: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 72 ညှိနှိုင်း

ရန်ကုန်

14527
  • အသစ်

Silver Mazda Familia Van 2008 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenger. ...

နောက်ဆုံးရလဒ်

မာဇဒါ ဖန်မလီယားကားများ

Mazda Familia for sale in Myanmar Car Market

ပြည်တွင်းမှာ မာဇဒါ တံဆိပ်ကားများရဲ့ ရောင်းအားကတော့ သိပ်တော့ မကောင်းပါဘူး။ ဒါကြောင့် မာဇဒါ ဖန်မလီယားကားများဟာ အရောင်း သိပ်သွက်တာတော့ မရှိဘူး။ သို့ပေမဲ့ သူအနေအထားနဲ့ သူတော့ ပြည်တွင်းမှာ စီးနင်းနေကြပါတယ်။ ဌင်းက နစ်ဆန်း အေဒီကို နာမည်ပြောင်းပြီး ထုတ်ထားတဲ့ ကားအမျိုးအစား တစ်မျိုးပါပဲ။ ဟွန်ဒါ ပါတနာနဲ့လည်း ဆင်ပါတယ်။ ပြည်တွင်းမှာတော့ နစ်ဆန်း အေဒီ ဗန်ကို လူသိများကြပြီး အေဒီဗန်ဟာ အရောင်းများပါတယ်။ မြန်မာ တက္ကစီ သမားတွေထဲမှာ အကြမ်းခံတဲ့ နာမည်ကြီးမူတွေနဲ့ အကြိုက်များလာခဲ့တဲ့ ကားတစ်မျိုး ဖြစ်ပါတယ်။ စတေရှင်း ၀ဘ်ဂွန်ထဲမှာလည်း ပါတဲ့ အမျိုးအစားဖြစ်ပြီး သူက တိုယိုတာ (ကြက်တူေ၇ွးCaldina corolla ဗန်တို့ကဲ့သို့ ပုံစံများသို့ပဲ ပုံသဏ္ဍာန် ဆင်ပြီး ဌင်းတို့ထက် ပိုတာက မီးလုံး ရှေ့ ဘန်ဘားတို့မှာ ကြီးမား ထုထည်ကြီးမား သကဲ့သို့ ထင်ရပြီး ကြံခိုင်တဲ့ ပုံစံတို့ဖြင့် လူထုရဲ့ အာရုံကို ဖမ်းစားနိင်ခဲ့တာ ဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဖွဲ့စည်း တည်ဆောက်မူအရ အထဲမှာလည်း ကျယ်ကျယ် ၀န်းဝန်းနဲ့ သက်တောင့်သက်သာ ရှိလှပါတယ်။ ထို့အပြင် ဌင်းတို့မှာ ဈေးနှုန်း ချိုသာစွာ ရရှိနိင်မှာ ဖြစ်ပါတယ်။

အေဒီဗန်မှာ ပုံသစ်နဲ့ ပုံဟောင်းဆိုပြီး မော်ဒယ် နှစ်မျိုးတွေ့နိင်ပါတယ်။ ပုံဟောင်းကတော့ မာစတာ ဖန်မလီယာ တို့နဲ့ ဆင်ကာ ပုံစံ အနည်းငယ်ပါးပါတယ်။ ပုံသစ်ကိုတော့ ၂၀၀၇ ထဲမှာ စတွေ့နိင်မှာ ဖြစ်ပြီး ၂၀၀၈နဲ့ အခြား နောက်မော်ဒယ် နှစ်များတွင်လည်း တွေ့နိင်ပါတယ်။ ပုံသစ်ဖြစ်တဲ့ အေဒီဗန်တွေကို စလစ်လွတ် လူပိုသွင်းလာကြကာ အင်ဂျင် ပါဝါ ဆီစား သင့်ပြီး ဈေးနှုန်း ချိုသာတဲ့ စတဲ့ အချက်တွေကြောင့်လည်း ဖြစ်ပါတယ်။ နစ်ဆန်း အေဒီဗန်ကို တစ်ဖက်မှာ ၀င်းရိုတ်လို့လည်း ခေါ်ပါတယ်။

