: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 145 ညှိနှိုင်း

Myanmar [Burma]

14527
  • 80,000 km

Black Mitsubishi Chariot 1999 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလြုံ...

Lks 125 ညှိနှိုင်း

ရန်ကုန်

14527
  • အသစ်

Pearl white Mitsubishi Chariot 2000 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,...

Lks 102 ညှိနှိုင်း

ရန်ကုန်

14527
  • 100,000 km

White Mitsubishi Chariot 1999 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Dri...

နောက်ဆုံးရလဒ်

မစ်ဆူဘီရှီ ကားများ

Mitsubishi for sale

မစ်ဆူဘီရှီ ကားများကို မြန်မာပြည်မှာ ကုန်ကားနဲ့ လုပ်ငန်းသုံးကား ‌တွေမှာ ပိုပြီး သိကြပါတယ်။ မစ်ဆူဘီရှီ ကန်တာနဲ့ ဖူဆိုကန်တာ စတဲ့ ၆ ဘီးနဲ့ ၁၂ ဘီးကားတွေမှာ ပိုပြီး တွင်ကျယ်စွာ သုံးနေကြတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အိမ်စီးကားတွေထဲမှာလည်း  မစ်ဆူဘီရှီ ပါကျဲရိုး နဲ့ အခြား အသေးစား အိမ်စီးကားတွေ ဖြစ်တဲ့ မစ်ဆူဘီရှီ ကောဒ့် စတဲ့ကားတွေ ကို အသုံးပြုတာများတာကို တွေ့ရမှာ ဖြစ်ပါတယ်။  ၁၉၈၅ ဝန်းကျင် လောက် ကတည်းက စတင် မြင်တွေ့ နေရပါပြီ။ အများအားဖြင့် မန်းလေးဒေသတွေမှာ လက်ရှိအားဖြင့် တွင်ကျယ်စွာ အသုံးပြုနေကြပါတယ်။

မှာတော့  မစ်ဆူဘီရှီ ပါဂျဲရိုး ကနေ မော်ဒယ်မြင့်တွေ ဝင်ရောက် ပါတယ်။ ၂၀၀၄ မော်ဒယ် ကနေ ၂၀၀၇၊ ၂၀၀၈ လောက်အထိ ရောက်ရှိပြီး ဒီဇိုင်းလည်း သိသိသာသာကို ထူးခြား ပြောင်းလဲ သွားခြင်း ဖြစ်ပါတယ်။ တစ်ချိန်တုန်းက မြန်မာပြည် လမ်းမ ပေါ်မှာ အရေအတွက် အများဆုံး ဖြစ်ခဲ့တဲ့ အက်စ်ယူဗီဟာ ယနေ့မှာလည်း များနေ ပါသေးတယ်။ တစ်ပတ်ရစ် တွေ ပဲ အများစု ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ အင်ဂျင်အရွယ် ၃၀၀၀ ကနေ ၅၀၀၀ ကျော် အထိတောင် ထုတ်လုပ် ရောင်းချပြီး လေးဘီးမောင်း ဆီစားကြီးတဲ့ ကားကြီး ဖြစ်ပါတယ်။ တိုယိုတာ အက်စ်ယူဗီ ‌တွေ ဝင်လာချိန်မှာ မစ်ဆူဘီရှီ လူကြိုက်များတဲ့ နှုန်းနဲ့ ရောင်းအားလည်း ကျ မသွား ပါဘူး။ ယနေ့ ဆိုရင် ၂၀၀၅ ခုနှစ် မော်ဒယ် မစ်ဆူဘီရှီ အက်စ်ယူဗီ ပါဂျဲရိုး တစ်စီးကို သိန်း ၂၀၀၊ ၃၀၀လောက် နဲ့လည်း ရရှိ နိုင် ပါတယ်။ Mitsubishi Pajero အပြင်လောလောဆယ်ဒီဇိုင်းဆန်းဆန်း နဲ့အများဆုံးမြန်မာကိုဝင်နေတာကတော့ Mitsubishi RVR ဖြစ်ပါတယ်။

