: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 124 ညှိနှိုင်း

ရန်ကုန်

14527
  • အသစ်

White Mercedes-Benz E320 2000 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag...

Lks 160 ညှိနှိုင်း

ရန်ကုန်

14527
  • 100,000 km

Dark blue Mercedes-Benz E320 1999 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,A...

Lks 102 ညှိနှိုင်း

ရန်ကုန်

14527
  • အသစ်

White Mercedes-Benz E320 1998 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Dri...

နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ

ပြည်တွင်းက မာစီဒီး ဘင့်ဇအီ ကလပ်စ် ၃၂၀ ကားများ

Mercedes Benz E 320 for sale in Myanmar Car Market

အလျိုလျို နဲ့တော့ လမ်းတွေထဲက ထွက်ပေါ်လာတတ်တဲ မာစီဒီး ဘင့်ဇ် ကားများကို တွေ့ရမှာ ဖြစ်ပါတယ်။ ဈေးနှုန်းအားဖြင့် တစ်ပတ်ရစ်ကိုမှ ၄၀၀ နီးပါး ကပ်နေတတ်တဲ့ မာစီးဒီတွေဟာ ပြည်တွင်းနေ ကားသမား အများစုရဲ့ မောင်းနှင်စရာ တစ်ခုတော့ မဟုတ်ခဲ့ပါဘူး။ ငွေကြေး တတ်နိင်တဲ့ မာစီးဒီ ပရိသတ်များကတော့ စီးနင် နေကြပြီး ၀ယ်ယူလျက်ရှိတာ ကိုတွေ့ရပါတယ်။ အမြင့်စား ဇိမ်ခံကား တစ်မျိုးဖြစ်တဲ့ မာစီဒီး ကားတွေကို ဒီဇိုင်းဆန်ပြီး အတွင်းခန်းက ဇိမ်ခံစရာ ပစ္စည်းများ စုံလင်သည့်နဲ့ အညီ အင်ဂျင်ပါဝါ ကလည်း ၃၀၀၀ စီစီကျော်လောက်တော့ ရှိမှာ ဖြစ်ပါတယ်။ အတိအကျဆိုလျှင် ၃၂၀၀ စီစီ ဖြစ်ပါတယ်။ ဓာတ်ဆီ၊ အော်တို ဂီယာနဲ့ မောင်းနင်ကြသည့်ကားများ ဖြစ်ကြပြီး အရောင်အသွေး စုံလင်စွာ ကားများကို တွေ့ကြရမှာ ဖြစ်ပါတယ်။ မာစီဒီး E 320 ဟာ လူငယ်များ မကြိုက်လောက်တဲ့ ရှေ့က မီးလုံး ၀ိုင်းတွေနဲ့ တော်ဝင် ကား ပုံသဏ္ဍာန် တစ်ခုကို အသွင်ဆောင်နေပါတယ်။

ထိပ်ဖက်နဲ့ နောက်ဖက်မှာ မာစီဒီး ဆိုတဲ့ လူတိုင်း စိတ်ဝင်စားလောက်တဲ့ ကား တံဆိပ် လိုဂိုကြီးကို တွေ့ရမှာပါ။ အတွင်းခန်းမှာတော့ ထိုင်ခုံတွေက ရှန်မ္မိုင်း၊ လယ်သာ ထိုင်ခုံ စသည့်ဖြင့်တွေ့ရမှာ ဖြစ်ပြီး လယ်သာမှာမှ အမည်းရောင် လယ်သာ၊ အဖြူရောင် လယ်သာ စတဲ့ လယ်သာတွေကို တွေရမှာဖြစ်ပြီး နိင်ငံပေါ်လိုက်ပြီး ဘယ်မောင်း ညာမောင်းတွေဟာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ ဥပမာ- ဥရောပ ထုတ်တွေ၊ ဥရောပက သွင်းထားတဲ့ မာစီဒီးတွေဆို ဘယ်မောင်းတွေ ဖြစ်သွားမှာ ဖြစ်ပါတယ်။ မြန်မာမှာတော့ ဘယ်မောင်းဖြစ်တဲ့ မာစီဒီး ရော၊ ညာမောင်း ဖြစ်တဲ့ မာစီဒီးရောကို တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်းခန်း ကဖွဲ့စည်းပုံကတော့ ရှေ့ခန်းမှာ ဂီယာဘောက်စ်ကို အလယ်က ကွဲအောင် ခြားထားတာကို တွေ့ရပါမယ်။ အနား ကွပ်တွေကိုတော့ ကျွန်းပုံစံ အသားတွေနဲ့ အလှဆင်ထားပါတယ်။ တီဗီတွေပါရှိပြီး တံခါးပေါက် လက်ကိုင်တွေက အစ ဒီဇိုင်းတွေကို ဆန်းသစ်ထားတာကို တွေ့ရပါမယ်။

