: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 145 ညှိနှိုင်း

Myanmar [Burma]

14527
  • 80,000 km

Silver Mazda RX-8 2009 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV,Navigation System,Power Locks,Power Steering,Smart Key. ဘေးကင်းလုံခြုံမှုစ...

Lks 125 ညှိနှိုင်း

Myanmar [Burma]

14527
  • 100,000 km

Grey Mazda RX-8 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင...

Lks 165 ညှိနှိုင်း

ရန်ကုန်

Future Gate Bridge Co.,Ltd
  • 79,000 km

Red Mazda RX-8 2009 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV,Navigation System,Power Locks,Power Steering,Smart Key. ဘေးကင်းလုံခြုံမှုစနစ်...

နောက်ဆုံးရလဒ်

မာဇဒါ အာအိတ်ခ်ျ အိတ်ခ်ျများ

Mazda RX8 for sale in Myanmar Car Market

ပြည်တွင်း အသုံးများတဲ့ စပေါ့ကား အာအိတ် အိတ်ခ်ျ

စပေါ့ကားတွေထဲက ပြည်တွင်းမှာ နာမည်ကြီးတဲ့ အမျိုးအစား တစ်ခုပါပဲ။ အထူးသဖြင့် လူငယ်တွေကြားထဲမှာ ပေါ်ရှယ် နှင့်  နီဆန်း တို့လို  ဖြစ်ပြီး ဒီဇိုင်း ဆန်းသစ်မှု  အပါအ၀င် ဈေးနှုန်း သက်သာ မူကြောင့် ပြည်တွင်း စပေါ့ကား စိတ်ဝင်စားသူများရဲ့ ၀ယ်ယူမူထဲမှာ တစ်ခု အပါအ၀င် ဖြစ်လာခဲ့ပါတယ်။ ဇိမ်ခံ စပေါ့ကား အမျိုးအစား တစ်မျိုးပါပဲ။ ကားရဲ့ ထိုင်ခုံက အစ အောက်ဖက်နဲ့ အနောက်ဖက်ကို လျော့ကျကျနဲ့ လူငယ်ကြိုက် ပုံစံ ဖွဲ့စည်းမူနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ခုနှစ်များ အနေနဲ့ ပထမဆုံး မျိုးဆက်ဖြစ်တဲ့ ၂၀၀၃ကနေ ၂၀၀၈ ထိကို ထုတ်တဲ့ မျိုးဆက်ကားတွေကို တွေ့ရပါမယ်။ ၂၀၀၃ ၊ ၂၀၀၆၊ ၂၀၀၇ ၊၂၀၀၉ အထိကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီထက် မော်ဒယ် အရမ်းမြင့်သွားရင်တော့ ဒီဇိုင်းတွေ ကပို သစ်လွင်လာကာ ဈေးနှုန်းလည်း လိုက်မြင့်လာမှာ ဖြစ်ပါတယ်။ ဈေးနှုန်း အစားစား ရှိနေပါတယ်။

မာဇဒါ အာ အိတ်ခ်ျအိတ်ခ်ျဟာ မာဇဒါကော်ပိုရေးရှင်းကနေ ထုတ်ထားတဲ့ စပေါ့ကား တစ်စီး ဖြစ်ပြီး ၂၀၀၁ လောက်ကစပြီး ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ သူအနောက်က အာ အိတ်ခ်ျ ဆဲဗန်လည်း ရှိပါတယ်။ မျိုးဆက် နှစ်မျိုးတွေ့ရမှာ ဖြစ်ပြီး ပထမမျိုးဆက်ကတော့ ၂၀၀၃ ကနေ ၂၀၁၂ ထိ လာပါတယ်။ ဒုတိယကတော့ ၂၀၀၉ ကနေ ၂၀၁၂ ထိ ကို တွေ့၇တဲ့ မော်ဒယ်အမြင့် အမျိုးအစားတွေ ဖြစ်ပါတယ်။ အော်တို မန်နျူးယယ်၊စတဲ့ ဂီယာတွေကို ရွေးနိင်ပါတယ်။ ဂီယာ ၆ချက် မန်နျူးယယ်လည်း ရှိပါတယ်။ပြည်တွင်းမှာ ဆို အော်တို တွေ့နိင်သကဲ့သို့ မန်နျူးယယ်လည်း တွေ့နိင်ပါတယ်။

ပထမ မျိုးဆက် မာဇဒါ အာ အိတ်ခ်ျ အိတ်ခ်ျရဲ့ စွမ်းဆောင်ရည်

Mazda RX8 for sale

ပထမ မျိုးဆက် ဖြစ်တဲ့ မာဇဒါ အာအိတ်ခ်ျ အိတ်ခ်ျ ဟာ ချဲလ်ဆီး ကုဒ် SE3P ၊ JM1FE စတဲ့ ချဲဆီးတွေနဲ့ စပါတယ်။ မော်ဒယ် နှစ်ကတော့ ၂၀၀၃ က စပါတယ်။ အင်ဂျင်ကတော့ ၁၃၀၀ စီစီ ဖြစ်ပြီး တာဗို့ မပါပါ ဘူး။ ရရှိနိင်တဲ့ ဂီယာ အမျိုးအစားတွေကတော့ ဂီယာ ၆ ချက် မန်နျူးယယ်၊ ဂီယာ ၅ ချက် မန်နျူးယယ်၊ အော်တို ၆ ချက် ဂီယာတို့ပဲ ဖြစ်ပါတယ်။ အမျိုးအစားပေါ်မူတည်ပြီး အောက်ပို့ ပါဝါတွေ ကွဲသွားမှာ ဖြစ်ပါတယ်။ ၂၀၀၇ မာစတာ RX-8 မှာတော့ စပေါ့၊ တိုရင်း၊ ဂရန် တိုရင်းစတဲ့ကား အမျိုးအစားတွေလာပါတယ်။ အကုန်လုံးသော မော်ဒယ်တွေကို  မြင်းကောင်ရေအား ၂၃၂ ရှိတဲ့ ၁၃၀၀ စီစီ အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ နောက်ဘီး မောင်းတွေပဲ ဖြစ်ပါတယ်။ မန်နျူး.ယယ် ၆ ချက် ဂီယာထိုးတွေပဲ ဖြစ်ပါတယ်။