ပြည်တွင်းက တစ်ပတ်ရစ် မာဇဒါ ဖန်မလီယားများ

Mazda Familia for sale in Myanmar

အင်ဂျင် အနည်းဆုံး ၁၃၀၀ စီစီနဲ့ ၁၅၀၀ စီစီ ရှိတဲ့ ဖန်မလီယားလေးတွေ ရှိပါတယ်။ ၂၀၀၇ ကနေ ၂၀၀၉ လောက်ထိ တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းလည်း သက်သာပါတယ်။ တစ်ပတ်ရစ်တွေ ဖြစ်ပေမဲ့လို့ ကားတွေက အသစ်နီးပါးပါပဲ။ အေဒီဗန်ကားကိုမှာ မာဇဒါ တံဆိပ်ကပ်ထားတဲ့ ကားတွေ ဖြစ်ပါတယ်။ တီဗီတွေ ပါတာတွေလည်း ရှိပါတယ်။ အင်ဂျင်က ၁၅၀၀ စီစီ ရှိသလို ၁၃၀၀ စီစီကားတွေလည်း ရှိပါတယ်။ ပါဝါ ၀င်းဒိုး၊ တီဗီ၊ အဲယားကွန်၊ ပါဝါ စတီယာရင်၊ တို့ပါရှိပါတယ်။ အဖြူ ၊ငွေရောင်၊ မီးခိုးရောင် တို့ကို ရွေးနိင်ပါတယ်။ လူငါးယောက်ထိုင်၊ ညာမောင်း ဖြစ်ပြီး နောက်ဖုံး အပါအ၀င် တံခါး () ပေါက် ပါရှိပါတယ်။

မော်ဒယ်နဲ့ အင်ဂျင်များ

စလစ် လွတ်သွင်းနိင်တဲ့ မော်ဒယ်များ ဖြစ်တဲ့ ၂၀၀၉၊ ၂၀၀၈ စတဲ့ မော်ဒယ်တွေကို အသွင်းများပါတယ်။ အင်ဂျင်ကတော့ ၁၂၀၀စီစီ၊ ၁၅၀၀ စီစီ၊ ၁၆၀၀ စီစီနဲ့ ၁၈၀၀ စီစီ တို့လာပြီး ပြည်တွင်းမှာတော့ ၁၃၅၀ စီစီအောက်ဖြစ်တဲ့ အင်ဂျင်တွေကို သွင်းလေ့ရှိပါတယ်။ အော်တို ဓာတ်ဆီ ကားတွေ ဖြစ်ပါတယ်။ ပြည်တွင်းလမ်းတွေနဲ့တော့ အကြမ်းပတမ်းခံ မောင်းနင်နိင်တဲ့ မာဇဒါ ဗန်ကားများ ဖြစ်ပြီး ပစ္စည်း သယ်ယူမူမှာလည်း နေရာ နောက်ခန်းက ကျယ်ဝန်းစွာ ပါရှိတဲ့ အတွက် အဆင်ပြေလှတာကို တွေ့ရပါတယ်။ ကားအတွင်းခန်းကလည်း ရှင်းလင်းပြီး ကျယ်ပြန့်လှတဲ့ အတွက် အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။

ဈေးကွက် ကား ဈေးနှုန်းများ

ဈေးနှုန်းမှာ တစ်ခြားကား အမျိုးအစားတွေလို မော်ဒယ် ကွဲတွေ သိပ်မရှိတဲ့ အတွက် ကားဈေးခေါ်ယူမူမှာလည်း ရှင်းပါတယ်။ အနာအဆာနဲ့ လေလံ ဂရိတ်၊ မော်ဒယ် နှစ်များ လောက်ကိုသူ ကြည့်ပြီး ဈေးနှုန်း အနည်းငယ် ကွာသွားမှာ ဖြစ်ပါတယ်။ ဈေးကတော့ ကျပ် သိန်း ၈၀ လောက်ကနေ စပြီး ရနိင်ကာ ကျပ်သိန်း ၁၁၀ လောက်ထိ ပေါက်မှာ ဖြစ်ပါတယ် ၊ ဈေးနှုန်းများဟာ ကားရဲ့ ကောင်းမွန်မူကို မူတည်နေသလို လေလံမှ မှာယူရရှိခဲ့တဲ့ ဈေးအပေါ်တွင်လည်း မူတည်နေတာ ဖြစ်ပါတယ်။