: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 179 အစိုးရအခွန်အခများပါဝင်ပြီး

ချမ်းအေးသာဇံ

Phillip Tang
  • 30,000 km

This Black Suzuki Swift RS Full Grade 1300 2013 Japan is sure to sell quickly with a pricetag of 179 Lks. With a Automatic transmission system and a mileage of 30000km on the clock, you are sure ...

ဈေးနှုန်း မေးရန်

ချမ်းအေးသာဇံ

Excellent Car Sale Center
  • 26,000 km

White Nissan AD Van 2010 for sale. The comfort features include A/C: Front,A/C: Rear. The safety features include Airbag: Driver,Airbag: Passenger. The windows are Power Windows,Tinted Glass,Rea...

ဈေးနှုန်း မေးရန်

ချမ်းအေးသာဇံ

Excellent Car Sale Center
  • 98,000 km

Grey Nissan Latio 2013 for sale. The comfort features include A/C: Front,A/C: Rear,TV. The safety features include Airbag: Driver,Airbag: Passenger. The windows are Power Windows,Tinted Glass,Re...

ဈေးနှုန်း မေးရန်

ချမ်းအေးသာဇံ

Excellent Car Sale Center
  • 22,000 km

Black Honda Fit 2013 for sale. The comfort features include A/C: Front,A/C: Rear,TV. The safety features include Airbag: Driver,Airbag: Passenger. The windows are Power Windows,Tinted Glass,Rear...

Lks 125 ညှိနှိုင်း

ချမ်းအေးသာဇံ

Excellent Car Sale Center
  • 17,000 km

Black Nissan March 2012 for sale. The comfort features include A/C: Front,A/C: Rear,TV. The safety features include Airbag: Driver,Airbag: Passenger. The windows are Power Windows,Tinted Glass,R...

Lks 165 ညှိနှိုင်း

ချမ်းအေးသာဇံ

Excellent Car Sale Center
  • 13,000 km

White Nissan Note 2013 for sale. The comfort features include A/C: Front,A/C: Rear,TV. The safety features include Airbag: Driver,Airbag: Passenger. The windows are Power Windows,Tinted Glass,Re...

နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ

မန္တလေး မြို့ရှိ ကားများ

Cars for sale in Mandalay

မန္တလေးဟာ မြန်မာပြည် အထက်ပိုင်းရဲ့ အကြီးဆုံး မြို့တော် ဖြစ်ပါတယ်။ တစ်ချိန်တုန်းက မြန်မာပြည်ရဲ့ ဒုတိယ မြိ့တော် ဖြစ်ခဲ့ပြီး ယနေ့မှာတော့ တတိယ အကြီးဆုံး မြို့တော် ဖြစ်ပါတယ်။ သို့ပေမယ့် လူဦးရေ ထူထပ်မှု အရ ကြည့်ရင်တော့ ဒုတိယ အကြီးဆုံး မြို့မှာပါ။ မြန်မာပြည် အထက်ပိုင်းရဲ့ စီးပွားရေး အချက်အချာ အကျဆုံး မြို့လည်း ဖြစ်ပါတယ်။ ဒီတော့ မော်တော်ယာဉ် ထူထပ် သိပ်သည်းမှုလည်း မနည်းလှ ပါဘူး။ အများစု မြင်တွေ့ ရတဲ့ မန္တလေးက ကား အချို့ကို ရွေးချယ် ဖော်ပြ လိုက်ရ ပါတယ်။

 မန္တလေးမှာ အသုံးများတဲ့ လုပ်ငန်းသုံးယာဉ် ကားများ

 မန္တလေးဟာ တစ်ချိန်တုန်းက စက်ဘီးမြို့တော် အဖြစ် လူသိများပြီး ယနေ့မှာတော့ စက်ဘီး အစား ဆိုင်ကယ် တွေ အစားထိုး အသုံးပြုလာကြ ပါတယ်။ ဒီတော့ ဆိုင်ကယ်မြို့တော် အဖြစ်လို့တောင် ပြောင်းခေါ် နေပါပြီ။ မြန်မာပြည်မှာ ဆိုင်ကယ် အများဆုံး မြင်တွေ့ ရတဲ့ မြု့ကြီး တစ်မြို့ အဖြစ် စံချိန်တင်လျက် ရှိပါတယ်။ ဒီတော့ သာမန် အားဖြင့် မြို့တွင်း သွားလာရေး အတွက် ဆိုင်ကယ်လောကိုသာ အသုံးပြုနေတော့ ကားဆိုတာ အရေအတွက် နည်းပါတယ်။ ရှိရင်တောင် အများစုက လုပ်ငန်းသုံး ယာဉ်များ ဖြစ်ပြီး လုပ်ငန်းသုံး ယာဉ် မှာက မြို့တွင်းမှာ ဆိုရင် အသေးစား၊ အလတ်စား တို့ကို မြင်ရပြီး အဝေးပြေးနဲ့ အမြန်လမ်းမ တွေမှာ အသုံးပြု မောင်းနှင် ကြတဲ့ ယာဉ်ကြီး များကိုလည်း မြင်တွေ့ ရမှာ ဖြစ်ပါတယ်။