ပြည်တွင်းက တစ်ပတ်ရစ် အီ ၃၅၀ မာစီဒီးကားများ

Mercedes Benz E 320 for sale in Myanmar

ပြည်တွင်းမှာတော့ ဥရောပ က တိုက်ရိုက်လာ မှာသွင်းထားတဲ့ အော်ဒီ၊ ပေါ်ရှယ် နဲ့ ဘီအမ်ဒဘလူ ကားတွေ ရှိသလိုပဲ ဂျပန်ကနေ ၀င်တဲ့ကားတွေလည်း ရှိပါတယ်။ ကွာခြားချက်က ညာမောင်း၊ ဘယ်မောင်း ဖြစ်မှာ ဖြစ်ပြီး ဒီဇိုင်း အနည်းငယ် ကွာခြားသွားတာကို တွေ့ရပါမယ်။ အရောင်တွေကတော့ အမည်း၊ မီးခိုး စတဲ့ အရောင်တွေကို တွေ့ရမှာ ဖြစ်ပါတယ်။ အင်ဂျင်ကတော့ ၃၂၀၀ စီစီတွေကို အတွေ့ရများပါတယ်။ ဂီယာက အော်တိုတွေ ဖြစ်ပြီး ဓာတ်ဆီ အင်ဂျင် ဖြစ်ပါတယ်။ အရောင်း ရှိုးရွန်တွေမှာ ရောက်ပြီး သားကားတွေ အနေနဲ့ ၀ယ်ယူနိင်မှာ ဖြစ်ပါတယ်။ ဂျပန်လေလံက တိုက်ရိုက် မှာချင်တယ်ဆိုရင်လည်း ရပါတယ်။ ၂၀၀၅ ကို အများဆုံးတွေရမှာ ဖြစ်ပြီး အရင်မော်ဒယ်ဟောင်းတွေကိုလည်း တွေ့နိင်မှာ ဖြစ်ပါတယ်။

မာစီဒီး အီ ကလပ်စ် ရဲ့ အကြောင်း

မာစီဒီး အီ ကလပ်စ်ကားတွေဟာ မာစီဒီး တံဆိပ်ရဲ့အောက်မှာရှိတဲ့ အမျိုးအစားကွဲ ကိုယ်ထည်ကွဲ အမျိုးအစား တစ်မျိုးပုံစံ ရှိတဲ့ ကား အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ၁၉၉၆ ကနေ ၂၀၀၉ လောက်ထိ ထုတ်ခဲ့တဲ့ ကား အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ အလတ်စား ဆိုဒ်ရှိတဲ့ ဇိမ်ခံ ကား တစ်မျိုးပါပဲ ။ အီ ၃၂၀ ကားဟာဆိုရင် မော်ဒယ် နံပါတ် အနေနဲ့ W211 လို့ခေါ်ကြပြီး ၂၀၀၂ ကနေ ၂၀၀၉ ထိ ထုတ်လုပ်လျက်ရှိပါတယ်။ ၂၀၀၂ မှာ စတင်ပြီး ထုတ်လုပ်ခဲ့ပြီး မန်အင် ဘလပ်ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ ပါဝင်ခဲ့ပါတယ်။ အရင် မော်ဒယ်တစ်ခုဖြစ်တဲ့ တံခါးလေးပေါက်ပါ ကားအမျိုးအစားပေါ်မှာ အခြေခံထားတဲ့ အီ ကလပ်စ် ၃၂၀ ကိုတွေ့ရမှာ ဖြစ်ပါတယ်။ တစ်ချို့မော်ဒယ်တွေဆို အပေါ်က ဆန်းရု့တွေတောင် ပါလာတာကို တွေ့ရပါတယ်။

ဈေးနှုန်း

ပြည်တွင်း တစ်ပတ်ရစ် ဈေးနှုန်းများအနေနဲ့ မာစီဒီး ဘင်ဇ့် အီး ကလပ်စ် တစ်စီးကို စလစ် အပေါင်း ၃၃၀ သိန်း လောက် ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ စလစ်ဈေး ၇၀ လောက်ရှိတာမို့ အားလုံးပေါင်းလိုက်ရင် သိန်း ၄၀၀လောက်တော့ သွားကျသင့်မှာ ဖြစ်ပါတယ်။ အပြင် အွန်လိုင်း တွေက တိုက်ရိုက်မှာမယ်ဆိုရင်တော့ တစ်ခွန်းဈေးကို တစ်ပတ်ရစ် အတွက် သိန်း ၁၅၀ လောက်ကနေစပြီး သိန်း ၃၂၀ လောက်ထိ ရှိမှာ ဖြစ်ပါတယ်။ ထိုဈေး သဘောင်္တင်ခနဲ့ ပြည်တွင်း အခွန်တွေ မပါသေးပါဘူး။