: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

Lks 160 ညှိနှိုင်း

ရန်ကုန်

Golden Fortune Co.,Ltd
  • 30,000 km

Dark Blue Land Rover Discovery 1997 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver. အ...

ပရီမီယံ

Lks 180 ညှိနှိုင်း

ရန်ကုန်

Golden Fortune Co.,Ltd
  • 100,000 km

Silver Land Rover Discovery 1998 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver. အသံစ...

Lks 145 ညှိနှိုင်း

Myanmar [Burma]

14527
  • 90,000 km

Blue Land Rover Discovery 1997 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံ...

Lks 220 ညှိနှိုင်း

Myanmar [Burma]

14527
  • 80,000 km

Black Land Rover Discovery 2000 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလု...

နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ
Land rover Range Rover for sale in Myanmar Car Market

လန်ရိုဗာကားများ

ပြည်တွင်းမှာ နောက်ပိုင်း နိုင်ငံခြား ဘရန်ကားတွေ အ၀ယ်များလာတော့  ရန်ကုန်တို့လိုမြို့ကြီးတွေမှာ ကားရိုးရွန်တွေကို လန်းရိုဗာဆိုတာ တရားဝင် အရောင်းစင်တာတွေနဲ့ ဖွင့်လှစ်တဲ့အထဲမှာ လန်ရိုဗာ အင်္ဂလန်အခြေဆိုက် ကမ္ဘာကျော် ကားဘရန်းတစ်ခု လည်း ပါဝင်လာခဲ့ပါတယ်။  ရိုးယွိုက်စ် တို့ ချာဗိုလတ် ကားဘရန်းလို နာမည်ရှိတဲ့ လူကြိုက်များ ကား တံဆိပ်ဖြစ်ပါတယ် သူ့ကို မြန်မာပြည်က လူသိများလာတာ မကြာသေးပါဘူး။ မြန်မာပြည်မှာလည်း လန်းရိုဗာ ကားအရေအတွက်ဟာ အရင်ကထက် သိသိသာသာ တိုးတက်လာတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လန်ရိုဗာ ကားအကြောင်းပြောရင် အဓိက သိထားထားကြတဲ့  ရိမ်းရိုဗာနဲ့ လန်ရိုဗာ လေးဘီးယက် ကားများ ဖြစ်ပါတယ်။ အက်စ်ယူဗီလို့ခေါ်ပြီး ကားကြီးများ ဖြစ်ပါတယ်။ လန်ရိုဗာက အခြား ကားကြီး အမျိုးအစားလည်း ထုတ်လုပ်ပါသေးတယ်။ သို့ပေမယ့် မြန်မာပြည်ရောက်တာကတော့ အထက်ပါ ဖော်ပြခဲ့တဲ့ ကား အမျိုးအစား ၂ ခုအပြင် ရန်ကုန်မှာ ရှိတဲ့ လန်ရိုဗာအရောင်းစင်တာ တွေအနေနဲ့ ပြည်တွင်း ဈေးကွက်ကို ဘရန်နယူးကားတွေ အနေနဲ့ ဖြန့်ချိပြီးရရှိနိုင်တဲ့ကားတွေကတော့ Range Rover Evoque, Defender, freelander, Discovery 4, Range Rover Evoque စတဲ့ကားတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။  Range Rover / sport ၂ ခုစလုံးကလည်း အက်စ်ယူဗီကားများ ဖြစ်ပါတယ်။ တံခါး လေးပေါက်၊ နောက်ဖုံးပါ ငါးပေါက်ကား အပြင်၊ ၃ ပေါက်ကားလည်း ရောက်ပါတယ်။ လန်ရိုဗာ ကို လူကြိုက်များရတဲ့ အကြောင်းအရင်းက သူ့ရဲ့  သားနားတဲ့ ဒီဇိုင်းနဲ့ အရည်အသွေးကြောင့်မို့ ဖြစ်ပါတယ်။ ကြည့်ကောင်းရုံတင် မဟုတ်ပါဘူး။  Range Rover ကားတွေမှာ တည်ငြိမ်မှု ထိန်းချုပ်နိုင်စွမ်း၊ အန္တရာယ်ကာ လေအိတ်တွေ၊ နောက်ကြည့်ကင်မရာ၊ ခလုတ်နှိပ်ပြီး ကားစက်နှိုးနိုင်တဲ့ စနစ်တွေ ပါဝင်ပါတယ်။ လို့ လန်ရိုဗာက ဆိုထားပါတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

