: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

Lks 2,450 ညှိနှိုင်း

ရန်ကုန်

Global Myanmar
  • အသစ်

Pearl White Lexus LS 460 2013 မော်ဒယ် ရောင်းရန်ရှိသည်။ (ချယ်လ်စီးနံပါတ် JTHBL1ES7D5123451) သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV,Navigation S...

ဈေးနှုန်း မေးရန်

Myanmar [Burma]

Garmanit Zay Ya Car Sales And Services Centre
  • အသစ်

Pearl white Lexus LS 460 2013 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV,Navigation System,Power Locks,Power Steering,Pus...

Lks 730 ညှိနှိုင်း

Myanmar [Burma]

Tunaungthu91 Tunaungthu91
  • 60,000 km

Lexus ရဲ့ကားအကောင်းစာရင်းဝင် LS 460 UI 2007 ဟာ 60000ကီလိုမီတာထိမောင်းနှင်ထားပြီး အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သော ဂီယာ နဲ့ ခေတ်မှီသောကားပစ္စည်းမျိုးစုံပါဝင်ပါတယ် ။ Lks 730 ရောင်းဈေးနဲ့ မို...

နောက်ဆုံးရလဒ်

လပ်ဆပ် အယ်လ်အက်စ် (လေးရာ့ခြောက်ဆယ်)

ပြည်တွင်း ဇိမ်ခံကားထဲက လူကြိုက်များတဲ့ လပ်ဆပ် အယ်လ်အက်စ် (လေးရာ့ခြောက်ဆယ်)

Lexus Ls 460 for sale

လပ်ဆပ်ကားတွေဟာ ဈေးနှုန်းမြင့်မားတဲ့ ဂျပန်ကားတွေထဲမှာ ပါဝင်ပါတယ်။ တိုယိုတာ ကုမ္ပဏီရဲ့ အခွဲ တစ်ခု ဖြစ်သည့်နဲ့အညီ လပ်ဆပ် တံဆိပ်တွေရဲ့ ထဲမှာ ဟတ်ဘတ်ကားလေးတွေကိုလည်း ထုတ်လုပ်နေတာကို တွေ့ရပါတယ်။ အသစ်မော်ဒယ် တစ်ခု ဖြစ်တဲ့ လပ်ဆပ်မော်ဒယ်တွေထဲမှာ ၂၀၁၁ နောက်ပိုင်းဆိုရင် လျှပ်စစ် မော်တာပါဝင်တဲ့ ဟိုက်ဘရစ်ကားတွေကို ပါထုတ်လုပ်လာတာကို တွေ့ရပါတယ်။ SUV ပုံစံ ကား အမျိုးအစားထဲမှာ လပ်ဆပ် အယ်လ်အိတ်ခ်ျ ကားတွေကို လည်းတွေ့နိင်ပါတယ်။ အမြင့်စား တံခါး (၄) ပေါက် ရှိတဲ့ ဇိမ်ခံ ကား အမျိုးအစား တစ်မျိုး ဖြစ်တဲ့ လပ်ဆပ် အယ်လ်အက်စ် (လေးရာ့ခြောက်ဆယ်) ကားကိုတော့ ဆီဒန် ဆလွန်ကား အနေနဲ့ တွေ့ကြရမှာ ဖြစ်ပါတယ်။ အရှေ့ အင်ဂျင်၊ နောက်ဘီး ယက်၊ ဖြစ်ပြီး လေးဘီးမောင်း အယ်လ်အက်စ် မော်ဒယ်တွေကိုလည်း ရရှိနိင်မှာ ဖြစ်ပါတယ်။ မျိုးဆက် လေးဆက် အနေနဲ့ ထုတ်လုပ်ခဲ့ပြီး ဗီ အိတ်ခ်ျ အင်ဂျင် နဲ့ နောက်ဘီးယက် စနစ်ကို သုံးးထားပါတယ်။ ၂၀၀၆ မော်ဒယ်လောက်ကတည်းက လေးဘီးယက်နဲ့ ဟိုက်ဘရစ်တို့ကို လည်း ရရှိနိင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

အယ်လ်အက်စ် လေးရာ့ခြောက်ဆယ်မော်ဒယ်ကို အင်ဂျင် ၄၆၀၀ စီစီ နဲ့တွေ့ရမှာ ဖြစ်ပြီး ၃၈၆ မြင်းကောင်ရေ ကို ရရှိမှာ ဖြစ်ပါတယ်။ ဂီယာ ၈ ချက် ဟာ အယ်လ်အက်စ် လေးရာ့ခြောက်ဆယ် မော်ဒယ်အတွက် စံနှုန်း တစ်ခု ဖြစ်ပါတယ်။ ရိုးရိုး မော်ဒယ်တွေမှာ ၁၈ လက်မ ရှိတဲ့ ဘီးတွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဇီနွန် ဟိုက်လိုက်ခ် မီး၊ ရှေ့နောက် ပါကင်ထိုးတဲ့ ဆင်ဆာ အာရုံခံများ၊ ရီဗျူး ကင်မရာ၊ ထိန်းညှိနိင်တဲ့ မောင်းနင်မူ ဆက်တင်များ၊ သော့မဲ့ စမတ်ကီး ၊ လယ်သာ ထိုင်ခုံတွေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ဘလူးတုမ့် ဖုန်းနဲ့ အော်ဒီယိုတွေပါ ရပါတယ်။ အပူအအေး ထိုင်ခုံ၊ နေကာဆန်းရှိတ်နဲ့၊ ပါဝါ ဆီတိုင်ကီ လုပ်ဆောင်နိင်မူတွေပါ ပါရှိပါတယ်။

