: သီးသန့် အကြံဥာဏ်ပေးထားသော

Lks 245 ညှိနှိုင်း

Myanmar [Burma]

14527
  • 70,000 km

Silver Nissan Fairlady 2002 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြံ...

Lks 255 ညှိနှိုင်း

Myanmar [Burma]

14527
  • 50,000 km

Red Nissan Fairlady 2002 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှ...

Lks 170 ညှိနှိုင်း

ရန်ကုန်

14527
  • 80,000 km

Orange Nissan Fairlady 2003 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenger...

Lks 165 ညှိနှိုင်း

ရန်ကုန်

14527
  • 83,000 km

Black Nissan Fairlady 2002 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenger....

နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ
Nissan Fairlady for sale

နစ်ဆန်း ဖဲယ်ယားလေဒီများ

နစ်ဆန်းထဲက ထင်၇ှားတဲ့ ပြိုင်ကားတစ်မျိုးက နစ်ဆန်း ဖဲယ်ယားလေဒီ ဖြစ်ပါတယ်။ နစ်ဆန်းထဲက စပေါ့ကားတစ်မျိုး ဖြစ်ပြီး တစ်ခြားနိုင်ငံတွေမှာတော့ နစ်ဆန်း ၃၅၀ ဇစ်၊ လိုသိကြပြီး နစ်ဆန်း ဖဲယ်ယားလေဒီ ဇစ် ဇစ်၃၃ လို့လည်း သိကြပါတယ်။  နစ်ဆန်း ဖဲယ်ယားလေဒီမှာလည်း အမျိုးအစားကွဲတွေ တော်တော်များများ ရှိပါတယ်။ မော်ဒယ်နဲ့လိုက်ပြီး ဖြစ်ပါတယ်။ မူလ ဖဲယ်ယားလေဒီရဲ့ ဇစ် စီးရီးတွေကို အောက်တိုဘာ ၁၉၆၉ မှာ နစ်ဆန်း ဖဲယ်ယားလေဒီ ဇစ် အဖြစ် စတင်ရောင်းချခဲ့တယ်။ နောက်ပိုင်းမှာမှ နစ်ဆန်းက ပြည်ပကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ဌင်းတို့ထဲမှာ နောက်ထွက်  ၂၀၀၂ နောက်ပိုင်းထွက်တဲ့  ဖဲယားလေဒီ ၃၅၀ ဇစ်တွေ ဖြစ်လာပါတယ်။  ဖဲယ်ယားလေဒီ ဇစ်ကိုတော့ ဂျပန်မှာပဲ ရောင်းပြီး ကျန်တဲ့ ကားတွေကိုတော့  နစ်ဆန်းအက်စ် ၃၀၊ နစ်ဆန်း အက်စ် ၁၃၀၊ နစ်ဆန်း ၃၀၀ ဇစ်အိတ်ခ်ျ၊  နစ်ဆန်း ၃၅၀ ဇစ်၊ နစ်ဆန်ဒ ၃၇၀ ဇစ် စတဲ့ နာမည်တွေအောက်မှာ ရောင်းချခဲ့ပါတယ်။ နစ်ဆန်းကနေ ပြည်တွင်းမှာ နာမည်ကြီးတဲ့ ကားတွေ အနနဲ့ နစ်ဆန်းမှာ ဆလွန်းအနေနဲ့ စကိုင်းလိုင်း ဆလွန်းများ အင်မတန် ရေပန်းစားပါတယ်။

