: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 157 ညှိနှိုင်း

Myanmar [Burma]

14527
  • 80,000 km

Black Mazda BT-50 2007 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှုစ...

Lks 173 ညှိနှိုင်း

ရန်ကုန်

14527
  • 50,000 km

Light Green Mazda BT-50 2012 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenge...

Lks 195 ညှိနှိုင်း

ရန်ကုန်

14527
  • 40,000 km

Pearl White Mazda BT-50 2013 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenge...

နောက်ဆုံးရလဒ်

မာဇဒါ ကားများ

Mazda for sale in Myanmar Car Market

ဂျပန်ကားတွေ ပြည်တွင်းမှာ အရောင်းဝယ်များလာတဲ့နောက် မာဇဒါကားတွေရဲ့ ရောင်းဝယ်မှုတွေကလည်း တစ်ခု ပါဝင်ခဲ့ပါတယ်။ အရင်အရင် ကားလေလံတွေ ခေတ်စားတုန်းက မာဇဒါတံဆိပ်တွေဟာ အဲတုန်းကတည်းက ခေတ်စားနေတဲ့ ကားတွေ ဖြစ်ပြီး မကြာသေးခင်ကမှ စပြီး ဖွင့်လိုက်တဲ့ မာဇဒါ ကား အရောင်းစင်တာ ပေါ်ပေါက်လာတဲ့ နောက်မှာတော့ ပိုပြီးတော့ ပြည်တွင်း ၀ယ်ယူမှုမှာ အဆင်ပြေလာခဲ့ပါတယ်။  ရန်ကုန်မှာတင် မဟုတ်ဘဲ မန်းလေးမှာပါ မာဇဒါရဲ့ ဘရန်နယူးကားတွေကို ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ထို အရောင်းစင်တာမှာ ရရှိနိုင်တဲ့ ကားကတော့ လောင်စာဆီ သက်သာတဲ့ Skyactiv နည်းပညာနဲ့ ဖြစ်တဲ့  မာဇဒါ သရီးကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဌင်း မာဇဒါ သရီးမှာကတော့ ဆီဒန်နဲ့ ဟတ်ဘတ်ကားတွေကို ပါရနိုင်မှာ ဖြစ်ပါတယ်။  မာဇဒါမှာ အက်စ်ယူဗီကား၊ ဗန်ကားငယ်၊ ထရက်ကား အပြင် ပြိုင်ကားများလည်း မြန်မာပြည် ရောက်ရှိ ပါတယ်။ မာဇဒါရဲ့ အိမ်စီးကား ဈေးကွက်ထဲမှာ မာဇဒါဒီမရို ကားတွေကို ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာများ

မာဇဒါ rx-8 ရဲ့ စွမ်းဆောင်ရည်များ အနေနဲ့ စပေါ့၊ မာစတာ RX- 8 တွေမှာ ၁၈ လက်မ ငွေရောင်ဘီးများ၊ ထိုင်ခုံစွပ်၊ လယ်သာ စတီးယာရင်၊ တံခါးလက်ကိုင်ဘုတွေကိုလည်း အလူမီယံနဲ့ လယ်သာ သားတွေ သုံးထားပါတယ်။ မန်နျူးယယ် အရှေ့ဖက် လေအေးပေးစက်တွေပါ ပါဝင်ပါတယ်။ အော်ဒီယို စနစ်ပါဝင်တဲ့ စပီကာ ခြောက်လုံးလည်း ပါဝင်ပါသေးတယ်။ cruise control လို့ခေါ်တဲ့  ကားရဲ့ အမြန်နှုန်းကို အော်တိုထိန်းချုပ်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။. မာစတာ RX- 8 တာရင်း မှာတော့ ဆွဲအား ထိန်းချုပ်မှု စနစ်၊ ယာဉ်ရဲ့ တည်ငြိမ်မှုကို လျှပ်စစ်နဲ့ ထိန်းချုပ်တဲ့ စနစ်တွေပါဝင်ပါတယ်။ ဆန်းရုတွေလည်း ဖွင့်လစ်နိုင်ပါတယ်။ ဌင်းမှာတော့ အမ်ပရီဖိုင်ရာ အော်ဒီယိုစနစ်ပါဝင်တဲ့ စပီကာ ၉ လုံးပါဝင်ပါတယ်။ ၀ိုင်ယာလစ် ထိန်းချူပ်မှု စနစ်တွေပါ ပါဝင်ပါတယ်။

