: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 1,050 ညှိနှိုင်း

ရန်ကုန်

YNTZ Auto Services
  • အသစ်

Black Mercedes-Benz C200 2014 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Smart Key. ေ...

Lks 700 ညှိနှိုင်း

ရန်ကုန်

Myanmar SEG Co., Ltd.
  • 80,000 km

Red Mercedes-Benz C200 AMG 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start....

နောက်ဆုံးရလဒ်

မာစီဒီး စီ ကလပ်စ်များ

Mercedes Benz C200 for sale in Myanmar Car Market

ပြည်တွင်းမှာ အလွယ်တကူ ၀ယ်ယူနိင်တဲ့ မာစီဒီး ဘင်ဇ့်တွေကြား မာစီဒီး စီ ကလပ်စ်ကားများဟာလည်း ပါဝင်ပါတယ်။ စီးနင်ရတာ ငြိမ့်ညောင်းမူ၊ ဒီဇိုင်း ခန့်ညားမူတွေနဲ့ လူထုရဲ့ ကြားမှာ အကောင်းစား ဇိမ်ခံ ကားတစ်စီး အဖြစ် ထင်ရှားပါတယ်။ မာစီဒီး တံဆိပ်ဟာ ဂျာမနီထုတ်ကားများဖြစ် သည့် အော်ဒီ ဘီအမ်ဒလူ နုဲ့ ပေါ်ရှယ်တို့လို အရည်အသွေး ဒီဇိုင်းကောင်းတဲ့ ကားတွေဖြစ်ပါတယ်။  အင်ဂျင် အရွယ်အစား သင့်လျှော်တဲ့ကားတွေ အဖြစ်တွေ့ရမှာ ဖြစ်ပြီး ။ နောက်ဆုံးထွက်လာတဲ့ ၂၀၁၄ မော်ဒယ်။ စီ ကလပ်စ် မော်ဒယ်တွေဟာဆိုလျှင် ပုံစံတွေ ယာဉ်ပျံ တစ်ခုအသွင် ဆန်းသစ်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ၂၀၁၅ မော်ဒယ်တွေ မတွေ့ရသေးပါဘူး။ အနည်းဆုံး သိန်း သုံးလေးရာကနေ စပြီး ဈေးက ရှိတာမို့ သာမန်ကာ လျှံကာ စီးနေကြတဲ့ ကားတစ်မျိုးတော့ မဟုတ်ပါဘူး။ ဇိမ်ခံ အဆင်မြင့် ကားအမျိုးအစားတွေ ဖြစ်ပါတယ်။

ပြည်တွင်းက စီကလပ်များ

ရှိုးရွန်များတွင် တစ်ပတ်ရစ်တွေ အဖြစ်နဲ့ ၀ယ်ယူတင်သွင်းကာ ရောင်းချနေတဲ့ မာစီဒီး စီ ကလပ်စ်တွေကတော့ အမျိုးအစား စုံလင်ပါတယ်။ မော်ဒယ် အမြင့်စားတွေ ဖြစ်တဲ့ ၂၀၀၉ ကနေ ၂၀၁၁ မော်ဒယ်တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ အော်တို၊ ဓာတ်ဆီတွေ ဖြစ်ပါတယ်။ အင်ဂျင် က ၁၈၀၀ စီစီ ကို အတွေ့ရများပါတယ်။ သူက အင်ဂျင်မှာတော့ အီ ကလပ်စ် မာစီဒီးတွေနဲ့စာလျှင်တော့ တစ်-၀က်လောက် အင်ဂျင် ဆီစား သက်သာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထို မျိုးဆက်ထဲမှာ ၂၀၀၈ ကနေ ၂၀၁၄ ထိ ထုတ်တဲ့ W 204 မော်ဒယ်ထဲမှာ ပါတဲ့ အမျိုးအစား တစ်မျိုး ဖြစ်ပါတယ်။ အာရှ ထုတ်တွေ ဖြစ်တဲ့ ညာမောင်းကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

W 204

Mercedes Benz C200 for sale in Myanmar

ပြည်တွင်း အတွေ့ရများဖြစ်တဲ့ မာစီဒီး စီကလပ်စ် တွေကို ၂၀၀၇ ကနေ ၂၀၁၄ ထိ ထုတ်ပါတယ်။ ၂၀၀၇ ဂျနရယ်မော်တော် ရှိုးမှာ စတင် ပြသခဲ့တာ ဖြစ်ပြီး မတ်လ ၂၀၀၇ လောက်မှာ စပြီး ရောင်းခဲ့တာ ဖြစ်ပါတယ်။ ဥရောပ နိင်ငံ အကုန်လုံး နီးပါးမှာပါပဲ။

မာစီဒီး အီ ကလပ်စ်တွေ ရဲ့ အကြောင်း

ကျစ်လစ် သိပ်သည်းတဲ့ ကားအမျိုးအစားထဲမှာ ပါဝင်တဲ့ မာစီဒီး စီ ကလပ်စ်ကားတွေ ဖြစ်ပါတယ်။ ၁၉၉၇ မှာ အေ ကလပ်စ်ကားတွေ မရောက်ခင်မှာတော့ စီကလပ်ကားတွေဟာ အသေးဆုံး မော်ဒယ်တွေပါပဲ ။ စတင် ထုတ်လုပ်ခဲ့တာက ၁၉၉၃ ကတည်းက ဖြစ်ပါတယ်။ ၂၀၀၂ ကတည်းက စီကလပ်တွေဟာ လေးဘီးမောင်း စနစ်တွေ ရရှိနေပါတယ်။ တတိယမျိုးဆက်ဖြစ်တဲ့ W 204 ကိုတော့ ၂၀၀၇ မှာ စတင် ရောင်းချ ထုတ်ဖော်ခဲ့ပါတယ်။ နောက်ဆုံး မျိုးဆက်ဖြစ်တဲ့ စီ ကလပ်ရဲ့ မျိုးဆက်ကိုတော့ ၂၀၁၄ မှာ ထွက်ရှိလာခဲ့ပါတယ်။ စီကလပ်စ်တွေမှာ ထုတ်တဲ့ နှစ်အလိုက် မော်ဒယ်တွေက ပြောင်းသွားပါတယ်။ W 202, W203, W204, W204 အစ ရှိသဖြင့် ဖြစ်ပါတယ်။

ဈေးနှုန်းများ

ဘရန် နယူး ၂၀၁၄ ခုနှစ် ထုတ်ဖြစ်တဲ့ မာစီဒီး ဘင်ဇ့် စီကလပ်စ်ရဲ့ ဈေးကတော့ ဆီဒန်အတွက် ဒေါ်လာ ၃၅,၈၀၀ ကနေစထားပါတယ်။ နှစ်ယောက်စီး အတွက် နောက်ထပ် ပလပ်စ် ဒေါ်လာ ၃ သောင်း ထပ်ပေါင်းရမှာ ဖြစ်ပါတယ်။ ပြည်တွင်း တစ်ပတ်ရစ် မာစီဒီးရဲ့ ဈေးကတော့ ကျပ် သိန်း ၃၅၀ လောက်ကနေ ၅၀၀ လောက်ထိ မော်ဒယ် ဂရိတ်တို့ပေါ်တွင် မူတည်ပြီး ကွဲပြားမှာ ဖြစ်ပါတယ်။