: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 1,380 ညှိနှိုင်း

ရန်ကုန်

YNTZ Auto Services
  • အသစ်

Pearl white Lincoln MKX 2014 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start. ေ...

Lks 1,240 ညှိနှိုင်း

Myanmar [Burma]

14527
  • 25,000 km

Black Lincoln MKX 2013 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှုစ...

နောက်ဆုံးရလဒ်
Lincoln MKZ for sale

လင်ကွန်း ကားများ

လင်ကွန်းကားတွေဟာ ဖိုဒ့်မော်တော်ရဲ့ ဇိမ်ခံကားတွေကိုသာ ထုတ်လုပ်တဲ့ အခွဲတစ်ခု ဖြစ်ပါတယ်။ ဌင်းရဲ့ ထုတ်လုပ်မှုတွေထဲက ဆီဒန်၊ အက်စ်ယူဗီ၊ ထရပ်စ်၊ စီယူဗီကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ စီးနေကြတာရှိပေမဲ့ နည်းပါတယ်။ ပြည်တွင်း ရှိုးရွန်တွေ အနေနဲ့လည်း ဘရန်နယူးတွေကို ၀ယ်ယူရောင်းချမှုတွေ ရှိပါတယ်။ မော်ဒယ်က ၂၀၁၄ ကို ရနိုင်မှာ ဖြစ်ပါတယ်။ အစီးနည်းရတာက ကားတန်ဖိုး မြင့်မားခြင်းကြောင့် ဖြစ်ပါတယ်။

လင်ကွန်းကားများကို  ၁၉၁၇ ကတည်းကနေ စပြီး ထုတ်ခဲ့တဲ့ အတွက် အရင် ထုတ်ခဲ့တဲ့ မော်ဒယ်ကွဲတွေကတော့ အများကြီးရှိပါတယ်။ ယခု ရောက်ရှိနေတဲ့ နှစ်အထိ ဆက်လက်ထုတ်နိုင်တဲ့ မော်ဒယ်အနေနဲ့ အက်စ်ယူဗီနဲ့ စီယူဗီတို့တွင်  အမျိုးအစား (၅) မျိုးလောက် တွေ့ရမှာ ဖြစ်ပါတယ်။ ဌင်းတို့အထဲမှာ လင်ကွန်း နာဗီဂေတာ၊ လင်ကွန်း MKX တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ လင်ကွန်း နာဗီဂေတာ ကတော့ အက်စ်ယူဗီကိုမှာ ဇိမ်ခံ ပုံစံထုတ်ထားပါတယ်။ MKX ကတော့ ခရော့အိုဗာ အက်စ်ယူဗီ ဖြစ်ပါတယ်။ နောက်ထပ် အနေနဲ့ ဆီဒန်ထဲက လင်ကွန်း MKZ ၊ လင်ကွန်း MKS စတဲ့ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။  တစ်ခြား အမျိုးအစားကွဲတွေ အနေနဲ့  ဇိမ်ခံ ဆီဒန်ကားဖြစ်တဲ့  လင်ကွန်း MKZ ၊ (ဌင်းကတော့ အင်ဂျင် ၂၄၀၀ ကစပါတယ်။ ထိုအင်ဂျင် အရွှယ်အစားမှာ တာဗို့ ဓာတ်ဆီ အင်ဂျင် အပြင် ဟိုက်ဘရစ် ဓာတ်ဆီကားတွေကိုပါ ရနိုင်ပါတယ်။) နောက်ထပ် အနေနဲ့  လင်ကွန်း MKS လည်း ရှိပါတယ်။ ဌင်းကတော့ ဆီဒန် ဇိမ်ခံကားပဲ ဖြစ်ပြီး ၃၅၀၀ စီစီအင်ဂျင်ကနေ စထားပါတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

လင်ကွန်း နာဗီဂေတာရဲ့ ၅၄၀၀ စီစီရှိတဲ့အင်ဂျင်ဟာ ၃၁၀ မြင်းကောင်ရေကို ထုတ်နိုင်ပါတယ်။  ဂီယာ ၆ချက်ဖြစ်ပြီး ဇိမ်ခံ သီးသန့်ကားတွေ ဖြစ်တဲ့အတွက် အင်ဂျင် ရဲ့ စွမ်းဆောင်ရည်ကို အရမ်းကြီး မမြင့်တင်ပေးထားပါဘူး။ လေးဘီးမောင်းရနိုင်သလို နှစ်ဘီးမောင်းလည်း ရနိုင်ပါတယ်။ နှစ်ဘီးယက်မှာ ဆိုလျှင် နောက်ဘီးယက် ဖြစ်ပြီး ကိုယ်ထည်ကြီး မော်တော်ယာဉ် ဖြစ်သည့်အလျောက် ကိုယ်ထည်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်စွမ်းအတွက် စတီယာရင် ကို တိတိကျကျ လုပ်ဆောင်ပေးထားပါတယ်။