၂၀၀၇ မာစတာ RX-8 မှာတော့ စပေါ့၊ တိုရင်း၊ ဂရန် တိုရင်းစတဲ့ကား အမျိုးအစားတွေလာပါတယ်။ အကုန်လုံးသော မော်ဒယ်တွေကို  မြင်းကောင်ရေအား ၂၃၂ ရှိတဲ့ ၁၃၀၀ စီစီ အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ နောက်ဘီး မောင်းတွေပဲ ဖြစ်ပါတယ်။ မန်နျူး.ယယ် ၆ ချက် ဂီယာထိုးတွေပဲ ဖြစ်ပါတယ်။ မာဇဒါရဲ့ ဘရန်ထဲက ဒယ်မီအို Mazda for sale စွမ်းဆောင်ရည်များအနေနဲ့ မာစတာ ဒယ်မီအိုတွေဟာ ဟတ်ဘတ်ကား အသေးစားမျိုးတွေ ဖြစ်ပြီး ဆီစား သက်သာလှတဲ့ကားတွေ ဖြစ်ပါတယ်။ ၂၀၁၃ မော်ဒယ်တွေကို ပိုပြီး စတိုင်ကျမှုကို ပေါင်းထည့်ထားတာကို တွေ့ရမှာ ဖြစ်ပြီး မြို့တွင်း မြို့ပြင် ၂၈၊၃၄ မိုင်ရရှိပါတယ်။ အော်တို ဂီယာတွေကိုပဲတွေ့ရမှာ ဖြစ်ပြီး စပေါ့ဗားရှင်းတွေမှာ လျှပ်စစ်ပါဝါ စတီယာရင်၊ အန်တီ လော့ခ် ဘရိတ်၊ တည်ငြိမ်မှု ကွန်ထရိုး၊ဆွဲအား ထိန်းချုပ်မှု၊ ပါဝါ တံခါး လော်ခ် နဲ့ ရီမုတ် ကီး တွေပါပါရှိလာပါတယ်။  အဲယားကွန်း၊ ပါဝါ ၀င်ဒိုး၊ မှန်များနဲ့ လေအိတ် ခြောက်လုံး၊ ကာဗာ အပြည့်တွေနဲ့အတူ ၁၅ လက်မ ဘီးတွေကိုပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်း ထင်ရှားတဲ့ မာဇဒါ မော်ဒယ်များ

မြန်မာပြည် ဈေးကွက် အတွင်း မာဇဒါ ဆိုရင် ဆပ်ကွန်းပက်ကား လို့ခေါ်တဲ့ မီနီဗန် ကိုလည်း လူသိများပါတယ်။ မာဇဒါအာအိတ် ၈ ပြိုင်ကားတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။  တံခါး ၂ ပေါက် ပြိုင်ကား ဖြစ်ပြီး မြန်မာပြည် ပြိုင်ကား လောကမှာ အဝယ်စီး များပါတယ်။ ဈေးသက်သာ တာကြောင့်လည်း ပါဝင် ပါတယ်။ အင်ဂျင် အရွယ် ကလည်း သိပ်မကြီး ပါဘူး။ စွမ်းဆောင်ရည်ကလည်း ပြိုင်ကားတန်း ဝင်ပါတယ်။ အနီရောင်၊ အနက်ရောင်၊ အဖြူရောင် များကို အသွင်းများ ပါတယ်။ ပြီးတော့ မာဇဒါမှာ အက်စ်ယူဗီ အရွယ် ကားများ လည်း ဝင်ပါတယ်။ ပြီးတော့ အက်စ်ယူဗီ များလည်း ဝင်ရောက် ပါတယ်။ တရားဝင် အရောင်း စင်တာ ဖွင့်လာပြီ ဖြစ်တာကြောင့် ရောင်းအား တက်လာနိုင်ကိန်းတော့ ရှိပါတယ်။ မာဇဒါက လက်ရှိ မြန်မာပြည် မှာ အသစ်ဖွင့်လိုက်တဲ့ အရောင်းစင်တာက အရွယ်ငယ်တဲ့ ဗန်ကား၊ ဆလွန်ကားများကိုသာ အဓိကထား ရောင်းချ ပါတယ်။ အခြားသော ကား အမျိုးအစားများလည်း ရောင်းချ အုံးမှာ ဖြစ်ပါတယ်။