စကိုင်းလိုင်းက ဇိမ်ခံ ဆလွန်းကား အမျိုးအစား ဖြစ်ပါတယ်။ အပြင်အဆင် ဒီဇိုင်းက အစ ဇိမ်ခံကား ဆန်ဆန် ရှိပြီး လူကြိုက်များ ရေပန်းစားပါတယ်။ ယနေ့တော့ ရွေးစရာကား များလာတာမို့ စကိုင်းလိုင်းအပေါ် ခရေဇီ ဖြစ်တဲ့ အရေအတွက် လည်း နည်းလို့လာပါတယ်။ စကိုင်းလိုင်းက ဇိမ်ခံကား ဖြစ်တာမို့ ဆီစား မသက်သာပါဘူး။ သို့ပေမယ့် ကားကြီးတွေလောက်လည်း ဆီစားတဲ့ကားမဟုတ်တာမို့ ရွေးဝယ်ကြပါတယ်။ နစ်ဆန်းမှာ အရေအတွက် အများဆုံးအဖြစ် မြန်မာပြည်မှာ မြင်တွေ့ရတာက နစ်ဆန်း အေဒီဗန် ဖြစ်ပါတယ်။ ဖွဲ့စည်းတည်ဆေက်ပုံက တိုယိုတာ ပရိုဘောက်လို ဆန်ဆန် ရှိပေမယ့် အချိုးအကွေ့ ဘော်ဒီပုံစံလေး ရှိနေတာက သူ့ရဲ့ အားသာချက် ရှိပါတယ်။ အရွယ်အားဖြင့်လည်း အတော်လေးကြီးတဲ့ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်ကတော့ ၁၃၀၀ စီစီ ဆိုတော့ ပရိုဘောက်နဲ့ ပြိုင်ရင်လည်း ပြိုင်ချင်စရာ ကောင်းတဲ့ကား ဖြစ်နေ ပါတယ်။ ဈေးနှုန်းလည်း မတိမ်းမယိမ်း ဖြစ်ပါတယ်။ အခြား နစ်ဆန်းရဲ့ မော်ဒယ်တွေ ဖြစ်တဲ့ နစ်ဆန်းနုတ်နဲ့ နစ်ဆန်း မတ်ခ်ျစတဲ့ ကားအသေးစားတွေကိုတွေ့မြင်ရဖြစ်ပါတယ်။ ကုန်ကားကြီးတွေမှာဆို နစ်ဆန်း အယ်တလစ်ဟာနာမည်ရှိပါတယ်။

ပြည်တွင်းမှာတော့ နစ်ဆန်း ဖဲယ်ယားလေဒီတွေဟာ အရင်ကတည်းက ပုံစံလှပပြီး စပေါ့ကားဖြစ်တဲ့ အတွက်ကြောင့် ထင်ရှားပါတယ်။ အခုတော့ ပြည်တွင်းမှာ ပြိုင်ကားတွေကို အစိုးရက တင်ပို့မှုကို ကန့်သတ် ပိတ်သိမ်း ထားတဲ့ အတွက် အရင် ပြည်တွင်းကို သွင်းထားတဲ့ မော်ဒယ် အနိမ့်ကားတွေကိုသာ တွေ့ရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