နည်းပညာပိုင်း အနေနဲ့ အမြင့်စား အော်ဒီယို စနစ်တွေ၊ အနောက်ဖက်ခုံမှာ ပါရှိတဲ့  ဒီဗီဒီ ပလေယားတွေပါရှိတဲ့  LCD  မျက်နှာပြင် တွင် ပါရှိပါတယ်။  ဘေးဖက် လေအိတ်တွေပါ ပါဝင်ပြီး နောက်ဖက် ပါကင်ဆုတ်တဲ့အခါ  ပါကင် အာရုံခံ ဆင်ဆာ၊  စသည်တို့ပါဝင်ပြီး နောက်ဆုံး မော်ဒယ်တွေမှာ  အော်တို ဂီယာ ၆ ချက် တွေ အပြင် ကားတည်ငြိမ်မှု ထိန်းချုပ်မှုတွေ၊ ကားမခါစေတဲ့ နည်းပညာတွေ ပါ ပါရှိပါတယ်။

အင်ဂျင်ပါဝါ ၄၆၀၀ စီစီ၊ ဓာတ်ဆီ ပစ်စတင် ၈လုံး V အင်ဂျင်ကို တွေ့ရမှာ ဖြစ်ပါတယ်။ လီမိုမှာ တစ်ခုကောင်း တာက အင်ဂျင်သိပ်များများစားစားခွဲမထားပါဘူး။ ၄၆၀၀ စီစီ တွေချည်းထုတ်ပါတယ်။ ဒီတော့ ထုတ်လုပ်နိုင် တဲ့ မြင်းကောင်ရေအား ကလည်း ၂၈၀ ဝန်းကျင်ပဲ ဖြစ်ပါ တယ်။ ဇိမ်ခံကားဖြစ်တဲ့အတွက် မြန်မြန်မောင်းလို့မရပါဘူး။ တစ်နာရီမိုင် ၁၀၀ ဝန်းကျင်ပရှိမှာ ဖြစ်ပါ တယ်။ နောက် ဘီးမောင်းကား ဖြစ်ပြီး အော်တိုဂီယာ ၄ချက်ထိုးဖြစ် ပါတယ်။ အချို့ က ဆီစားများတဲ့ကားလို့ဆိုပါတယ်။ သီအိုရီတွက်ချက် မှုအရ ကတော့ မြို့ တွင်း တစ်ဂါလံ ၁၈မိုင်၊ ဟိုင်းဝေး ၂၅ မိုင် ဖြစ်ပါတယ်။ တစ်ဂါလံ ပျှမ်းမျှ ၃၅ မိုင်စားတဲ့ ဆလွန်းကားများနဲ့စာရင်တော့ ဆီစားကြီးတယ်လို့ ဆိုနိုင်ပါ တယ်။ ပါဝါဝင်းဒိုး၊ ပါဝါဘက်မှန်၊ စမတ်ကီး စတာတွေပါဝင်ပါ တယ်။ လီမိုမှာ မှန်အမိုးပါရှိပါသေးတယ်။ အတွင်းခန်း အပြင်အဆင်ကတော့ သားသားနားနားပဲ ဖြစ်ပါ တယ်။ ရေခဲသေတ္တာ၊ မီးအလှပြင်ဆင်ထားမှု၊ ရာသီစုံ အဲယားကွန်း စနစ်၊ ရှေ့ ခန်းနဲ့ နောက်ခန်းက သီးခြား DVDစက်၊ LCD တီဗီ၊ AM/FM ရေဒီယို၊ စပီကာ ၁၈လုံး၊ ဘက်ကင်မရာ အစရှိသဖြင့် အီလက်ထရောနစ် ပစ္စည်းတော်တော်များများ ပါဝင်ပါတယ်။ ABS ဘရိတ်စနစ်၊ အင်ဂျင်စက်သံထိန်း အင်ဘိုလိုက်ဇာ၊ တုန်ခါနှုန်းလျော့ ချပေးမယ့် Stability Control, လုံခြုံရေး လေအိတ်၊ အလူမီနီယံ ဘီး၊ Cruise Control စတာတွေ ပါဝင်ပါတယ်။