မာဇဒါ တစ်ပတ်ရစ်ကားထဲမှာဆိုရင် အဝယ်များတာက မာဇဒါ ပြိုင်ကား ဖြစ်တဲ့ အာအိတ်-၈ ဖြစ်ပါတယ်။ ရို တေရီ အင်ဂျင်ကို အသုံးပြုတဲ့ အာအိတ်-၈ ဟာ တစ်ပတ်ရစ် ၂၀၀၅ မော်ဒယ်လောက်ကို သိန်း ၁၅၀ ဝန်းကျင်နဲ့ တောင် ရရှိ နိုင်ပါတယ်။ အရင်တုန်းက သိန်း ၂၀၀ ဝန်းကျင်ရှိပေမယ့် ယခုတော့ ဈေးအတော်လေး ကျလာခြင်း ဖြစ်ပါတယ်။ မာဇဒါ ဂျစ်ကား လည်း မြန်မာပြည် ဝင်ပါတယ်။ မစ်ဆူဘီရှီရဲ့ပါဂျဲရိုတိုယိုတာရဲ့လန်ခရူဆာ ပရာဒို တို့လို ပြိုင်ကားများနဲ့လည်း အပြိုင်အဝယ်လိုက်တဲ့ ကားပါ။ သို့ပေမယ့် တိုယိုတာ တို့ရဲ့ ရောင်းအား ကိုတော့ မမှီသေး ပါဘူး။ မာဇဒါ ကို မြန်မာပြည်မှာ ဝယ်ယူသူများအနေနဲ့ လက်ရှိ အချိန်ထိမှာတော့ တစ်ပတ် ရစ် ကားများကိုသာ အဝယ်လိုက်နေ ပါသေးတယ်။ ဂျပန် တစ်ပတ်ရစ်ကားဈေးကွက် ကနေ ဖြစ်ပါတယ်။ နောက်ဆိုရင်တော့ မာဇဒါ ရဲ့ မြန်မာပြည်က တရားဝင် အရောင်းစင်တာ ကနေ ပိုမို ဝယ်ယူလာကြ တော့မှာ ဖြစ်ပါတယ်။

Mazda for sale

ပြည်တွင်းမှ ရရှိနိုင်တဲ့ ကားမော်ဒယ်များ

ပြည်တွင်းမှာတော့ လေလံနဲ့ အချို့သာ ကားကုမ္ပဏီတွေကနေ တစ်ပတ်ရစ်တွေကို ရနိုင်သကဲ့သို့ လောလောဆယ် မာဇဒါရဲ့ တရားဝင် အရောင်းခန်းတွေလည်း ရလာပြီး ဖြစ်တာမို့  အသစ်ဘရန် နယူးတွေကို မာဇဒါရဲ့ တရားဝင် အရောင်းစင်တာတွေမှာ ၀ယ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ဘရန်နယူးကားတွေကို ၀ယ်ယူသူများ အနေနဲ့ အရစ်ကျငွေပေးချေမှုကို မာဇဒါရဲ့ ဖြန့်ချိရေး ကုမ္ပဏီတွေကနေ တစ်ဆင့် ပေးချေနိုင်မှာ ဖြစ်ပြီး အရင်ဦးဆုံး ဒေါင်းပေးချေခြင်း အနေနဲ့၂၀ ရာခိုင်နှိုင်းကို ပေးချေရမှာ ဖြစ်ပါတယ်. Mazda CX5, CX-9, BT-50  နဲ့ Mazda 2  အပါအ၀င် အမြင့်စားကားတော်တော်များများကို မာဇဒါ ရိုးရွန်များတွင် ရရှိနိုင်မှာ ဖြစ်ပါတယ်။

မာဇဒါ ဘရန်အကြောင်း စိတ်ဝင်စားစရာ အကြောင်းအရာများ

မာဇဒါ ဘရန်ဟာဆိုရင် နောက်ပိုင်းဌင်းတို့ရဲ့ ဆန်းသစ်တီထွင်မှုနဲ့ ဖြစ်တဲ့ (News) Mazda က တီထွင်ထားတဲ့ Skyactiv Technology ၏ ထူးခြားချက်ကတော့ United States Environmental Protection Agency (EPA) မှ ထုတ်ပြန်သော fuel economy report တွင် 2 years ဆက်တိုက် No.1 နေရာမှာ ရရှိထားခဲ့တဲ့ နည်းပညာတွေကို ပိုင်ဆိုင်ထားတဲ့ ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ မန်းလေးနဲ့ ရန်ကုန်များတွင်ပါ အလွယ်တကူ တရားဝင် ဘရန်နယူးတွေကို ၀ယ်ယူနိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။