လန်ရိုဗာ အီဗိုကွစ်တွေက ခရောစ် အိုဗာ အက်စယူဗီ ဇိမ်ခံကားတွေထဲမှာ ပါဝင်ပြီး အင်ဂျင်က ၂၀၀၀ စီစီနဲ့ ၂၂၀၀ စီစီကြားမှာ ရှိပါတယ်။ ဆီစားက သိပ်မရှိတာမို့ လူကြိုက်များရတဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒီဇယ် ၊ ဓာတ်ဆီ ရနိုင်ပါတယ်။ အော်တို ဂီယာ ၆ ချက်၊ ၉ ချက်ရှိပြီး မန်နျူးယယ်လည်း ကွဲလာပါတယ်။ အစ်ယူဗီ ကားတစ်မျိုး ဖြစ်တဲ့ လန်ရိုဗာရဲ့ ဖရီ လန်ဒါထက် ၁၀၀ ကီလိုဂရမ်လောက် ပိုပေါ့တဲ့ကားတွေ ဖြစ်ပါတယ်။ ပေါ့အောင်လည်း ကားရဲ့ ကိုယ်ထည်နဲ့ အောက်ခြေတည်ဆောက်မှုတွေကို အလူမီနီယံနဲ့ ပလတ်စတစ်တို့ကို သုံးထားတဲ့ကားတွေ ဖြစ်ပါတယ်။ ပြီးတော့ လျပ်စစ် ပါဝါ စတီယာရင် စနစ်တွေပါပြီး ­­­လေးဘီးမောင်းအပြင် နှစ်ဘီးမောင်းလည်း ရှိနိုင်ပါတယ်။ ဌင်းရဲ့ အင်ဂျင် လိမ်အားဟာ ၈.၅ စက္ကန့်အတွင်း တစ်နာရီ မိုင်၆၀ တင် မောင်းနိင်ပါတယ်။ အဆိုပါနှုန်းဟာ သိပ်မဆိုးလှပါဘူး။ နောက်အင်ဂျင်တစ်ခုကတော့ ၂၀၀၀ စီစီ အင်ဂျင်ဖြစ်ပြီး  လေးဘီးမောင်းစနစ်နဲ့လိုက်ပါတယ်။ ဌင်းကတော့ အော်တိုဂီယာကိုသာ ရရှိနိုင်မဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ ဘရန်နယူး ဖြစ်တဲ့ ၂၀၁၄ ခုနှစ်ထုတ် လန်ရိုဗာ အီဗိုကွစ်တွေမှာ အမျိုးအစား (၅) မျိုးလောက် ထပ်ကွဲပါတယ်။ ဈေးနှုန်းတွေကလည်း ကွာသလို ပါဝင်တဲ့ အစိတိအပိုင်းတွေကလည်း ကွဲပြားသွားမှာ ဖြစ်ပါတ်။ ဒိုင်နမစ် မော်ဒယ်တွေကပိုပြီး ဈေးကြီးပါတယ်။ ဈေးအကြီးဆုံးက ကားတန်ဖိုးကြီးပဲ  မြန်မာကျပ်ငွေ သိန်း ၆၀၀ ဖြစ်ပါတယ်။ အနည်းဆုံး ၄၀၀ ကျပ်သိန်းလောက်ကနေ စထားပါတယ်။ အနိမ့်ဆုံးဈေးရှိတဲ့ လန်ရိုဗာ အီဗိုကွစ် ပြူးရယ် မော်ဒယ်တွေကို ဖော်ပြရသော တာဗို့ ၂၀၀၀ စီစီ အင်ဂျင်၊ လေးဘီးမောင်း၊ မိုးရွာတဲ့အခါ သုတ်ပေမဲ့ အာရုံခံ ဆင်ဆာ ၀ိုင်ဘား၊ပါဝါ ဘေးဖက် မှန်များ၊ လယ်သာ ထိုင်ခုံ၊ ရှေ့နောက် ပါကင်ထိုး အာရုံခံဆင်ဆာများ၊ အသံပိုင်းဆိုင်ရာ စနစ်များ၊ ဘလူးတုမ့်၊ တော့စခရင် အော်ဒီယိုစတဲ့ နည်းပညာ မြင့် အစိတ်အပိုင်းတွေပါဝင်ပါတယ်။

