Myanmar [Burma]
- အသစ်
- အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သော
- ဓာတ်ဆီ
- 2000
MODELXE 2.0 I4P GTDi R - Sport, 8 - Speed Automatic Transmission, 2017 MYEXTERIOR COLOURRhodium SliverINTERIOR COLOURJet Light Oyster Stitch SeatsSTANDARD FEATURESR - Sport Fender Vent BlackRear ...
Myanmar [Burma]
- အသစ်
- အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သော
- ဓာတ်ဆီ
- 3000
MODELXJ Protfolio, 3.0L Petrol V6 SC, LWB 8 - Speed Automatic Transmission, 2017 MYEXTERIOR COLOURPolaris WhiteINTERIOR COLOURPerforated Quilted S/Grain Leather IP Contrast - Jet/London TanSTANDA...
Myanmar [Burma]
- အသစ်
- အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သော
- ဒီဇယ်ဆီ
- 2000
F- PACE ,2.0L i4D , Prestige $130,000ENGINEPropellant Diesel Type ...
Myanmar [Burma]
- အသစ်
- အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သော
- ဓာတ်ဆီ
- 2000
MODELXJ Protfolio, 2.0L Petrol i4, LWB 8 - Speed Automatic Transmission, 2017 MYEXTERIOR COLOURNarvik BlackINTERIOR COLOURPerforated Quilted S/Grain Leather TrimIP Contrast - Lunar/CirrusSTANDARD...
Myanmar [Burma]
- အသစ်
- အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သော
- ဓာတ်ဆီ
- 3000
MODELXF R - Sport, 3.0L V6 S/C Petrol, RWD 8 - Speed Automatic Transmission, 2017 MYEXTERIOR COLOUREbony BlackINTERIOR COLOURJet and Red Zone, Jet/ Red Stitch SportSTANDARD FEATURESFront Park Aid...
Jaguar ကားများ
Jaguar Motors ဆိုတာ အင်္ဂလိပ် အခြေဆိုက် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီကြီး တစ်ခု ဖြစ်ပါတယ်။ Jaguar Land Rover လို့ အမည်ရတဲ့ ကုမ္မဏီကနေ အခွဲငယ် တစ်ခု အဖြစ် ခွဲထွက်ထားခြင်းသာ ဖြစ်ပြီး Jaguar နဲ့
လန်းရိုဗာ ဟာ ကုမ္မဏီတစ်ခုတည်း ဖြစ်ပါတယ်။ ဗြိတိန် တော်ဝင် မိသားစု နှစ်ခြိုက်စွာ အသုံးပြုတဲ့ ကား တစ်မျိုးလည်း ဖြစ်ပါတယ်။ ဗြိတိန် မော်တော်ယာဉ် စက်မှု လုပ်ငန်း အတွက် ဂုဏ်ဆောင် ကုမ္မဏီတစ်ခုလည်း ဖြစ်ပါတယ်။ ဂျာဂွား မှာ မြန်မာကို ရောက်တာ ကား အမျိုးအစား သိပ်မများ ပါဘူး။ အများစု ကတော့ S type ကိုပဲ အနီးစပ်ဆုံး သိရှိကြမှာ ဖြစ်ပါတယ်။ သူကတော့ ၂၀၁၂ ခုနှစ် ကတည်းက မြန်မာပြည်ကို ရောက်ရှိ နေတဲ့ ကား ဖြစ်ပါတယ်။ ဒီတော့ S Type ကိုပဲ အရင်ဆုံး အလေးပေး ဖော်ပြ လိုပါ သေးတယ်။
ဂျာဂွား S Type ကားများ
