: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

ဈေးနှုန်း မေးရန်

ရန်ကုန်

Green Auto Services Co.,Ltd
  • 50,000 km

Black Mercedes-Benz GL500 2014 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start....

ပရီမီယံ

Lks 350 ညှိနှိုင်း

ရန်ကုန်

Lucky Auto Co., Ltd
  • 60,000 km

Pearl White Mercedes-Benz E320 2005 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Original TV,Navigation System,Power Locks,Power Steering. ဘေးကင်...

ဈေးနှုန်း မေးရန်

Myanmar [Burma]

Garmanit Zay Ya Car Sales And Services Centre
  • အသစ်

Grey Mercedes-Benz CLA180 2013 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,TV,Smart Ke...

ဈေးနှုန်း မေးရန်

Myanmar [Burma]

Garmanit Zay Ya Car Sales And Services Centre
  • အသစ်

Red Mercedes-Benz E200 2014 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,TV,Push Start....

ဈေးနှုန်း မေးရန်

Myanmar [Burma]

Garmanit Zay Ya Car Sales And Services Centre
  • အသစ်

Black Mercedes-Benz GLA180 2013 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,TV,Smart K...

Lks 1,050 ညှိနှိုင်း

ရန်ကုန်

YNTZ Auto Services
  • အသစ်

Black Mercedes-Benz C200 2014 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Smart Key. ေ...

Lks 10,999

Myanmar [Burma]

Kader Sissoko
  • 135,000 km

ဒီံငွေရောင်/မီးခိုးရောင်Mercedes-Benz C-Class C300 4MATIC SPORT 2008 LIMITEDဟာ Lks10999 သတ်မှတ်ထားပြီး ‌မောင်းနှင်ပြီး 135000ကီလိုမီတာ၊ အလိုအလျောက်ထိန်းချုပ်မောင်းနှင်နိုင်သောဂီယာ နဲ့အတူ ခေတ်မှီေ...

Lks 700 ညှိနှိုင်း

ရန်ကုန်

Myanmar SEG Co., Ltd.
  • 80,000 km

Red Mercedes-Benz C200 AMG 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start....

ဈေးနှုန်း မေးရန်

ရန်ကုန်

Friend Ship Car Showroom
  • အသစ်

Silver Mercedes-Benz ML350 2004 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airb...

Lks 124 ညှိနှိုင်း

ရန်ကုန်

14527
  • အသစ်

White Mercedes-Benz E320 2000 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag...

Lks 160 ညှိနှိုင်း

ရန်ကုန်

14527
  • 100,000 km

Dark blue Mercedes-Benz E320 1999 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,A...

Lks 102 ညှိနှိုင်း

ရန်ကုန်

14527
  • အသစ်

White Mercedes-Benz E320 1998 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Dri...

နောက်ဆုံးရလဒ်

မာစီဒီးကားများ

Mercedes-Benz for sale in Myanmar Car Market

မာစီးဒီကားတွေ ပြည်တွင်းမှာ ၀င်ရောက်လာခဲ့တဲ့ နှစ်ပေါင်း အနေနဲ့ ကြာမြင့်လာပြီး ဖြစ်ပေမဲ့ ဈေးနှုန်း ကြီးမြင့်မှုကြောင့် ပြည်တွင်းမှာ လူစီးများတဲ့ ဘရန်တစ်ခုတော့ မဟုတ်ပါဘူး။ သို့ပေမဲ့  မာစီဒီးရဲ့ ကောင်းမွန် နည်းပညာမြင့်မားမှုတွေကြောင့် ယနေ့ မြန်မာပြည်က လူကြိုက်အများဆုံး ကားဘရန်တွေထဲမှာ ပါဝင်ပါတယ်။

မာစီဒီးနဲ့ ဘီအမ်ဒဗလျူ ကတော့ မြန်မာပြည်မှာ အပြိုင်ပဲ ဖြစ်ပါတယ်။ အီးကလပ်စ်၊ အက်စ်ကလပ်စ် အပြင် ကလက်စ်အမျိုးအစား ပေါင်းစုံ မြန်မာပြည်ကို ရောက်ရှိ နေပါပြီ။ ဂျာမနီကနေ တိုက်ရိုက် ဝင်လာတဲ့ မာစီဒီး ရှိသလို၊ ထိုင်းနယ်စပ်က ဝင်လာတဲ့ မာစီဒီး၊ ဂျပန် လေလ့ကားဈေးကွက်က ဝင်လာတဲ့ မာစီဒီးဆိုပြီး တော့လည်း ကွဲပါသေးတယ်။ ဂျပန်ကနေ ဝင်လာတာကတော့ တစ်ပတ်ရစ် မာစီဒီးကားများ ဖြစ်ပါတယ်။ ထိုင်း နိုင်ငံကဆိုရင် အသစ်ကော၊ တစ်ပတ်ရစ်ကော ပါဝင်ပါတယ်။ ဂျာမနီက ဝင်လာတာကတော့ အသစ်တွေချည်း ဖြစ်ပါတယ်။ မာစီဒီးမှာမှ အဝင် အများဆုံးက ဆလွန်းကားများ ဖြစ်ပြီး အက်စ်ယူဗီ လေးဘီးယက် ကားများ ကတော့ ဝင်ပေမယ့် အရေအတွက် အားဖြင့် နည်းပါတယ်။ ယနေ့ အထိလည်း နည်းနေပါသေးတယ်။