စွမ်းဆောင်ရည် နဲ့ နည်းပညာ

Mitsubishi Lancer for sale

မစ်ဆူဘီရီရဲ့ မီနီ အက်စ်ယူဗီ မျိုးနွယ်ဝင်ဖြစ်တဲ့ မစ်ဆူဘီရှီ အာဗီအာရဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။ မစ်ဆူဘီရှီ အာဗီအာတွေဟာ လေးဘီးမောင်း စနစ်ဖြစ်တဲ့ ၂၀၀၀စီစီ အင်ဂျင်တွေမှာ မြင်းကောင်ရေ ၁၄၈စွမ်းရည်ကို တိုးမြင့်ထားပြီး အခြား ကီရာ ဆိုးလ်၊ ချာဗိုလတ် trax တို့နဲ့ယှဉ်လို့ရှိရင် ကောင်းကောင်းယှဉ်နိုင်မှာ ဖြစ်ပါတယ်။ အာဗီအာရဲ့ စီဗီတီ အော်တို ဂီယာဘောက်စ်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အာဗီအာရဲ့ လောင်စာဆီသုံးစွဲမှုာ အခြားကားတွေနဲ့စာလျှင် အခြားကားတွေနဲ့စာလျှင် မဆိုးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ လေးဘီးမောင်း စနစ်ဖြစ်တဲ့ ၂၀၀၀စီစီ အင်ဂျင်တွေမှာ မြင်းကောင်ရေ ၁၄၈စွမ်းရည်ကို တိုးမြင့်ထားပြီး အခြား ကီရာ ဆိုးလ်၊ ချာဗိုလတ် trax တို့နဲ့ယှဉ်လို့ရှိရင် ကောင်းကောင်းယှဉ်နိုင်မှာ ဖြစ်ပါတယ်။ အာဗီအာရဲ့ စီဗီတီ အော်တို ဂီယာဘောက်စ်ကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ အာဗီအာရဲ့ လောင်စာဆီသုံးစွဲမှုာ အခြားကားတွေနဲ့စာလျှင် အခြားကားတွေနဲ့စာလျှင် မဆိုးတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ကား တည်ငြိမ်မှု ထိန်းချုပ်မှုများ၊ အန်တီ လော့ခ် ဘရိတ်များ၊ လေအိတ်တွေလည်း ပါရှိပါတယ်။ ကွန်ပတ် အက်စ်ယူဗီတွေအဖြစ် ပုံသဏ္ဍာန်ထူးခြားစွာ တည်ရှိတဲ့ကားတွေ ဖြစ်ပြီး လေးဘီးမောင်းစနစ်တွေပါ ရရှိပါတယ်။  အပူပေးချိန်ညှိနိုင်တဲ့ ထိုင်ခုံများ၊ ဘလူးတုမ့်၊ အလွိုင်းဝှီး၊နှင်းခွဲမီး၊ အနောက်ထိုင်ခုံ လှန်ချနိုင်ခြင်း၊ လယ်သာပတ် စတီယာရင်၊တံခါး လေးပေါက်ကား၊ လျှပ်စစ် မှန်၊ စတဲ့ အချက်တွေ ပါဝင်ပါတယ်။