 

အမှတ်တံဆိပ် အနေနဲ့ ကတော့ တိုယိုတာဟွန်ဒါနစ်ဆန်း တို့ က အသေးစား၊ အလတ်စားမှာ များပြီး အကြီးမှာ ဆိုရင် ဖူဆို၊ ဟီးနိုး အပြင် အခြားသော တရုတ်ပြည်က လာတဲ့ ကား အမှတ်တံဆိပ် များလည်း ရှိပါတယ်။ မူဆယ်ဘက်ကနေ ကုန်စည်များ သွင်းနေတာ ဖြစ်တာကြောင့် တရုတ်ပြည်က ဝင်တဲ့ ကုန်တင် ကားကြီး များလည်း အတော်လေး အသုံးပြုကြ ပါတယ်။

အိမ်စီးကားတွေ သုံးကြတဲ့ မန္တလေး နေသူ အချို့

 နယ်ခရီး သွားနေကျ တဲ့ သူတွေ အတွက် ပစ်ကပ် အက်စ်ယူဗီ ကား ပုံစံကို အများစု စီးကြ ပါတယ်။ ရှေ့နှစ်ခန်း တွဲပါပြီး။ နောက်မှာ ကုန်တင်ဖို့ အခန်းကျယ် ပါတဲ့ တိုယိုတာ ဟိုင်းလတ်လိုမျိုး အပြင် အခြားသော ကားများလည်း ရှိပါတယ်။ အက်စ်ယူဗီ မှာဆိုရင် မစ်ဆူဘီရှီ ပါဂျဲရိုး၊ တိုယိုတာ လန်ခရူဆာ တို့ကို အများစု မြင်ရမှာ ဖြစ်ပါတယ်။ မန္တလေး မြို့တွင်းမှာ ဇိမ်ခံ ဆလွန်းကားများ စီးတဲ့ လူအချို့ လည်း ရှိပါ သေးတယ်။

ကားများ မန္တလေး ရောက်ရှိပုံ

Cars for sale in Mandalay

ကားများဟာ တစ်ချိန်တုန်းက ထိုင်းနယ်စပ်ကနေ သာ ဝင်ရောက်ပြီး ယနေ့တော့ ရန်ကုန်ကနေပါ ရောက်ရှိ ပါတယ်။ ရန်ကုန်ကနေ ဆိုရင် ရန်ကုန် အခြေဆိုက် အရောင်းစင်တာ တွေကနေ ဝယ်တာ ရှိကြ သလို၊ ဂျပန် လေလံကို တိုက်ရိုက် မှာလို့ ရန်ကုန်ကနေ သယ်ခြင်းလည်း ရှိပါတယ်။ မန္တလေး မှာလည်း ကားဈေးကွက် ရှိပြီး ရန်ကုန်နဲ့ သိပ်တော့ မကွာ ပါဘူး။ အဓိက အားဖြင့် ကတော့ သယ်ယူစရိတ်နဲ့ ပေါင်းရခြင်း ဖြစ်ပါတယ်။ သို့ပေမယ့် မန္တလေးမှာ လိုင်စင်ဝင်တဲ့ ကုန်ကျစရိတ် နဲ့ ရန်ကုန် မှာ လိုင်စင်ဝင်တဲ့ စရိတ် ကလည်း မတူ တာကြောင့် ဈေးကလည်း ကွာခြား နိုင်ပါ သေးတယ်။

အသစ် နဲ့ အဟောင်း

ယနေ့ အချိန် အထိ ကတော့ မန္တလေး မှာ အဟောင်းကား များနဲ့ ပြည့်နေဆဲ ဖြစ်ပါတယ်။ တစ်ပတ်ရစ် ကားများကို အများစု အသုံးပြု နေပြီး အသစ် ကားများ ဝင်ရောက်လာမှုလည်း ရှိပါတယ်။ အသစ် ကားများ အသုံးပြုမှု ဟာလည်း တိုးတက် လာနေပြီး လုပ်ငန်းသုံး အတွက် ကတော့ အဟောင်း ကိုပဲ ပိုမို အားထား ကြ ပါတယ်။ မန္တလေးရဲ့ ကားဈေးကွက် ကတာ့ လုပ်ငန်းသုံးဖို့ အတွက် အဓိက ဖြစ်နေပြီး အိမ်စီး အတွက် ကတော့ ရန်ကနု နဲ့ ယှဉ်ရင် နည်းပါ သေးတယ်။ Motors.com.mm ကနေ မန္တလေး မြို့ အတွင်း ရနိုင်တဲ့ မော်တော်ယာဉ် အသစ် အဟောင်း အမျိုးမျိုး ကို စိတ်ကြိုက် ရွေးချယ် လေ့လာ နိုင်ပါတယ်။