: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ

ကီရာ ကားများ

ကီရာဟာ မြန်မာပြည်ကို ဝင်ရောက်တာ နောက်ကျတဲ့ ကား ဖြစ်ပါတယ်။ သို့ပေမယ့် ဈေးကွက် ချဲ့ထွင်မှုမှာ အတော်လေး ထိရောက် တာကြောင့် ရေပန်းစားတဲ့ ကား အမှတ် တံဆိပ် တစ်မျိုး ဖြစ်လာ ပါတယ်။ သူက တောင်ကိုရီးယား ဟရွန်ဒေး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ လက်အောက်က အခွဲ တစ်ခုပဲ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်Search and buy Kia in Yangon, Myanmar Car Market နှစ်ကုန်ပိုင်း လောက်မှာပဲ  မြန်မာပြည်ကို တရားဝင် အရောင်း ကိုယ်စားလှယ် ကနေ ရောင်းချ ပေးတာကြောင့် တစ်ပတ်ရစ် ဈေးကွက် မှာ ကီရာ အဟောင်းတွေ မတွေ့ရသလောက်ဖြစ်သွား ပါပြီ။ ဒါကြောင့်မို့ ကီရာရဲ့ နာမည် အကြီးဆုံး ကေဖိုက်၊  ဆလွန်းနဲ့ ကီရာ ဆောရန်းတိုး ကား တို့ကို ဖော်ပြ ချင်ပါတယ်။

ကီရာ ကေ ဖိုက် (Kia K5)

သူ့ကို ကီရာ အော့ပတီမာ လို့လည်း ခေါ်ပါတယ်။ ၂၀၁၀ ခုနှစ် နောက်ပိုင်းထုတ် ကားများ ဝင်ပြီး တံခါး လေးပေါက် ဆလွန်း ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၂၄၀၀ စီစီက အကြီးဆုံး ဖြစ်ပါတယ်။ ဂီယာ ၆ ချက် ရိုးရိုး နဲ့  အော်တို ဆိုပြီးတော့ နှစ်မျိုး ထုတ်လုပ် ထား ပါတယ်။ တာဘို တပ် ကား အဖြစ်၊ ဟိုင်းဘရစ်ကားလည်း ထုတ်လုပ် ထားပါ သေးတယ်။ ထုတ်လုပ်တာ ကတော့ တောင်ကိုရီးယား၊ တရုတ်၊ အင်ဒိုနီးရှား နဲ့ မလေးရှား တို့မှာ ဖြစ်ပါတယ်။ K5 နဲ့ Optima K5 လို့တောင် ခွဲထား ပါသေးတယ်။ သူက မြို့တွင်းနဲ့ ခရီးတို သွားဖို့ လောက်ပဲ ရည်ရွယ်ထားတဲ့ ကား ဖြစ်တာကြောင့် မြို့တွင်း အတွက် အထူး အသင့်တော်ဆုံး ဖြစ်ပါတယ်။ သူနဲ့ အပြိုင် ကတော့ တိုယိုတာရဲ့ ခရောင်း ဖြစ်ပါတယ်။

ကီရာ ဆော်ရန်းတိုး

Kia Sorento ကတော့ အက်စ်ယူဗီ အမျိုးအစား ကား ဖြစ်ပြီး အင်ဂျင် အရွယ် ၃၀၀၀ အောက်မှာပဲ ရှိတဲ့ ကားများ ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာပြည်ကို တင်သွင်း ရောင်းချတဲ့ အခါ ဝယ်ယူကြခြင်း ဖြစ်ပါတယ်။ ဒီဇိုင်းလှ ပါတယ်။ တံခါး လေးပေါက် အက်စ်ယူဗီ ဖြစ်ပြီး Look for Kia around Yangon၂၀၁၀ နောက်ပိုင်းက နောက်ဆုံးပေါ် မော်ဒယ်များ ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၃၅၀၀ စီစီ အသုံးပြုတဲ့ ဓာတ်ဆီ အမျိုးအစား ကားလည်း ရှိပါ သေးတယ်။ ဆောရန်းတိုး ရဲ့ ဈေးနှုန်း ကလည်း သိန်း ၁၀၀ ဝန်းကျင်မှာပဲ ရှိပါတယ်။ အသစ်ကား ဖြစ်ပါတယ်။

ကီရာ ဝင်ရာ နည်းလမ်း

လက်ရှိ ကီရာက ရန်ကုန်မှာ အရောင်းစင်တာ နဲ့ ဝန်ဆောင်မှု စင်တာ ရှိပြီး အထက်ပါ ကား ၂ မျိုးကို အဓိက ထား တင်သွင်း ရောင်းချ ပါတယ်။ ကီရာက  တောင်ကိုရီးယား အမှတ်တံဆိပ် ဖြစ်နေတော့ အချို့ ကလည်း ဂျပန် ကားများဖြစ်တဲ့ တိုယိုတာ နဲ့ ဟွန်ဒါ နဲ့စာရင် ဒီဇိုင်း ပို ထူး ဆန်းတယ်လို့ပြောကြတယ်။ တချို့ကြတော့်လည်း ဂျပန်ကား ကပဲ ပိုကောင်းတယ်လို့ လက်ခံ ထားသူ များလည်း ရှိပါ တယ်။ ဒီတော့ ဆလွန်းနဲ့ အက်စ်ယူဗီ မှာ အပေါ်က ၂ မျိုးကို အဓိကထား ဝယ်ကြ ပြီး ဂျပန် လေလံ ဈေးကွက် ကနေလည်း အခြား အမျိုး အစား တို့ကို ဝယ်ယူတာ ရှိပါ သေးတယ်။ motors.com.mm မှတဆင့် ကီရာ ကား အသစ် အဟောင်း အမျိုးအစား မျိုးစုံကို စိတ်ကြိုက် ရွေးချယ် လေ့လာ စုံစမ်း ဝယ်ယူ နိုင်ပါတယ်။