ပြည်တွင်း ထင်ရှားတဲ့ကားများ

အိမ်စီးကားတွေထဲမှာ ဆိုရင် မစ်ဆူဘီရှီ ကောဒ့်နဲ့ မစ်ဆူဘီရီ ပါကျဲရိုး ၊ မစ်ဆူဘီရှီ အာဗီအာစတဲ့ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ လုပ်ငန်းသုံးကားတွေထဲမှာဆိုလျှင် မစ်ဆူဘီရှီ ကန်တာမစ်ဆူဘီရှီ ဒယ်လီဂါ ‌လေးတွေကို လူသုံးများတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အာဗီအာကားတွေဟာ ပုံစံ ဒီဇိုင်းက ခေတ်ဆန်လှပါတယ်။ အကြောင်းကတော့ အာဗီအာတွေကို ၂၀၁၀ ကနေ စထုတ်လို့ပါပဲ။ မော်ဒယ် အမြင့်တွေ ဖြစ်ပေမဲ့လည်း တိုယိုတာ ကလူဂါနဲ့ အခြား ဈေးသင့်တင့်တဲ့ ကားတွေကဲ့သို့ ဈေးနှုန်း ရှိတာမို့ ဖြစ်ပါတယ်။ ဒီဇိုင်းလည်း ပိုကြည့်ကောင်းပြီး လူလည်း များများဆန့်တဲ့အတွက် လူကြိုက်များ၊ လူ ၀ယ်စီးများတဲ့ ကား အမျိုးအစား တစ်ခု ဖြစ်လာပါတယ်။ အင်ဂျင်ကလည်း ၁.၈၊ ၂.၀ လီတာ လောက်သာ ရှိတဲ့ အတွက် လူကြိုက်များပါတယ်။ အတွင်းခန်းကလည်း ရှင်းရှင်းလင်းလင်းနဲ့ အဆင့်အတန်းမြင့်ကာ ကောင်းမွန်လှပါတယ်။ လူ (၅) ယောက်စီ ဖြစ်ပါတယ်။  တစ်ချို့ အာဗီအာတွေဆို အပေါ်က အမိုးအပွင့်တွေနဲ့ ဖြစ်ပါတယ်။ ဆန်းရု့ တွေပါပါတယ်။ ၂၀၁၄ ကားတွေဆို ကားစီယာတိုင်တွင် ဘလူးတုမ့် တွေပါရှိပြီး  Mitsubishi Outlander Sport for sale ဖုန်းအ၀င်ခေါ်ဆိုမူတွေကို ကားမောင်းနေရင်း ပြောဆိုနိင်ပြီး အော်ဒီယိုနဲ့ ယူအစ်စ်ဘီ အပေါက်တွေပါ ပါရှိလာတာကိုတွေ့ရပါတယ်။ ဈေးတွေကတော့ တစ်ပတ်ရစ် လေလံကနေ မှာတာ ဖြစ်လို့ လေလံ အောင်ဈေးနဲ့ ကား ဂရိတ်တွေမှာ မူတည်ပြီး ကွာနိင်ပါတယ်။ ကျပ်သိန်း ၂၆၀ လောက်ကနေ ကျပ်သိန်း ၃၄၀ လောက်ထိ သွားပါတယ်။  သိန်း ၂၅၅ ဆိုလျှင် ၂၀၁၁ အာဗီအာ တစ်စီးကို ၀ယ်ယူနိင်ပါတယ်။ အရောင်တွေမူတည်ပြီးတော့ ဈေးက ကွာနိင်ပါတယ်။ ကျပ်သိန်း ၃၀၀ ကျော်လောက်ဆို  ၂၀၁၀ ခုနှစ် အမည်းရောင် အာဗီအာ တစ်စီးကို ရနိင်မှာ ဖြစ်ပါတယ်။

