: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်

ပြည်တွင်းက ကီရာ ဘွန်ဂိုများ

Kia Bongo for sale

ပြည်တွင်း ကိုးရီးယား နာမည်ကြီး ထရပ်ဖြစ်တဲ့ ဘွန်ဂို ထရပ်များ

ကိုးရီးယားကားတွေထဲက နာမည်ကြီး တစ်ခုဖြစ်တဲ့ ကီရာ ဘွန်ဂိုလေးတွေကို လုပ်ငန်းသုံး ယာဉ်တစ်ချို့အဖြစ်နဲ့ လူစီးကားတွေ အဖြစ် တွေ့ရလျက်ရှိပါတယ်။  အနောက်က ဖလတ်ကားကိုယ်ထည် ဖြစ်တဲ့ ဘွန်ဂိုလေးတွေကိုတော့ ဘုရားဖူးနဲ့ နယ်ကား အချို့ကို သွားရောက်တဲ့ ကားတွေ အဖြစ်နဲ့ ဌားရမ်းလျက်ရှိပြီး တစ်ချို့ လုပ်ငန်း အလတ်စားနဲ့ အသေးစားများတွင် လည်း သုံးစွဲလျက်ရှိပါတယ်။ ဘွန်ဂိုကို ကား နှစ်မျိုးကွဲအနေနဲ့ တွေ့နိင်မှာ ဖြစ်ပြီး ကိုခ်ျလို့ခေါ်တဲ့ တိုယိုတာ ဟိုင်းအေ့ ပုံစံ ကားပုံစံမျိုးကို လည်းတွေ့ရမှာ ဖြစ်ပါတယ်။ ဘုရား ဖူးကားတွေ အဖြစ် လူအနည်းစုကို  တင်ဆောင်အသုံးပြုနိင်မှာ ဖြစ်ပါတယ်။ တစ်ချို့ကိုတော့ ဘောက်စ် ထရပ်ကားလေးတွေအဖြစ် တွေ့နိင်ပါတယ်။

ပြည်တွင်းက  ဘွန်ဂို တစ်ပတ်ရစ်များ

 မျိုးဆက် လေးဆက်မြောက် ဖြစ်တဲ့ ကီရာ ဘွန်ဂိုတွေကို  အများဆုံးတွေ့ရမှာ ဖြစ်ပါတယ်။ မျက်နှာပြင် တွေကို အသစ်ပြန်လည် မိုးမံ့ထားပြီး  အင်ဂျင်တွေကိုလည်း တိုးမြင့်ထားပါတယ်။ ဘောက်စ်ထရပ် ကီရာ ဘွန်ဂိုလေးများနဲ့ ကိုအခ်ျ  ဗန် ပုံစံ တွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ကိုအခ်ျကတော့ ကားမှာ တိုယိုတာ ဟိုက်အေ့တို့ ကွန်မြူတာတို့နဲ့ ဆင်ပါတယ်။ ကိုးရီးယား ကား ဖြစ်တဲ့ အတွက် ဘယ်မောင်း ဖြစ်မှာ ဖြစ်ပါတယ်။

ကီရာ ဘွန်ဂိုတွေကို ကီရာ မော်တော်ကနေ ၁၉၈၀ လောက်ကတည်းက စတင်ထုတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ကပ် ထရပ်နဲ့ ဗန်ဆိုပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခု ပြည်တွင်းမှာ တွေ့ရများတာကတော့ စတုတ္ထ မျိုးဆက်ဖြစ်တဲ့   ၂၀၀၄ မှ နောက်ယနေ့ထိထုတ်နေတဲ့ ကီရာ ဘွန်ဂို သရီး မျိုးဆက်ကိုဖြစ်ပါတယ်။

ဘွန်ဂွန် ထရပ်တွေရဲ့ စွမ်းဆောင်ရည်

Kia Bongo for sale

ကီရာ ဘွန်ဂွန်တွေရဲ့ အင်ဂျင်တွေဟာ ဒီဇယ် အင်ဂျင်တွေ ဖြစ်ပြီး ၀န်တင်မှုကို ပိုမိုရုန်းနိုင်အောင်နဲ့ ပေါ့ပါးစွာ သွားလာနိုင်အောင် အင်ဂျင်တွေကို အသားပေး စီမံထားပေးပါတယ်။ ဘွန်ဂွန်တွေကို ကေစီးရီး အနေနဲ့ တွေ့ရမှာ ဖြစ်ပြီး ကေ ၂၄၀၀ ၊ ကေ၂၇၀၀ တို့ ရှိပါတယ်။ အင်ဂျင်ကတော့ ၂၄၀၀ စီစီနဲ့ ၂၇၀၀ စီစီတို့ကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ညာမောင်းတွေကို အင်ဒိုနီးရှားနဲ့ အခြား ပြည်တွင်းမားကတ်အတွက် ထုတ်လုပ်ပါတယ်။  ဘယ်မောင်းတွေကိုတော့ ၂၀၀၁ ကနေ ၂၀၀၄ ထိကိုပဲ ထုတ်ပါတယ်။

