်အထိရှိတဲ့ လုပ်ငန်းသုံးကားတွေ ထုတ်လုပ်သူ အဖြစ် တွေ့မြင်ရမှာ ဖြစ်ပြီး CNG နဲ့ LPG ထောက်ကူမူပေးတဲ့ ဂက်စ် အင်ဂျင်တွေနဲ့ ဒီဇယ် အင်ဂျင် နှစ်မျိုးလုံးကို  ထုတ်လုပ်ပေးနေပြီး အမေရိက မှာတော့ ဓာတ်ဆီကား တစ်မျိုးကိုသာ ထုတ်ပါတယ်။ ဒီဇယ်ကားများအဖြစ် အီဆူဇူ NPR  ECO-Max, NPR-HD, စတဲ့ မော်ဒယ် နံပါတ်များကို တွေ့ရမှာ ဖြစ်ပါတယ်။ အီဆူဇူ  ELF ဘောက် ထရပ်စ် မန်နျူးယယ်ဂီယာ၊ ဒီဇယ်ဆိုလျှင် ကျပ် သိန်း (၂၀၀) ကျော်ဖြစ် ရနိင်ပြီး အင်ဂျင်ကတော့ ၄၀၀၀ စီစီကျော်ကို ရရှိမှာ ဖြစ်ပါတယ်။

ဒီဇိုင်း

အီဆူဇူ ထရပ်တွေဟာ နှစ်ပေါင်း ၁၃ နှစ်အတွင်း ပြောင်းလဲတိုးတက်မှု အနေနဲ့ မြင့်မားတဲ့ အမိုး၊ အနောက် ခန်း ကျယ်ပြန့်မှုတွေနဲ့  ၂၀၀၇ နှစ်စပိုင်းမှာ ဂျပန် ဈေးကွက် အတွင်း စတင် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုသို့မော်ဒယ် ပြောင်းလဲမှုထဲမှာ  အပေါ့စား လိုက်ခ်ထရပ် ဂျူတီ ထရပ်နဲ့ မီဒီယံဂျူတီ ထရပ်တွေကို ပါ ပါဝင်ပြောင်းလဲထားပါတယ်။  ထိုကားတွေတော့ ကမ္ဘာ့နဲ့ တစ်ဝန်းမှာ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ အီဆူဇူအနေနဲ့ ကမ္ဘာ့နဲ့ တစ်ဝန်းမှာ ထရပ်တွေမှာ လိုအပ်လျက်ရှိတဲ့ လုံခြုံမှု၊ လောင်စာဆီ သက်သာမှု၊ အကျိုးသက်ရောက် စေမှုတို့နဲ့ ပတ်ဝန်းကျင် စွမ်းဆောင်ရည်ကို ကမ္ဘာ့လုံးဆိုင်ရာ အချက်တွေပေါ်မှာ မှုတည်ပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အစိတ်အပိုင်း တွေဟာ ဖြန်းတီးမှု မဖြစ်စေပဲ ပြန်လည် ဒီဇိုင်း အသစ် ပြန်လည် ပြုလုပ်ထားမှုကို အတွင်းနဲ့ အပြင် ဖက်မှာပြုလုပ်ထားပါတယ်။ ၂၀၀၆ ခုနှစ်ရဲ့ အမြင့်စား အမိုးနဲ့ ကျယ်ပြန့်တဲ့ ကုန်တင် ဧရိယာအတွက် ဆုတွေကို ပိုင်ဆိုင်ထာခဲ့တာ ဖြစ်ပါတယ်။  ကိုယ်ထည် ဆိုဒ်တွေနဲ့ အရှေ့ဖက် အစိတ်အပိုင်းတွေကို ကျယ်ပြန့်အောင် မြင်တင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

