: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 495 ညှိနှိုင်း

Myanmar [Burma]

14527
  • 70,000 km

Silver Lexus GS 350 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှ...

Lks 545 ညှိနှိုင်း

Myanmar [Burma]

14527
  • 70,000 km

Pearl White Lexus GS 350 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလြုံ...

Lks 350 ညှိနှိုင်း

ရန်ကုန်

14527
  • 60,000 km

Black Lexus GS 350 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenger. အသ...

Lks 350 ညှိနှိုင်း

ရန်ကုန်

14527
  • 60,000 km

Black Lexus GS 350 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenger. ပြ...

နောက်ဆုံးရလဒ်
 Lexus for sale

Lexus ကားများ

လပ်ဆပ် (Lexus) ကားများကို မြန်မာပြည်မှာ အရေအတွက် အမြောက် အများနဲ့ မြင်တွေ့ နေရပြီ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံ မှာ တိုယိုတာက  Lexus ဆိုတဲ့ အမည်နဲ့ ဇိမ်ခံကားများ သီးသန့် ထုတ်လုပ် ပါတယ်။ အမှန်တော့ တိုယိုတာ ကား ကုမ္မဏီရဲ့ လက်အောက်က အခွဲ ကား ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုပဲ ဖြစ်ပါတယ်။ အဓိက အားဖြင့် ဆလွန်း၊ အက်စ်ယူဗီ လေးဘီးယက် ကား အများစုကို ထုတ်လုပ်တဲ့ ကုမ္မဏီ ဖြစ်ပါတယ်။ နောက်ဖုံးဖွင့် ကား အနည်းငယ်လည်း ထုတ်လုပ် ပါသေးတယ်။ ဇိမ်ခံကား ထုတ်လုပ်ပြီး အမေရိကန်၊ ဥရောပ ဈေးကွက်ကို အဓိက ထား ဖြန့်ချိနေတဲ့  လုပ်ငန်းဖြစ်ပါတယ်။  ဖြစ်ပါတယ်။ လပ်ဆပ်ကားတွေဟာ နောက်ပိုင်း အေ၇ာင်းအ၀ယ်သစ်ပြီး လူစီးများလာတဲ့ ကားတစ်စီးဖြစ်လာခဲ့ပါတယ်။

 စွမ်းဆောင်ရည်နဲ့ နည်းပညာ

အမြင့်စား တံခါး (၄) ပေါက် ရှိတဲ့ ဇိမ်ခံ ကား အမျိုးအစား တစ်မျိုး ဖြစ်တဲ့  လပ်ဆပ် အယ်လ်အက်စ်  (လေးရာ့ခြောက်ဆယ်)  ကားကိုတော့ ဆီဒန် ဆလွန်ကား အနေနဲ့ တွေ့ကြရမှာ ဖြစ်ပါတယ်။   လပ်ဆပ် အယ်လ်အက်စ် လေးရာ့ခြောက်ဆယ်မော်ဒယ်ကို  အင်ဂျင် ၄၆၀၀ စီစီ နဲ့တွေ့ရမှာ ဖြစ်ပြီး  ၃၈၆ မြင်းကောင်ရေ ကို ရရှိမှာ ဖြစ်ပါတယ်။  ဂီယာ ၈ ချက် ဟာ အယ်လ်အက်စ်  လေးရာ့ခြောက်ဆယ် မော်ဒယ်အတွက် စံနှုန်း တစ်ခု ဖြစ်ပါတယ်။ ရိုးရိုး မော်ဒယ်တွေမှာ ၁၈ လက်မ ရှိတဲ့ ဘီးတွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။  ဇီနွန် ဟိုက်လိုက်ခ် မီး၊ ရှေ့နောက် ပါကင်ထိုးတဲ့ ဆင်ဆာ အာရုံခံများ၊  ရီဗျူး ကင်မရာ၊  ထိန်းညှိနိင်တဲ့ မောင်းနင်မူ ဆက်တင်များ၊ သော့မဲ့ စမတ်ကီး ၊ လယ်သာ ထိုင်ခုံတွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။  ဘလူးတုမ့် ဖုန်းနဲ့ အော်ဒီယိုတွေပါ ရပါတယ်။ အပူအအေး ထိုင်ခုံ၊ နေကာဆန်းရှိတ်နဲ့၊ ပါဝါ ဆီတိုင်ကီ လုပ်ဆောင်နိင်မူတွေပါ ပါရှိပါတယ်။ အက်စ်ယူဗီကားတွေ ဖြစ်တဲ့ လပ်ဆပ် အာအိတ်ခ်ျ ၅၇၀ တွေကတော့ အင်ဂျင် ၅၇၀၀ စီစီ ရှိပြီး ဓာတ်ဆီ အင်ဂျင်သုံးကားတွေ ဖြစ်ပြီး အော်တို ဂီယာ ၆ ချက်ပါရှိပါတယ်။ တံခါး (၄) ပေါက်ကားတွေ ဖြစ်ပြီး အရှေ့အင်ဂျင်၊ လေးဘီးယက် စနစ်တွေ ဖြစ်ပါတယ်။ တတိယမျိုးဆက် ဖြစ်တဲ့ လပ်ဆပ် အယ်လ် အိတ်ခ်ျ (J200) ကို ၂၀၀၇ ကနေ ယနေ့ခုနှစ်ထုတ်တွေ အထိ အရှေ့ မျက်နှာပြင်ကို ပြောင်းလဲထားတာကို တွေ့ရမှာ ဖြစ်ပြီး အင်ဂျင်ကတော့  ၅၇၀၀ စီစီ ၊ ၄၇၀၀ စီစီ၊ ၄၆၀၀ စီစီ တို့မှာ တွေ့ရမှာ ဖြစ်ပါတယ်။ အော်တို ဂီယာ (၆) ချက် ၊ ဓာတ်ဆီကားတွေ ဖြစ်ပါတယ်။ ဒီဇိုင်း အနေနဲ့ ကားမှာ လေးလက်မ အနောက်ကို ပိုရှည်ပါတယ်။ အကျယ်မှာ ၁ လက်မလောက်ပိုပြီး ကျယ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လပ်ဆပ် အယ်လ်အိတ်ခ်ျ (၅၇၀)  က ၂၀ လက်မ ရှိဘီးတွေ ရှိပြီး  လေးဘီးလုံးမှာ လျှပ်စစ် ဟိုက်ဒရောလစ် စပရင် စနစ်တွေကို သုံးထားပါတယ်။ အတွင်းခန်းအနေနဲ့ ကရိယာ တန်ဆာပလာ တော်တော်များများ စုံလင်ပါရှိပါတယ်။ စပီကာ ၁၉ လုံး ၊ ဟတ်ဒရိုက် တွေကအစ ပါရှိပါတယ်။ ကားထိုင်ခုံတွေကို အနောက်ဆွဲတာက အစ ပါဝါ ဆလိုက်တွေနဲ့ ဖြစ်ပါတယ်။  တီဗီတွေက အရှေ့မှာတင် မဟုတ်ပါဘူး။ အနောက်ထိုင်ခုံတွေမှာ ပါ ပါဝင်လာပါတယ်။ ဘယ်မောင်းကားတွေ ဖြစ်ပါတယ်။ ဂျပန်မှာ လပ်ဆပ်မော်ဒယ်တွေကို မရနိင်လို့် ဖြစ်ပါတယ်။