အထဲမှာ လိုက်ပါနိုင်တဲ့ ခရီးသည်အရေအတွက် က လေးဦး မကပါဘူး။ ရှေ့ ခန်း နှစ်ယောက်အတွက်က သာမန်ထိုင် ခုံတွေပဲ ဖြစ်ပါတယ်။ နောက်ခန်းကတော့ နှစ်ယောက်ထိုင်ခုန်အပြင် ဘေးတစ်ဖက်မှာ ဆိုဖာခုန်တန်းရှည် တပ်ဆင်ထား ပါသေးတယ်။ ဒီတော့ ခရီးသည် ၈ယောက်ဆံ့ကား ဖြစ်ပါ တယ်။ သူဌေးစီးကားများဖြစ်တဲ့အတွက် အတော်များများက လစ်လပ်နေတဲ့နေရာတွေကို ဒီတိုင်းထားရင်ထားမယ်၊ သို့တည်းမဟုတ် LCD တီဗီအကြီးတွေ၊ အခြား၊ ဇိမ်ခံပစ္စည်း အမျိုးမျိုး ထည့်သွင်းကြပါ တယ်။ ဒါကတော့ ဝယ်ယူသူ စိတ်ကြိုက်ဖန်တီးခွင့်ရှိတဲ့ အပိုင်းပဲ ဖြစ်ပါတယ်။ လီမို ဗားရှင်းပဲ ၁၈ ပေရှည်အောင်ထုတ်တာ ဖြစ်ပါတယ်။ သာမန် လင်ကွန်း Town Car ကားများကတော့ ရိုးရိုးဇိမ်ခံ ဆလွန်းတွေထက် နည်းနည်းသာပိုရှည်ပါတယ်။ လီမို ကတော့ ၁၈.၅ ဝန်းကျင်ရှိပါတယ်။ သာမန် ဆလွန်းကား တစ်စီးက ၁၂ ပေဝန်းကျင်သာရှိတဲ့အတွက် ၆ပေ ဝန်းကျင်လောက် ပိုရှည်ပါတယ်။

ပြည်တွင်းက ထင်ရှားတဲ့ လင်ကွန်း မော်ဒယ်များ

လက်ရှိ လင်ကွန်းကား ရှိုးရွန်သီးသန့် မရှိသေးတဲ့အတွက် ပုံမှန်အရောင်းပြခန်းတွေမှာ တွေ့ရှိရနိုင်တာတွေကတော့ လင်ကွန်း MKX နဲ့  လင်ကွန်း နာဗီဂေတာ စတဲ့ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဌင်းတို့ရဲ့ ဈေးနှုန်းကတော့ ကျပ်သိန်း ၁၂၀၀ နီးပါးမှာ ရှိပါတယ်။ လင်ကွန်း နာဗီဂေတာ ဆိုရင် ၅၄၀၀ စီစီ ရှိပြီး V8  ဆလင်ဒါသုံး ဖြစ်ပါတယ်။  ဂီယာ (၆) ချက် အော်တို မတ်တစ်တွေ ဖြစ်ပါတယ်။ လင်ကွန်း နာဗီဂေတာ လီမိုဆန်တွေလိုလည်း ခေါ်ပါတယ်။ ဓာတ်ဆီကားတွေ ဖြစ်ပါတယ်။ လင်ကွန်း MKX ကတော့ နောက်ပိုင်းမော်ဒယ်တွေမှာ ၃၇၀၀ စီစီ အင်ဂျင်ဖြစ်ပါတယ်။ ဌင်းက V 6 အင်ဂျင်ပါ။