ပြည်တွင်း ထင်ရှားတဲ့ လန်ရိုဗာ မော်ဒယ်များ

ရိမ်းရိုဗာဆိုရင် ခေတ်အတော်ဆန်တဲ့ ကားဒီဇိုင်းကို ယူထားပါတယ်။ အင်ဂျင်အရွယ် ၂၅၀၀ စီစီကစလို့ ၅ ထောင် စီစီအထိ အစားစား ရှိပါတယ်။ အများစုကတော့ အင်ဂျင်သေးတာပဲ ဝယ်ကြတာပါ။ အကြောင်း ကတော့ အခွန်ခ သက်သာရန်နဲ့ ဆီစားသက်ရာ ဖြစ်ပါတယ်။ ရိမ်းရိုဗာက ကားကြီးဆိုပေမယ့် မြို့ တွင်းသုံး ဇိမ်ခံကား သီးသန့်ဆန်တဲ့ ပုံစံကို ယူထားပါတယ်။ ဘီးခပ်မြင့်မြင့် အတွင်းခန်းမကျဉ်းမကျယ် တည်ဆောက် ထားမှု ပုံစံက အခြား ဘယ်ကားနဲ့မှ မတူပါဘူး။ ဇိမ်ခံ အက်စ်ယူဗီလည်း ဖြစ်တာမို့ သူ့မှာ ပါဝင်တဲ့ ဖီးချားတွေ က အဆင့်မြင့်ပါတယ်။ ဂျပန်လေလံ ဈေးကွက်ကနေ ဝင်တာလည်း ရှိသလို၊ အသစ်ကားတွေကိုလည်း အင်္ဂလန် နိုင်ငံကနေ မှာပေးတဲ့ အေးဂျင့်တွေတောင် ရှိပါတယ်။ ရိမ်းရိုဗာက ၂၀၀၇ မော်ဒယ်ကနေ ၂၀၁၂ ခုနှစ် နောက်ဆုံးပေါ် မော်ဒယ်တွေအထိတောင် ရောက်ပါတယ်။ တကယ့် ကားအသန့်စား ရိမ်းရိုဗာဆိုရင် တစ်စီးကို သိန်း ၁ထောင်အထက်မှာ ရှိပါတယ်။ လေလံဈေးကနေ ရှာမယ်ဆိုရင် သိန်း ၇၀၀ လောက်ဆိုရင်လည်း ဒီအချိန်မှာ ရိမ်းရိုဗာ တစ်စီးတော့ ရနိုင် ပါတယ်။

နောက်တစ်မျိုးကတော့ လန်းရိုဗာ ဖြစ်ပါတယ်။ လန်းရိုဗာကတော့ တောင်တက်ကား ဖြစ်ပါတယ်။ တောင်တက်ကားသာဆိုပေမယ့် တစ်ကမ္ဘာလုံးက သူဌေးကြီးတွေ မြို့ ပေါ်မှာ စီးနေတဲ့ကား ဖြစ်ပါတယ်။ ဗြိတိန် အိမ်ရှေ့ မင်းသား မိသားစုကစလို့ ဟောလိဝုဒ် မင်းသား၊ မင်းသမီးတွေ အင်မတန် ကြိုက်တဲ့ကား ဖြစ်ပါတယ်။ သူက ရိမ်းရိုဗာလို့ ခေတ်ဆန်ဆန် ပုံစံကို မပိုင်ဆိုင်ပေမယ့် တော်ဝင်ဆန်တဲ့ အလှ တစ်ခု ရှိတယ်လို့ ဂုဏ်တင်ပြောဆိုလေ့ ရှိပါတယ်။ အင်ဂျင်အရွယ်၊ ကားအတွင်း ဖီးချား အများစုက ရိမ်းရိုဗာနဲ့ မကွာပါဘူး။ အဓိက ကွာသွားတာက အပြင်ဒီဇိုင်း ဖြစ်ပါတယ်။ သူက ခေတ်အဆက်ဆက် ထိန်းသိမ်း လာတဲ့ အမွေအနှစ်ကို အမြတ်တနိုးထားပြီး ထုတ်လုပ်လာတဲ့ ကားလိုမျိုး ဖြစ်လို့ ဖြစ်ပါတယ်။ သူ့ကို ရရှိနိုင်ပုံကလည်း ရိမ်းရိုဗာ ရရှိနိုင်ပုံနဲ့ အတူတူပါပဲ။ ရိမ်းရိုဗာဆိုရင် အသစ်ပဲ ဖြစ်ဖြစ်၊ တစ်ပတ်ရစ်ပဲ ဖြစ်ဖြစ် မြန်မာပြည်မှာ လူကြိုက်များတဲ့ ကားတစ်မျိုးပဲ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ရရှိနိုင်မှု