အလျိုလျို နဲ့တော့ လမ်းတွေထဲက ထွက်ပေါ်လာတတ်တဲ့ မာစီဒီး ဘင့်ဇ်  ကားများကို တွေ့နိုင်မှာ ဖြစ်ပြီး ဈေးနှုန်းအားဖြင့် တစ်ပတ်ရစ်ကိုမှ ၄၀၀ နီးပါး ကပ်နေတတ်တဲ့ မာစီးဒီတွေဟာ  ပြည်တွင်းနေ ကားသမား အများစုရဲ့ မောင်းနှင်စရာ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ငွေကြေး တတ်နိင်တဲ့ မာစီးဒီ ပရိသတ်များကတော့ စီးနင် နေကြပြီး ၀ယ်ယူလျက်ရှိတာ ကိုတွေ့ရပါတယ်။ အမြင့်စား ဇိမ်ခံကား တစ်မျိုးဖြစ်တဲ့ မာစီဒီး ကားတွေကို ဒီဇိုင်းဆန်ပြီး အတွင်းခန်းက ဇိမ်ခံစရာ ပစ္စည်းများ စုံလင်သည့်နဲ့ အညီ အင်ဂျင်ပါဝါ ကလည်း ၃၀၀၀ စီစီကျော်လောက်တော့ ရှိမှာ ဖြစ်ပါတယ်။ အတိအကျဆိုလျှင် ၃၂၀၀ စီစီ ဖြစ်ပါတယ်။ ဓာတ်ဆီ၊ အော်တို ဂီယာနဲ့ မောင်းနင်ကြသည့်ကားများ ဖြစ်ကြပြီး အရောင်အသွေး စုံလင်စွာ ကားများကို တွေ့ကြရမှာ ဖြစ်ပါတယ်။ မာစီဒီး E 320 ဟာ လူငယ်များ မကြိုက်လောက်တဲ့ ရှေ့က မီးလုံး ၀ိုင်းတွေနဲ့ တော်ဝင် ကား ပုံသဏ္ဍာန် တစ်ခုကို အသွင်ဆောင်နေပါတယ်။

ထိပ်ဖက်နဲ့ နောက်ဖက်မှာ မာစီဒီး ဆိုတဲ့ လူတိုင်း စိတ်ဝင်စားလောက်တဲ့ ကား တံဆိပ် လိုဂိုကြီးကို တွေ့ရမှာပါ။ အတွင်းခန်းမှာတော့ ထိုင်ခုံတွေက ရှန်မ္မိုင်း၊ လယ်သာ ထိုင်ခုံ စသည့်ဖြင့်တွေ့ရမှာ ဖြစ်ပြီး လယ်သာမှာမှ အမည်းရောင် လယ်သာ၊ အဖြူရောင် လယ်သာ စတဲ့ လယ်သာတွေကို တွေရမှာဖြစ်ပြီး နိင်ငံပေါ်လိုက်ပြီး ဘယ်မောင်း ညာမောင်းတွေဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဥပမာ- ဥရောပ ထုတ်တွေ၊ ဥရောပက သွင်းထားတဲ့ မာစီဒီးတွေဆို ဘယ်မောင်းတွေ ဖြစ်သွားမှာ ဖြစ်ပါတယ်။ Mercedes-Benz for saleမြန်မာမှာတော့ ဘယ်မောင်းဖြစ်တဲ့  မာစီဒီး ရော၊ ညာမောင်း ဖြစ်တဲ့ မာစီဒီးရောကို တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်းခန်း ကဖွဲ့စည်းပုံကတော့ ရှေ့ခန်းမှာ  ဂီယာဘောက်စ်ကို အလယ်က ကွဲအောင် ခြားထားတာကို တွေ့ရပါမယ်။ အနား ကွပ်တွေကိုတော့ ကျွန်းပုံစံ အသားတွေနဲ့ အလှဆင်ထားပါတယ်။ တီဗီတွေပါရှိပြီး တံခါးပေါက် လက်ကိုင်တွေက အစ ဒီဇိုင်းတွေကို ဆန်းသစ်ထားတာကို တွေ့ရပါမယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