Isuzu Elf for sale

အီဆူဇူ ထရပ်

မော်ဒယ် ချဲဆီးတွေပေါ်မူတည်ကာ အင်ဂျင်တွေလည်း ကွဲပြားသွားမှာ ဖြစ်ပါတယ်။ ဒီဇယ်ဆိုလျှင် ၂၀၀၀စီစီကနေ ၄၀၀၀ စီစီ အထိကို ရှိပြီး  ဓာတ်ဆီဆိုလျှင် ၁၆၀၀ စီစီ မှာ ရရှိမှာ ဖြစ်ပါတယ်။ မျိုးဆက် ( ၆) ဆက်လောက်ထိရှိပြီး  နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ ၂၀၀၆ နှစ်ကုန်လောက်ကနေပြီး စဖြန့်ခဲ့တာ ဖြစ်ပါတယ်။ မော်ဒယ် အနေနဲ့  ELF  150, Elf Super, Elf Wide အစရှိသဖြင့် ရှိမှာ ဖြစ်ပါတယ်။ အီဆူဇူ  ELF များဟာ ပုံမှန် အလယ်အလတ်စားရှိတဲ့  ထရက်ကားတွေ ဖြစ်ကြပြီး ၁၉၅၉ လောက်ကတည်း က စပြီး ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန် ရဲ့ အပြင် ဖက်မှာတော့ N စီးရီး လို သိကြပါတယ်။ ပြီးတော့ သြစတြီးရီးယားကိုလည်း တင်ပို့ပါတယ်။  အင်ဒိုးနီးရှားမှာ ဆိုလျှင်တော့ထရပ် ကုန်တင်ကားတွေ အဖြစ်သုံးရုံသာမက  အသေးစား ဘတ်စ်ကား အဖြစ်လည်းသုံးပြီး ကျောင်းကား၊ အလုပ်အကြိုအပို့ကားတွေ အဖြစ် သုံးကြပါတယ်။အီဆူဇူ လုပ်ငန်းသုံးကားများ အနေနဲ့ တစ်ပတ်ရစ် ဈေးကွက်ထဲက အီဆူဇူ ELF ဆိုလျှင် မန်နျူးယယ် ဒီဇယ်ကို ကျပ်သိန်း  ၁၇၀ နဲ့ ၁၈၀ ပတ်ဝန်းကျင်လောက်တွင် ရရှိနိင်ပါမယ်။

အီဆူဇူ ကုမ္ပဏီဟာဆိုရင် နှစ်ပေါင်း (၁၀၀) နီးပါးခန့်ရှိ ဂျပန်နိင်ငံ တိုကျိုမှာ ရုံးထိုင်ထားတဲ့ ဂျပန် လုပ်ငန်းသုံးယာဉ်တွေနဲ့ဒီဇယ် အင်ဂျင် ထုတ်လုပ်မူတွေကို ဆောင်ရွက်နေတဲ့  ဂျပန် ကုမ္ပဏီ တစ်ခုဖြစ်ပါတယ်။  အီဆူဇူရဲ့ ဒီဇယ် အင်ဂျင်တွေကို  ကမ္ဘာ့အနှံမှာ တွေ့ရှိနိင်ပြီး အမေရိက  GM ကုမ္ပဏီနဲ့ အခြား ကုမ္ပဏီတွေကတောင် ၀ယ်ယူအသုံးပြုနေတာကို တွေ့ရပါတယ်။ 

 ဈေးနှုန်းနဲ့ ရရှိနိုင်မှု

အီဆူဇူ  ELF ဘောက် ထရပ်စ် မန်နျူးယယ်ဂီယာ၊ ဒီဇယ်ဆိုလျှင် ကျပ် သိန်း (၂၀၀) ကျော်ဖြစ် ရနိင်ပြီး အင်ဂျင်ကတော့ ၄၀၀၀ စီစီကျော်ကို ရရှိမှာ ဖြစ်ပါတယ်။ ပြည်တွင်း ၀ယ်လက်တွေဆီကလည်းကောင်း၊ လေလံတွေကလည်း ကောင်း ၀ယ်ယူရရှိနိုင်ပါတယ်။

သုံးသပ်ချက်

ဗန် ပို့ဆောင်မှု ယာဉ်တွေအဖြစ် တွေ့ရမှာ ဖြစ်ပြီး မြန်ဆန် လုံခြုံမှုရှိတဲ့ ထရပ်ကားတွေ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် မြင့်မားပြီး ကုန်ကျမှု သက်သာပါတယ်။လမ်းကြမ်းတွေဆီမှာတောင် ကောင်းမွန်တဲ့ ထရပ်ကားတွေ ဖြစ်ပါတယ်။