ပြည်တွင်းက ၀ယ်ယူရရှိနိုင်မှု

ဖော့ဒ် ခါးရှည်ကား အင်ဂျင်ပါဝါက ၄၆၀၀ စီစီ၊ မော်ဒယ်က ၂၀၀၉ ဖြစ်တဲ့ အတွက် အခွန်နဲ့ပေါင်း လုပ်ရင်တောင် မှ မြန်မာကျပ် သိန်း ၁ထောင် ပတ်လည်မှာပဲ ရှိမှာ ဖြစ်ပါ တယ်။ ဒီတော့ အမေရိကန် အစိုးရ များ စီးတဲ့ကား ကိုလည်း မြန်မာတို့ ဂျပန်တစ်ပတ်ရစ် ကားလေလံထဲမှာ အလွယ်တကူ ရှာစီးနိုင်ပြီ ဖြစ်ပါတယ်။ အမေရိကန်နဲ့ ဥရောပတို့ ကားရှည်ရှည်ရူး ကြပေမယ့် ဂျပန်မှာ မကြိုက်ကြပါဘူး။ လမ်းကလည်း ကျဉ်းတဲ့အတွက် ၁၈ ပေရှည်တဲ့ ကားတွေကို မောင်းနှင်ဖို့ဆိုတာ အတော် ခက်ခဲပါတယ်။ ဒါကြောင့် ၁၈ ပေရှည်တဲ့ လင်ကွန်း Lumousine ကို ဂျပန်လေလံဈေးထဲ မှာ အတွေ့နည်း မှာ ဖြစ်ပါတယ်။ ရှာမယ်ဆိုရင်တော့ General Motor ကားစာရင်းထဲက Town car ထဲမှာ တွေ့နိုင်ပါတယ်။ Lincoln Town Car တွေ သာမန်ဆလွန်းအရွယ်တင်မကပဲ ၁၈ပေ၊ ၁၈.၅ပေရှည်တဲ့ လီမိုဗားရှင်းတွေ ထုတ်ပါတယ်။ ရည်ရွယ်ချက်က ဇိမ်ခံကား ဖြစ်ပါတယ်။ ရှေ့ ခန်း တံခါးပေါက်နဲ့၊ နောက်ခံတံခါးပေါက်က အတော်လေး ဝေးပါတယ်။ ၁၈ ပေရှည်တဲ့ ၂၀၀၉ မော် ဒယ်ကားတင်မဟုတ်ပဲ ၁၉၉၆ အထက်၊ ၂၀၀၂ အထက် မော်ဒယ်များကိုလည်း ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ အများဆုံး တစ်ပတ်ရစ်ကားတွေကိုတွေ့ရမှာ ဖြစ်ပြီး အသစ်ဘရန်တွေကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။

လင်ကွန်းဘ၇န်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာများ

လင်ကွန်းဘရန်ဟာ အခြား ဘ၇န်တွေနဲ့မတူ ဌင်းတို့ရဲ့ကားမော်ဒယ်ထုတ်လုပ်မှုတွေမှာ ကားပုံစံ ဒီဇိုင်းက အစ ဆန်းသစ်ကွဲပြားအောင် ပြုလုပ်ထားတဲ့ကားတွေ ဖြစ်ပါတယ်။ ကားရဲ့ အရှေ့ဖက်ပိုင်းကို လှစ်ကနဲ့ကြည့်လိုက်တာနဲ့တင် လင်ကွန်း ဘရန်မှန်း သိနိုင်အောင်ကို လုပ်ပေးထားတဲ့ နာမည်ကြီး အမေရိကန် ဇိမ်ခံကားဘရန် ဖြစ်ပါတယ်။ ပြည်တွင်း လူသိများတဲ့ ဂျပန် ဘရန်တစ်ခု ဖြစ်တဲ့  တိုယိုတာ ဘရန်ထဲက လင်ကရုဇာတွေလို ပုံစံ အနည်းငယ်ဆင်တဲ့ ၂၀၁၅ လင်ကွန်း နာဗီကေတာ ဘ၇န်ကားတွေကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဌင်းကားတွေဟာ တိုယိုတာ ဘရန်တွေနဲ့ အက်စ်ယူဗီချင်း တူပေမဲ့လို့ ကားရဲ့ အနောက်ပိုင်း ကားရဲ့ အရှေ့ဖက် ဇကာတွေကိုက အစ ဆန်းသစ်ပြီး ဘီးတွေကိုလည်း လင်ကွန်းရဲ့ တစ်ခုတည်းသော ထုတ်လုပ်မှုလို့ သိသာစေခဲ့ပါတယ်။ ၃၅၀၀စီစီတို့ကဲ့သို့ ဆီစားကို သက်သာစေပြီး အင်ဂျင်ကို မြင့်တင်ပေးတဲ့ အီကို ဘူစ်ပါဝင်ပြီး ဓာတ်ဆီ တစ်ဂါလံကို မောင်းနှင်နိုင်တဲ့ မိုင်ကတော့ မြို့တွင်း ၁၆မိုင်၊ မြို့ပြင် ၂၂ မိုင် ဖြစ်ပါတယ်။ လင်ကွန်းဟာ ဆိုလျှင်တော့ မိုးကို အာရုံခံပေးပြီး မိုးရွာတာနဲ့ အလိုအလျောက် ကားရဲ့ ၀ိုက်ဘာများကို လှုပ်ရှားစေတဲ့ စတဲ့ နည်းပညာမြင့်များကို ပေါင်းစပ်ပါဝင်ထားတဲ့ လင်ကွန်းဘရန်တွေထဲက ဇိမ်ခံကား တစ်စီးပင်ဖြစ်ပါတော့တယ်။