ယခု မိတ်ဆက် ပြီး ၀ယ်ယူရရှိနိုင်တဲ့ စီကလပ်စ် ဆလွန် ကတော့ဇိမ်ခံ အပြင် စပေါ့ပုံစံလည်း စီးလို့ရတဲ့ ကား တစ်မျိုး ဖြစ်ပါတယ်။ မားစီးဒီး ရဲ့ စီ ကလပ်စ် ဆလွန်တွေဟာ ၁၉၉၃ ကတည်းက စတင်ထွက်ရှိနေတဲ့ကားတွေ ဖြစ်ပြီး ယခု ၂၀၁၄ နဲ့ အဲဒီ နောက်ပိုင်းထိကို ဆက်လက် ထွက်ရှိပါတယ်။ ၂၀၁၄ ကနေ ဆက်လက်ထွက်ရှိလာတဲ့ စီ ကလပ်စ်တွေမှာ ရုပ်ထွက် ဒီဇိုင်းတွေများစွာ မြင့်တင်ထားပါတယ်။ ကိုယ်ထည်ရဲ့ ကားတည်ဆောက်မှုဖွဲ့စည်းမှုတွေကို အလူမီနီယံ သားတွေကို တော်တော်များများ သုံးထားပြီး အရင်ကထက် အလေးချိန်များ စွာလျော့နည်း စေခဲ့ပါတယ်။ စပေါ့စ် နဲ့ ဇိမ်ခံ ကို မြင်းကောင်ရေ ၂၃၅ တွင် ၂၀၀၀ စီစီ တာဗို ဒီဇယ် အင်ဂျင်ကို သုံးထားပါတယ်။  မြင်းကောင်ရေ ၃၂၉ ထွက်တဲ့ ၃၀၀၀ စီစီ အင်ဂျင်လည်း ရှိပါတယ်။ ပြည်တွင်းက ကားတွေကတော့ စက်တင်ဘာမှာ အမေရိကမှာ စတင်ရောင်းချတာနဲ့ တစ်ပြိုင်နက် ရောင်းရှိလာတဲ့ ကားတွေ ဖြစ်ပါတယ်။ LED အင်ထဲလီဂျန်  မီးစနစ်၊ နဲ့ ကားတစ်စီးလုံးကို ထိန်းချုပ်နိုင်တဲ့  Touch Pad စနစ်တွေနဲ့ လာတာ ဖြစ်ပါတယ်။

ပြည်တွင်းက ရရှိနိုင်တဲ့ မော်ဒယ်များ

မားစီးဒီးရဲ့ ဆလွန်ဗားရှင်းမှာကိုပဲ စီ ၂၀၀ ကနေ မော်ဒယ် စီ၃၀၀ ထိ ရှိပါတယ်။ ဒီထဲမှာ ဟိုက်ဘရစ်ကားတွေလည်းပါဝင်ပါတယ်။ ဌင်းတို့ထဲမှာ စီ၃၀၀ ဖြစ်တဲ့ ဟိုက်ဘရစ် စပေါ့စ်ဗားရှင်းဟာ ဈေးအကြီး ဆုံး ဖြစ်ပါတယ်။ မာစီဒီး အီ ကလပ်စ်ကားတွေကိုလည်း တွေ့ရှိရမှာ ဖြစ်ပြီး  မာစီဒီး အီ ကလပ်စ်ကားတွေဟာ မာစီဒီး တံဆိပ်ရဲ့အောက်မှာရှိတဲ့ အမျိုးအစားကွဲ ကိုယ်ထည်ကွဲ အမျိုးအစား တစ်မျိုးပုံစံ ရှိတဲ့ ကား အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၉ လောက်ထိ ထုတ်ခဲ့တဲ့ ကား အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ အလတ်စား ဆိုဒ်ရှိတဲ့  ဇိမ်ခံ ကား တစ်မျိုးပါပဲ ။ အီ ၃၂၀ ကားဟာဆိုရင် မော်ဒယ် နံပါတ် အနေနဲ့   W211 လို့ခေါ်ကြပြီး ၂၀၀၂ ကနေ ၂၀၀၉ ထိ ထုတ်လုပ်လျက်ရှိပါတယ်။  ၂၀၀၂ မှာ စတင်ပြီး ထုတ်လုပ်ခဲ့ပြီး မန်အင် ဘလပ်ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့ပါတယ်။ အရင် မော်ဒယ်တစ်ခုဖြစ်တဲ့  တံခါးလေးပေါက်ပါ ကားအမျိုးအစားပေါ်မှာ အခြေခံထားတဲ့ အီ ကလပ်စ် ၃၂၀ ကိုတွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချို့မော်ဒယ်တွေဆို အပေါ်က ဆန်းရု့တွေတောင် ပါလာတာကို တွေ့ရပါတယ်။