Lexus Ls 460 for sale

ဒီဇိုင်း

ဇိမ်ခံ လပ်ဆပ်ကား တစ်မျိုး ဖြစ်သည်နဲ့အညီ ဒီဇိုင်းမှာ ဆန်းသစ်လှတာကိုတွေ့နိင်ပါတယ်။ တိုယိုတာရဲ့ အခွဲ ဖြစ်တဲ့ လပ်ဆပ် အမှတ်အသားကြီးကို ထိပ်မှာ တွေ့ရမှာ ဖြစ်ပြီး အနောက်ဖက်ကလည်း အိတ်ဇောပိုက်က နှစ်ခုပါရှိလျက် ရှိပါတယ်။ အတွင်းခန်းကလည်း ဂရိတ် မြင့်မားပါတယ်။ ဘရန်ရဲ့ အမြင့်ဆုံး နည်းပညာ အဆင့်အတန်းတစ်ခုကို အယ်လ်အက်စ် မော်ဒယ်မှာတွေရမှာ ဖြစ်ပြီး ပရီမီယံ အဆင့်ရှိတဲ့ ဆီဒန်ကားလိုင်းမှာ အယ်လ်အက်စ် မော်ဒယ်ဟာ နောက်ဆုံးမော်ဒယ် တစ်ခု ဖြစ်ပါတယ်။

ထင်ရှားမှု

2015 ရဲ့ မော်ဒယ်အသစ်တွေမှာ ဆီးရီး မျက်လုံးတွေကို ပေးထားပါတယ်။ ရေဒီယိုတွေကိုလည်း ဗားရှင်း အသစ်တွေနဲ့ ပြုလုပ်ထားပါတယ်။ နည်းပညာသစ်တွေနဲ့ ရေရှည် စီးနှင်မှု အတွက် အဆင်ပြေတဲ့ကားတွေ ဖြစ်ပါတယ်။ အယ်အက်စ် မော်ဒယ်ထဲမှာကိုပဲ မော်ဒယ်ကွဲ လေးမျိုးလောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။  စပေါ့ မော်ဒယ်တွေအပြင် လေးဘီးမောင်းစနစ်တွေကိုလည်း ရရှိပါတယ်။  ပါဝါ မှန်တံခါး၊ လယ်သာ၊ ဆန်းရုစတဲ့ အရာတွေကိုလည်း ရရှိမှာပါ။ ကားကနေ ဘလူးတုမ့်နဲ့ ယူအက်စ်ဘီ ဆက်သွယ်မှုတွေအပြင်၊ အိတ်ခ်ျဒီ ရေဒီယိုနဲ့ ၁၂ လက်မကျော်ရှိတဲ့  ဒစ်ပလေးကိုလည်း ကားရဲ့ အရှေ့အလယ်မှာ ရရှိမှာ ဖြစ်ပါတယ်။ လေးဘီးမောင်း စနစ်ပါရှိတဲ့ မော်ဒယ်တွေမှာ လပ်ဆပ်က အပူပေးနိုင်တဲ့ စတီယာရင် တွေကိုပါ ထည့်သွင်းထားပါတယ်။ ထိုစနစ်ဟာ ရှေ့ဖက်ထိုင်ခုံမှာရှိတဲ့ ခရီးသည်တွေကို နွေးထွေးစေမှာ ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှု

Lexus Ls 460 for sale

နဂို မူရင်း ကား ဈေးမှာ ဇိမ်ခံကားတို့ရဲ့ ထုံ စံ အတိုင်း အနည်းငယ် ဈေးမြင့်သည့်နဲ့ အညီ ပြည်တွင်း တစ်ပတ်ရစ် ပေါက်ဈေးမှာလည်း ကျပ် သိန်း ၅၀၀ ကျေုာ်လောက်က စတာကို တွေ့ရပါမယ်။ ၂၀၀၆ ခုနှစ် လောက်ကို ကျပ်သိန်း ၅၅၀ ကနေ ၉၉၀ ထိ အစားစား ဂရိတ်ပေါ် မူတည်ပြီး ဈေးသွားတာကို တွေ့ရပါတယ်။ ကား ပေါ်မူတည်ပြီး ဈေးမှာ အနည်းငယ် ကွာဟနိင်ပါတယ်။

သုံးသပ်ချက်

မော်ဒယ်တွေ အနေနဲ့ ရိုးရွန် အများစုက ၂၀၀၆ နဲ့ ၂၀၀၇ စတဲ့ မော်ဒယ်တွေကို သွင်းလာကြတာကို တွေ့ရပါတယ်။ အင်ဂျင်ကိုတော့ ၄၆၀၀ စီစီ ဖြစ်သည်နဲ့အညီ ၀ယ်ယူမူမှာ ဇိမ်ခံကား တစ်ခုအနေနဲ့ စဉ်းစားလာကြတာကို တွေ့ရပါတယ်။ ညာမောင်း၊ အော်တို ဂီယာ (၈) ချက် ၊ ဓာတ်ဆီကားတွေ ဖြစ်ပါတယ်။ အရောင်အားဖြင့် အဖြူ၊ ပုလဲ၊ အမည်းတို့ကို စုံလင်အောင် တွေ့ရမှာ ဖြစ်ပါတယ်။