ပြည်တွင်းက နာမည်ကြီး လပ်ဆပ် မော်ဒယ်များ

လပ်ဆပ် ဆလွန်းမှာ အက်စ်အိတ်စ် (SX Series) ကို လူသိများပါတယ်။ အဓိကအားဖြင့်လည်း အဲ့ဒါကို ရည်ရွယ်ပြီးတော့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ တိုယိုတာ ခရောင်းတို့နဲ့ အရွယ်အစားချင်း တူပေမယ့် မတူတာက ကား အသွင်အပြင်နဲ့ အတွင်း အပြင်အဆင် ဖြစ်ပါတယ်။ ဒါ့အပြင် စွမ်းဆောင်ရည်လည်း ကွာပါသေးတယ်။ အရွယ်အစား တစ်ခု သာ တူပြီး အားလုံး နီးပါး ကွဲသွားခြင်း ဖြစ်ပါတယ်။ ကားပေါ်မှာလည်း Lexus အမှတ်တံဆိပ်သာ ပါဝင်ပြီး တိုယိုတာ အမှတ်အသား လုံးဝ မပါပါဘူး။ ဒီတော့ မြန်မာပြည်ကို တိုယိုတာ ဝင်လာပြီး ဖြစ်သည့်တိုင် Lexus က သီးခြား ကုမ္မဏီ တစ်ခု အနေနဲ့ ဝင်လာမှာ ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၂၀၀၀ စီစီ၊ ၃၀၀၀ စီစီ နဲ့ အထက် တွေကို ထုတ်ပြီး ဒီနောက်ပိုင်း ဟိုင်းဘရစ် ဗားရှင်းတွေတောင် ထုတ်လုပ် ရောင်းချ ပါတယ်။ အောင်လည်း အောင်မြင် ပါတယ်။ Audi တို့လို ဂျာမနီက  ဇိမ်ခံ ဆလွန်းကားများရဲ့ အဓိက ပြိုင်ဘက် ဖြစ်လာ ပါတယ်။