တစ်ချို့သော ဂျပန်လေလံကနေလည်း  လန်ရိုဗာတို့လို ဗြိတိန်ကားတွေကို ၀ယ်ယူနိုင်ပြီး ပြည်တွင်းရှိ ရှိုးရွန်တွေကနေလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ ရိုးရွန်တွေမှာတော့ ဘ၇န်နယူးတွေ ဖြစ်တဲ့ ၂၀၁၃ ၊၂၀၁၄ ခုနှစ်ကားတွေကို ရနိုင်မှာ ဖြစ်ပြီး ဈေးနှုန်းကတော့ သိန်း ၁ထောင် အထက်မှာ ရှိနေပါတယ်။ အရောင်တွေကိုလိုက်ပြီးတော့လည်း ဈေးက ဆယ်သိန်း ၀န်းကျင်လောက် ကွာသွားပါတယ်။ ခဲရောင် ဆိုရင်  ဆီဒန် ဂျာဂွာ XF  မော်ဒယ်တွေထဲမှာ ပိုပြီး ဈေးကြီးကြောင့် သိရပါတယ်။ အတိအကျဆိုရင် လန်ရိုဗာ ဆီဒန် ဂျာဂွာ XF  ကားတွေရဲ့ဈေးက ဓာတ်ဆီ ကားတွေကို သိန်း ၁၆၅၀ မှာ ရှိနေပါတယ်. ဌင်းကားတွေရဲ့ အင်ဂျင်ကတော့ ၂၀၀၀ စီစီကနေ စပြီး ရှိပါတယ်။  လန်ရိုဗာ ဒစ်ကာဗာရီတွေကတော့ ကျပ်သိန်း ၁၆၀၀ လောက်ရှိပါတယ်။

လန်ရိုဗာ ဘရန်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ

လန်ရိုဗာရဲ့ ဘရန်မော်ဒယ်တွေထဲမှာ အကြမ်းခံမှုကို ဦးစားပေးထားတဲ့ လန်ရိုဗာ ဒီဖန်ဒါလို့ခေါ်တဲ့ လေးဘီးမောင်းကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အကြမ်းခံ လမ်းမရွေး သွားနိုင်ပြီး လန်ရိုဗာရာ စီးရီး တစ်ခုပဲ ဖြစ်ပါတယ်။ ထို ဒီဖန်ဒါတွေရဲ့ သမိုင်းက စိတ်ဝင်စားစရာပါပဲ ။ ၁၉၄၇ ခုနှစ်မှာပေါ့... ဝေလကမ်းခြေရဲ့ တစ်နေရာမှာ လူတစ်ယောက်ဟာ ကားပုံစံတစ်ခုကို ပုံကြမ်းထုတ်ခဲ့ပါတယ်။ အဲဒီကားဟာ ယနေ့ခေတ်မှာ အကြီးအကျယ်အောင်မြင်နေတဲ့ Land Rover ကားဖြစ်လာစေ ခဲ့တာပါပဲ။ အကြမ်းခံမှု၊ ရဲစွမ်းသတ္တိနှင့် ပြည့်စုံမှု စတဲ့ ဂုဏ်သတ္တိတွေနဲ့ သမိုင်းကို တော်လှန်ပြောင်းလဲခဲ့တဲ့ ဒီမော်တော်ယာဉ်ဟာ ကမ္ဘာတစ်ဝှမ်း လူပေါင်းများစွာရဲ့ နှလုံးသားတွေကို ဆွဲယူညို့ငင် ဖမ်းစားခဲ့ပါတယ်။လို့ လန်ရိုဗာရဲ့ ဆိုရှယ်မီဒီယာက ဖော်ပြထားပါတယ်။ ဌင်း လန်ရိုဗာ ဒီဖန်ဒါတွေဟာ ၁၉၉၀ ကနေ ၂၀၁၅ထိကို အင်ဂျင် ဓာတ်ဆီနဲ့ ဒီဇယ် နှစ်မျိုးလုံးမှာ ရရှိနိုင်ပြီး ဓာတ်ဆီ အင်ဂျင်ကတော့ ၂၈၀၀ စီစီနဲ့ ၄၀၀၀ စီစီမှာ ရှိပြီး ဒီဇယ် အင်ဂျင်ကတော့ ၂၂၀၀ စီစီကနေ ၂၅၀၀ စီစီမှာ ရှိနေပါတယ်။