ဘွန်ဂို ဖလတ်

ကားကိုယ်ထည် အနောက်ရှည်ကားတွေ ဖြစ်ပါတယ်။ ဒီဇိုင်းမှာ ဂျပန်ကားတွေထက် သစ်လွင်ပြီး အရောင်များမှာ သစ်လွင်လှပါတယ်။ တန်အားဖြင့် ၁တန်နဲ့ ၁.၃ တန်လောက်သာ ရှိတာကို တွေ့ရပါတယ်။ မန်နျူးယယ် ဒီဇယ်ကားတွေ ဖြစ်ပြီး အင်ဂျင်က ၂၉၀၀ စီစီ လောက် ရှိတတ်ကြပါတယ်။ အင်ဂျင်က နည်းနည်း အလတ်စား ရှိပေမဲ့ ဒီဇယ် အင်ဂျင် ဖြစ်တဲ့ အတွက်  မဆိုးလှဘူးလို့ ဆိုရပါမယ်။ အတွင်းခန်းကလည်း ခန့်ညားပါတယ်။ ဆိုဖာများနဲ့ အတွင်းခန်း အစိတ်အပိုင်းများမှာ လည်း တစ်ပတ်ရစ်တွေ ဆိုပေမဲ့  ကောင်းမွန်လှတာကို တွေ့နိင်ပါတယ်။ မြန်မာ ပြည်သူတွေအတွက်အသုံးဝင်ပြီး ဈေးသက်သာလှတဲ့ ဘွန်ဂိုလေးတွေပါပဲ။ ပါဝါ ၀င်းဒိုး၊ ပါဝါ စီယာတိုင်၊ လေအိတ်များနဲ့ ရေဒီယို စတဲ့ အစိတ်အပိုင်းများနဲ့ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။ အရှေ့မှာ လူ(၃) ယောက်လောက်ထိုင်လို့ အဆင်ပြေမှာ ဖြစ်ပါတယ်။

ဘွန်ဂို ကိုအခ်ျ

Kia Bongo for sale

သူကတော့  ခေါက်ခုံး အပါအ၀င် လူ  (၁၅) ယောက် စီးလို့ရပါတယ်။  ဘွန်ဂို သရီး ရဲ့ ကိုအခ်ျ ဗန်ဗားရှင်းလို့ခေါ်ပြီး အင်ဒိုမှာတော့ ထုတ်တုန်းပါပဲ။  ဒါပေမဲ့ ကီရာ ထရာဗယ်လို ဆိုတဲ့ တစ်ခြား နာမည်နဲ့ ဖြစ်ပါတယ်။ အင်ဂျင်ကတော့ ၂၉၀၀ စီစီ ရှိပါတယ်။ မန်နျူးယယ်၊ ဒီဇယ်ကားပါပဲ။  အတွင်းခန်းကလည်း ကောင်းမွန်လှတာကို တွေ့ရပါတယ်။ လူနည်းစုနဲ့ မိသားးစုလိုက် ခရီးသွားတွေ အတွက် လိုက်ပါ ပို့ဆောင်ပေးနိင်တဲ့  ကားအမျိုးအစား တွေပါပဲ။  အတွင်းခန်းက လယ်သာနဲ့ ထိုင်ခုံ အစိတ်အပိုင်းတွေဟာ ကားရဲ့ ဂရိတ်ပေါ်မူတည်ပြီး ကွာခြားသွားမှာ ဖြစ်ပါတယ်။ တံခါး လေးပေါက်ဖြစ်ပြီး နောက် ဘေးနှစ်ဖက်က တံခါးကတော့ ဆွဲတံခါး ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှု

တစ်ပတ်ရစ်များ အတွက် ဈေးနှုန်း သင့်တင့်တာကိုတွေ့ရပါတယ်။  ၂၀၀၄ ကနေ စတာ ဖြစ်တဲ့ အတွက် ၂၀၀၄ ဆိုရင် ကျပ်သိန်း ၉၀ လောက်မှာ စပြီး  သိန်း ၁၅၀ လောက် ထိ ရှိပါတယ်။ ကိုအခ်ျ ဗန်ဆိုရင်တော့  ကျပ် သိန်း ၁၆၀ကနေ ၂၀၀၆ ခုနှစ်လောက်ဆိုရင် ၁၆၅ သိန်း လောက်ထိ ဈေးရှိနေပါတယ်။