Mercedes-Benz for sale

ပြည်တွင်းမှာ ရရှိနိုင်မှု

မာစီဒီး နောက်ထွက် ကားတွေက နည်းပညာ အင်မတန် အဆင့်မြင့် ပါတယ်။ ဒီတော့ နည်းပညာ အစိတ်အပိုင်း အတွက် ကုန်ကျစရိတ် လည်း အင်မတန်များတာကြောင့် ငွေကြေး ပေါများသူများသာ ဝယ်စီး နိုင်ပါတယ်။ ဇိမ်ခံကား ဖြစ်တာ မို့ ဂိုဒေါင်က ထွက်တာနဲ့ကို ဆီ အတော် လေး စားပါတယ်။ ဆီစားများသလောက်လဲ သူပေးတဲ့ ခံစားချက် ကလည်း တူမတူ အောင် ထူးခြားလို့ပါ။ ငြိမ့်ငြိမ့် ညောင်းညောင်း အဲယားကွန်း အေးအေးလေး ထဲမှာ ဇိမ် ကျကျ စီးဖို့ အတွက် မာစီဒီးက ရွေးချယ်စရာ အကောင်းဆုံး ဖြစ်တယ်လို့တောင် ပြောစမှတ် ပြုကြ ပါတယ်။ ပစ္စည်းတွေ ကတော့ ရှာမှ ရှားပါပဲ။ သို့ပေမယ့် မာစီဒီးကိုယ်တိုင် မြန်မာပြည်မှာ ရှိပြီဆိုတော့ ပစ္စည်းတွေ အရင်လောက် မရှားပါး တော့ဘူးလို့ ထင်ရ ပါတယ်။ ဒီတော့ မာစီဒီးကားကို ဝယ်မယ်ဆိုရင် ဈေးသက်သာ ဖို့ စဉ်းစားတဲ့ အခါ ဂျပန်လေလံကနေ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဈေးကိုအဓိကမထားပဲ အရည် အသွေးကို အဓိက ထားတယ် ဆိုရင် အရောင်းစင်တာ ကနေ တိုက်ရိုယ်ဝယ်တာ အကောင်းဆုံးပါပဲ။ မာစီဒီးမှာ ဆလွန်း ရယ်လို့ မဟုတ်တော့ပဲ ပြိုင်ကား ဆန်ဆန်တွေပါ ဝင်လာတာကိုပါ မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီတော့ အနာဂတ်မှာ မြန်မာပြည်မှာတင် မာစီဒီး ကားအရေအတွက် သိသိသာသာ တိုးလာမယ်လို့  ခန့်မှန်း ထားကြ ပါတယ်။

မာစီဒီးရဲ့ စိတ်ဝင်စားစရာ ဘရန်မော်ဒယ်များ

မားစီးဒီးကား ကုမ္ပဏီဟာ မြန်မာပြည် ပြည်တွင်း ဈေးကွက်ကိုလည်း နောက်ထပ် ထိုးဖောက်မှု တစ်ခု အနေနဲ့ ဌင်းရဲ့ မားစီးဒီး စီ ကလပ်စ်ကားများကို ပြည်တွင်းဈေးကွက်မှာ နောက်ထပ် ထပ်မံ မိတ်ဆက်လိုက်ပါတယ်။ စီ ကလပ်စ်ထဲမှာ  မော်ဒယ်လိုင်း လေးမျိုး ပါဝင်မှာ ဖြစ်ပြီး ဌင်းတို့ကတော့  Standard Line, Exclusive Line, Avantgarde Line နဲ့  စပေါ့တိုခ်ျ ဗားရှင်းလို့ ခေါ်တဲ့ AMG Line  စသည့်တို့ ပါဝင်ပါတယ်။ ကားအမျိုးအစား မှာ ပုံစံ (၃) မျိုးရှိပြီး ဆီဒန်၊ couple နဲ့ Station Wagon တို့ဖြစ်ပါတယ်။ နည်းပညာမြင့်တွေကို ပိုမိုပေါင်းစပ် ပါဝင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။