ထင်ရှားမှု

စပေါ့၊ မာစတာ RX- 8 တွေမှာ ၁၈ လက်မ ငွေရောင်ဘီးများ၊ ထိုင်ခုံစွပ်၊ လယ်သာ စတီးယာရင်၊ တံခါးလက်ကိုင်ဘုတွေကိုလည်း အလူမီယံနဲ့ လယ်သာ သားတွေ သုံးထားပါတယ်။ မန်နျူးယယ် အရှေ့ဖက် လေအေးပေးစက်တွေပါ ပါဝင်ပါတယ်။ အော်ဒီယို စနစ်ပါဝင်တဲ့ စပီကာ ခြောက်လုံးလည်း ပါဝင်ပါသေးတယ်။ cruise control လို့ခေါ်တဲ့  ကားရဲ့ အမြန်နှုန်းကို အော်တိုထိန်းချုပ်တဲ့ စနစ်တွေလည်း ပါဝင်ပါတယ်။. မာစတာ RX- 8 တာရင်း မှာတော့ ဆွဲအား ထိန်းချုပ်မှု စနစ်၊ ယာဉ်ရဲ့ တည်ငြိမ်မှုကို လျှပ်စစ်နဲ့ ထိန်းချုပ်တဲ့ စနစ်တွေပါဝင်ပါတယ်။ ဆန်းရုတွေလည်း ဖွင့်လစ်နိုင်ပါတယ်။ ဌင်းမှာတော့ အမ်ပရီဖိုင်ရာ အော်ဒီယိုစနစ်ပါဝင်တဲ့ စပီကာ ၉ လုံးပါဝင်ပါတယ်။ ၀ိုင်ယာလစ် ထိန်းချူပ်မှု စနစ်တွေပါ ပါဝင်ပါတယ်။

ဒီဇိုင်း

Mazda RX8 for sale

တံခါး နှစ်ပေါက် အမျိုးအစား ဖြစ်ပြီး အရှေ့ခုံကို ဖယ်ပြီး အထဲမှာ ရှေ့ခန်း လူနှစ်ယောက် အပါအ၀င် အနောက်က နှစ်ယောက်၊ သုံးယောက်လောက် ထိုင်လို့ ရပါတယ်။ စပေါ့တိုက်ကား ဖြစ်တဲ့အတွက် ရှေ့လေခွင်ကို ကောင်းမွန်စေဖို့ ရှေ့ဘောနက်နဲ့ ဘီးတွေကို အနည်းငယ် နိမ့်ထားတာကို တွေ့ရပါမယ်။ အင်ဂျင်ကလည်း ၁၃၀၀ စီစီ လောက်မှာသာ ရှိတဲ့ အတွက် ပြည်တွင်း ကားတင်သွင်းမူ အတွက် အဆင်ပြေတဲ့ ကား အမျိုးအစားပါပဲ။ ထုတ်လုပ်မူနိင်ငံတွေပေါ်မူတည်ပြီး ဘယ်မောင်း ညာမောင်း ကွဲသွားပါတယ်။ အတွင်းခန်းမှာလည်း စပေါ့ကား ဖြစ်သည့်နည်းတူစွာ ခေတ်ဆန်လှသည့်ကို တွေ့ရပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှု

စပေါ့ကား ဖြစ်ပေမဲ့ ဈေးသက်သာပါတယ်။ ၁၃၀၀ စီစီ ဖြစ်တဲ့ အတွက်ပါ။ ဈေးနှုန်း ၁၀၀ ကျော်ကျော်လောက်ကနေ ၁၇၀၊ ၁၈၀ သိန်း နီးပါးခန့်ထိရှိတဲ့ ဈေးသက်သာတဲ့ မာဇဒါ အာအိတ်ခ်ျ အိတ်ခ်ျလေးတွေ ဖြစ်ပါတယ်။

သုံးသပ်ချက်

လူတော်တော်များများက မာစတာကို စပေါ့စ်ကားတွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီ တစ်ခုလို ထင်ကြပါတယ်။ တကယ်တော့ မာစတာရဲ့ စပေါ့စ်ကားတွေကို အင်ဂျင် ပေါ့ပေါ့ပါးပါးလေးတွေမှာ အရင်ကတည်းက ထုတ်လုပ်တဲ့ ရာဇ၀င်ကြောင့်ဖြစ်ပါတယ်။ မာစတာ RX-8 ဟာလည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ ဌင်းမှာ အခြား စပေါ့စ်ကားတွေမှာ မရနိုင်တဲ့ ၁၃၀၀ စီစီအင်ဂျင်နဲ့ မြင့်မားတဲ့ နည်းပညာ ဖွဲ့စည်းမှုတွေကို ရရှိမှာ ဖြစ်ပါတယ်။