မစ်ဆူဘီရှီမှာ အခြားသော ကားများလည်း ထုတ်လုပ် ပါသေးတယ်။ ဆလွန်း လည်း ပါသလို၊ နောက်ဖုံးပါ ဟတ်ဘတ်ခ်ျကား၊ ပစ်ကပ်ကားများ  ပါဝင်ပါတယ်။ သို့ပေမယ့် လူသိက နည်းပါတယ်။ အကြောင်းက မြန်မာပြည် ကားဈေးကွက်မှာ တိုယိုတာနစ်ဆန်းနဲ့ အခြားသော အမှတ်တံဆိပ် များက နေရာ ယူထားလို့ ဖြစ်ပါတယ်။ မစ်ဆူဘီရှီက မြန်မာပြည်မျာ တရားဝင် ဖွင့်လှစ်ထားတဲ့ အရောင်းစင်တာနဲ့ ဝန်ဆောင်မှု စင်တာ ရှိနေ ပါပြီ။ သို့ပေမယ့် ရရှိ နိုင်တဲ့ ကားအရေအတွက် နဲ့ အမျိုးအစား ကတော့ အကန့် အသတ်နဲ့ ရှိနေ ပါသေးတယ်။ ယနေ့မှာ မစ်ဆူဘီရှီ ဝယ်မယ် ဆိုရင် ဂျပန်လေလံ ကနေ တိုက်ရိုက်ဆွဲသလို၊ အရောင်း စင်တာ တွေကနေ ဆီလည်း ဝယ်ကြ ပါတယ်။

ပြည်တွင်းမှာ ရရှိနိုင်မှု

Mitsubishi Pajero for sale

မစ်ဆူဘီရှီ ကားဘရန်တွေဟာ ပြည်တွင်းမှာ လူသုံးများတဲ့ ဘရန်တွေ ဖြစ်သည့်နည်းတူစွာ အရောင်းစင်တာတွေနဲ့ ကုမ္ပဏီတွေမှာ အလွယ်တကူ စုံးစမ်း မေးမြန်းဝယ်ယူနိုင်မှာ ဖြစ်ပြီး ၂၀၁၄ ဖြစ်တဲ့ မော်ဒယ် နှစ်တွေကိုတော့ ဘရန်နယူးကားတွေ အနေနဲ့ ၀ယ်ယူနိုင်ပြီး ကျန်တဲ့ မော်ဒယ်နှစ်တွေကိုတော့ တစ်ပတ်ရစ်အနေနဲ့ လေလံကဖြင့် လည်းကောင်း၊ ကုမ္ပဏီတွေကနေ တစ်ဆင့်လည်းကောင်း အလွယ်တကူ ရရှိနိုင်မှာ ဖြစ်ပါတယ်။

မစ်ဆူဘီရှီ ဘရန်ရဲ့ ထူခြားမှု

မစ်ဆူဘီရှီ ဘရန်ထဲက အိမ်စီးကားလေးတွေ ဖြစ်တဲ့ ကောဒ့်ကားလေးများမှာ မော်ဒယ် အမြင့် ဖြစ်တဲ့ ၂၀၁၀၊ ၂၀၁၁ လောက်မှာ ပုံစံ ပိုပြီး ခေတ်ဆန်လာတာကို တွေ့ရပါတယ်။ ကော့မှာ နောက်ထပ် မော်ဒယ် နှစ်မျိုးလောက် ထပ်ရှိပါသေးတယ်။ တစ်မျိုးကတော့ ၂၀၀၆ ကမှ စထုတ်တဲ့ Colt MIEV လို့ခေါ်တဲ့ ဘီးတစ်ဘီးချင်းမှာ လျှပ်စစ် မော်တာတွေ သုံးထားတဲ့ အမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကော့ ပလပ်စ်လို့ခေါ်တဲ့ အမျိုးအစား တစ်မျိုးပါ။ ၂၀၀၄ မှာ ဂျပန်ကို စရောက်ပြီး နိင်ငံတကာ မားကတ်ကိုတော့ အဲဒီနောက်မှ ရောက်ပါတယ်။ ပုံမှန် ကော့တွေထက် ၁၂ လက်မလောက် ပိုရှည်ပါတယ်။ ဒီအတွက်ပိုပြီး နေရာ ဆန့်မှာ ဖြစ်ပါတယ်။ သူမှာ ဆင်ဆာတွေပါ ပါရှိပါတယ်။ ရီမုတ်ကနေ နောက်ဖုံးတွေကို ဖွင့်လို့ရတာတွေပါ ၀င်ပါတယ်။