ပြည်တွင်း နာမည်ကျော်တဲ့ လပ်ဆပ် အက်စ်ယူဗီကားတွေ အနေနဲ့ အများစု သိတဲ့ အမျိုးအစားက အယ်လ်အိတ်စ် LX Series ဖြစ်ပါတယ်။ LX မှာလည်း ၂ ဘီးယက်၊ လေးဘီး ယက် ဆိုပြီးတော့ ထုတ်လုပ် ပါတယ်။ အင်ဂျင် အရွယ်ကတော့ ၂၀၀၀ စီစီ ကနေ ၅၀၀၀ စီစီ အထက် အထိ အမျိုးမျိုး ထုတ်လုပ်ပြီး လျှပ်စစ်ဘက်ထရီ ပူးတွဲ ပါဝင်တဲ့ ဟိုင်းဘရစ်ကား အမျိုးအစားလည်း ဒီနောက်ပိုင်း အများ အပြား တွေ့ရ ပါတယ်။ ဒီဇိုင်းကလည်း တကယ် ခန့်ခန့် ကြီးပါပဲ။ ဈေးလည်း ကြီးပါတယ်။ သို့ပေမယ့် ဥရောပနဲ့ အမေရိကန်က ဝင်တဲ့ ကားများနဲ့ စာရင်တော့ ဈေးသက်သာတယ်လို့ ဆိုနိုင် ပါသေးတယ်။

ပြည်တွင်းမှာ ရရှိနိုင်မှု

အသစ် နဲ့ အဟောင်း ဆိုပြီးတော့ ၂ မျိုး ဝင်ရောက် ပါတယ်။ လက်ရှိမှာ ဝင်ရောက်တဲ့ Lexus အများစု ကတော့ တစ်ပတ်ရစ် အဟောင်းတွေ ဖြစ်ပါတယ်။ ဂျပန် တစ်ပတ်ရစ် ကား လေလံ အရောင်း ဈေးကွက် ကနေ ဝင်ရောက် လာတာ ဖြစ်ပါတယ်။ အေးဂျင့်တွေကနေ မှာနိုင်သလို၊ ကား အရောင်းစင်တာ  အချို့မှာ တစ်ခါတည်း တင်ပြီးသား များကိုလည်း မှာယူ နိုင်ပါတယ်။ နောက်တစ်မျိုး ကတော့ အသစ် ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ၂၀၁၂ မော်ဒယ်၊ ၂၀၁၃ မော်ဒယ် အစရှိသဖြင့်တို့ကို အသစ် ဆက်ဆက် အော်ဒါ မှာပေးတဲ့ အေးဂျင့်တွေလည်း ရှိပါတယ်။ အသစ် ကတော့ အဟောင်းထက် ဈေးပိုကြီးမှာ ဖြစ်ပါတယ်။ အဓိက အားဖြင့်ကတော့ ဆောင်ရတဲ့ အခွန်အခ များနဲ့ အများကြီး သက်ဆိုင် နေလို့ ဖြစ်ပါတယ်။

လပ်ဆပ် ဘရန်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ

လပ်ဆပ်ကား ကုမ္ပဏီကလည်း ဇိမ်ခံကားကိုမှ ဒီလိုကမ္ဘာ့မြေကြီးကိုထိန်းသိမ်းပေးပြီး ဆီစားကို သက်သာစေတဲ့ကားတွေကို ထုတ်လုပ်ပေးပါတယ်။ လပ်ဆပ် ရဲ့ တစ်ချို့သော နာမည်ကြီး ဟိုက်ဘရစ်ကားတွေကို ဖော်ပြရသော စီတီ ဟိုက်ဘရစ်၊ အာအိတ်ခ်ျ ဟိုက်ဘရစ်၊ အီအစ် ဟိုက်ဘရစ်ကား၊ ဂျီအစ်၊ အယ်လ်အစ် ဟိုက်ဘရစ်ကားတွေကို တွေ့ရမှာပါ။ ဌင်းတို့ထဲမှာမှ နှစ်အလိုက် မော်ဒယ်ကွဲကားတွေ ထပ်ရှိပါတယ်။ စီတီ ဟိုက်ဘရစ်ကားတွေကတော့ ကွန်ပတ် ကျစ်လစ်တဲ့ ဇိမ်ခံကားတစ်မျိုးဖြစ်ပြီး အာအိတ်ခ်ျကားတော့ ခရော်စ်အိုဗာကား အမျိုးအစားလို့ခေါ်တဲ့ စတေရှင်ဝဘ်ဂွန်၊ ဟတ်ဘတ်နဲ့ အစ်ယူဗီ အစိတ်အပိုင်းတွေကို ပေါင်းစည်းထားတဲ့ကား တစ်မျိုး ဖြစ်ပါတယ်။ ကျန်တဲ့ ဟိုက်ဘရစ်ကားတွေကတော့ ဆီဒန်ကားအမျိုးအစားတွေနဲ့ အစ်ယူဗီ အမျိုးအစားတွေ ဖြစ်ပါတယ်။ တစ်ခြား ဟွန်ဒါဘရန်ထဲက ဟွန်ဒါ စီဗစ်လို ၁၃၀၀ စီစီ ဟိုက်ဘရစ်ကားတွေလည်း ရှိပါသေးတယ်။