၂၀၀၃ က Jaguar S type ကိုအခြေခံထား ပါတယ်။ သို့ပေမယ့် XJ စီးရီးဆိုတာ Jaguarရဲ့အစဉ်လာကြီး တဲ့ မော်ဒယ် ဖြစ်ပါတယ်။ ၁၉၆၈ ကတည်းက စတင်လို့ ယနေ့တိုင် ဆက်လက် တည်ရှိနေတဲ့ Brand ဖြစ်ပါတယ်။ နောက်ဆုံးမော်ဒယ်ကတော့ ၂၀၀၉ အထက်ဖြစ်ပါ တယ်။ မြန်မာပြည်အဝင်များကတော့ ၂၀၀၃ နဲ့ ၂၀၀၉ ကြားက X350 အမျိုးအစား ဖြစ်ပါတယ်။ အင်္ဂလန် ကားဖြစ်တဲ့အတွက် ဂျပန်တို့နဲ့စာရင် ဆီစား မသေးလှပါဘူး။ ဒီတစ်ချက်ကြောင့်လည်း မြန်မာတို့ အင်္ဂလန်နဲ့ အမေရိကန် ကား သွင်းရန် ကြောက်ခြင်း ဖြစ်ပါတယ်။
ဒီမှာက ရွေးချယ်စရာ အင်ဂျင် ငါးမျိုး ရှိပါတယ်။ အသေးဆုံး ကတော့ ဒီဇယ်ဖြစ်ပြီး ၂.၇လီတာ ပစ်စတင် ၆လုံးပူး အင်ဂျင် ဖြစ်ပါတယ်။ မြင်းကောင်ရေအား ၂၀၁ ပဲထုတ်တဲ့အတွက် XJ ထဲမှာ သူဆီစားအသက်သာ ဆုံး ဖြစ် ပါတယ်။ ကျန်တာကတော့ ၆လုံးပူး ဓာတ်ဆီ ၃လီတာ ၂၃၅မြင်းကောင်ရေ၊ ၈လုံးပူး-၃.၅လီတာ-မြင်းကောင်ရေ ၂၆၂၊ ၈လုံးပူး ၄.၂လီတာ-မြင်းကောင်ရေ ၂၉၅၊ ၈လုံးပူး ဓာတ်ဆီစူပါချာဂျာ- ၄.၂ လီတာ-မြင်းကောင်ရေ ၃၉၀ hp အမျိုးအစား တို့ ဖြစ်ပါတယ်။ ၄၂၀၀ စီစီ ၂၀၀၃ မော်ဒယ်ကို ဂျပန်လေလံမှာ အတွေ့များပါတယ်။
ဇိမ်ခံကား ဖြစ်

ဇိမ်ခံဆလွန်း ဖြစ်ပါတယ်။ အော်တိုဂီယာ ၆ချက်ထိုး တစ်မျိုး တည်းပဲ ထုတ်လုပ်ပါတယ်။ ဘော်ဒီမှာ အဓိက စားတဲ့ ကားဖြစ်ပါတယ်။ စတီးမသုံးပဲ အလူမီနီယံကို အသုံးပြုထား ပါတယ်။ ဘော်ဒီတစ်ခုလုံးကို အလူမီနီယံ သတ္တုနဲ့ချည်းလုပ် ထားတာ ဖြစ်ပြီး စတီးသုံးရင် မူလထက် ဝိတ် ၄၀ ရာခိုင်နှုန်း တက်နိုင်တာမို့ ဖြစ်ပါတယ်။ ဒါကြောင့် သူ့ရဲ့ ဝိတ်က ၃၉၄၆ ပေါင် ရှိပါတယ်။ နောက်က ကာဂိုခန်းအတွက် အခန်းကတော့ ကျဉ်းပါတယ်။ မီနီ Hatch နဲ့ပဲ အသုံးပြုထား ပါတယ်။
တံခါးလေးပေါက် ဇိမ်ခံဆလွန်း ဖြစ်ပြီး ရှေ့ နောက် မီးလုံး ပြင်ဆင်မှုကတော့ Jaguar ရဲ့ ထုံးစံအတိုင်း Unique ဖြစ်နေပါတယ်။ စမတ်ကီး၊ ပါဝါဝင်းဒိုး နဲ့အခြား အီလက်ထရောနစ် ပစ္စည်းပေါင်စပ်မှုတို့ ပါဝင်ပြီး ၂၀၀၇ အောက် မော်ဒယ် ဖြစ်တဲ့အတွက် ခေတ်မှီပစ္စည်းစုံလင်မှု မရှိပါဘူး။ သို့ပေမယ့် တစ်ခါတစ်ရံ ၂၀၀၃ မော်ဒယ် တို့မှာတောင် LCD တီဗွီ၊ Navigation စနစ် စတို့ ပါဝင်နိုင် ပါသေးတယ်။၂၀၀၇ ကနေ ၂၀၀၉ ကြားကတော့ X358 ဆိုပြီး နာမည်ပြောင်း ထုတ်တဲ့ အတွက် XJ (X350) ခေါင်း စဉ်အောက်မှာ ရှိပေမယ့် အများကြီး ပြောင်းလဲ သွားပါတယ်။ ၂၀၀၇ အထက် ဖြစ်တဲ့ အတွက်လည်း သွင်းသူ နည်းပါ တယ်။ လေလံ မှာလည်း တွေ့ခဲ ပါတယ်။ X350 ကတော့ ကားအရှည် ၁၂၄.၄ လက်မ၊ အကျယ် ၈၃ လက်မ၊ အမြင့် ၅၇လက်မ ရှိပြီး တံခါးလေးပေါက် လေးဦးစီး ဆလွန်းဖြစ် ပါတယ်။ ဂျပန်လေလံ ထဲမှာ ယန်း ၈ သိန်း၊ ၉သိန်း မကျော်တဲ့ X350 များ ရှိနေတဲ့အတွက် သိန်း ၂၀၀ ကျော် ဝန်းကျင်နဲ့လည်း ရနိုင်တဲ့ ကားများ ဖြစ်ပါတယ်။ Jaguar အမှတ်တံဆိပ် ထဲကနေ ရရှိ နိုင်တဲ့ ကား အမျိုးမျိုးကို motors.com.mm မှာ စိတ်ကြိုက် ရွေးချယ် လေ့လာ ဝယ်ယူ နိုင်ပါတယ်။