နစ်ဆန်း ဇစ်ကားတွေကို ၁၉၆၉ မှာ  ဗားရှင်း နှစ်ခုနဲ့ စရောင်းပါတယ်။ ဗားရှင်းတစ်ခုကို ဂျပန်အတွက် ဖြစ်ပြီး နောက် ဗားရှင်းတစ်ခုကိုတော့ ယူအက်စ်ဗားရှင်းနဲ့ ဖြစ်ပါတယ်။ ဂျပန်ဗားရှင်းကတော့ အင်လိုင်း ၆လုံးပါရှိတဲ့အင်ဂျင်နဲ့ ဖြစ်ပြီး ယူအက်စ် ဗားရှင်းကိုတော့ မြင်းကောင်ရေ ၁၅၁ ထုတ်နိုင်တဲ့ ၂၄၀၀ စီစီအင်လိုင်း စစ် နဲ့ဖြစ်ပါတယ်။ တစ်ချို့ နစ်ဆန်းရဲ့ ဖဲယ်ယားလေဒီကားတွေကို  အင်ဂျင်နဲ့လည်း နာမည်တွေကို တပ်ပြီး ခွဲတာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဥပမာ- အင်ဂျင် ၃၅၀၀ စီစီရှိတဲ့ နစ်ဆန်း ဖဲယ်ယားလေဒီတွေကို နစ်ဆန်း ၃၅၀ ဇစ်လို့ ခေါ်သလိုမျိုး ဖြစ်ပါတယ်။ ၂၀၀၂ ကနေ ၂၀၀၈ ထိကို ထုတ်လုပ်တဲ့ နစ်ဆန်း ဖဲယ်ယားလေဒီတွေကိုတော့ နှစ်ယောက်စီး ကဲယ်ပယ်တွေ အနေနဲ့တွေ့ရမှာ ဖြစ်ပြီး ၂၀၀၃ ကနေ ၂၀၀၉ ထိ ထုတ်လုပ်တဲ့ကားတွေကိုတော့ ရိုစတာလို့ခေါ်တဲ့ အမိုးဖွင့်နိုင်တဲ့ကားတွေ အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ဌင်းကားတွေဟာ စပေါ့ကားတွေ ဖြစ်တဲ့ အပြင် ကဲယ်ပယ် ဆိုရင် တံခါး (၃) ပေါက်၊ ရိုစတာဆိုရင် တံခါး နှစ်ပေါက်စတဲ့ အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၀၃ နောက်ပိုင်းထွက်တဲ့ မော်ဒယ်တွေမှာ တော်တော်များများကို ၃၅၀၀ စီစီ အင်ဂျင်ကို တပ်ထားပြီး အင်ဂျင် ချဲယ်ဆီးတွေလောက်သာ ပြောင်းသွားတာကို တွေ့ရပါတယ်။ ဂီယာအနေနဲ့  ဂီယာ ၅ ချက်ရှိတဲ့ အော်တို ဂီယာ၊ ဂီယာ ၆ ချက်ရှိတဲ့ မန်နျူးယယ် ဂီယာ ဖြစ်ပါတယ်။  

ဒီဇိုင်း

၂၀၀၃ ကနေ ၂၀၀၉ ထိကို ထုတ်တဲ့ နှစ်ယောက်စီး နစ်ဆန်း ၃၅၀ ဇစ်တွေဟာ နှစ်ယောက်စီး ဆိုတဲ့အတိုင်း  ထိုင်ခုံနှစ်ခုံပဲ ပါရှိပါတယ်။ ဂျပန်မှာ နစ်ဆန်း ဇစ် ၃၃ လို့ခေါ်ပြီး  ရိုစတာမော်ဒယ်ကိုတော့ ၂၀၀၄ မှာ ထွက်ရှိခဲ့ပါတယ်။ နစ်ဆန်း ၃၅၀ ဇစ်တွေကို အားလုံးသော စွမ်းဆောင်ရေ ဒီဇိုင်းတွေကို ပြိုင်ကား မောင်းနှင်မှု ပြိုင်ပွဲတွေ အတွက် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ရိုစတာပြီးတော့ နောက်ပိုင်းကားတွေမှာတော့ အဆင့်မြင့်တဲ့ ဘရိတ်တွေ အပါအ၀င် ပေါ့ပါးတဲ့ ဘီးတွေကိုပါ ရရှိလာခဲ့ပါတယ်။ အတွင်းပိုင်း ဒီဇိုင်းတွေ အနေနဲ့ အလူမီနီယံတွေ နဲ့ ဆင်ယဉ်ထားပြီး စတီယာရင်ဝှီး ထိတွေ့မှုတွေကိုပါ တိုးမြင့်ထားပါတယ်။ ရှေ့ခန်းက ထိုင်ခုံနှစ်ခုံကြားမှာလည်း လုံလောက်တဲ့ နေရာတွေ အများကြီး ရှိတယ်လို့ ဆိုပါတယ်။ နစ်ဆန်း ၃၅၀ ဇစ်ရဲ့ အင်ဂျင်ကို ယာဉ်ရဲ့ အရှေ့ဖက်မှာ တွေ့ရမှာ ဖြစ်ပါတယ်။ ဌင်း ဖွဲ့စည်းမှုက ကားရဲ့ နောက်ဘီးကို စွမ်းရည်တွေပိုမိုရရှိစေဖို့ ပြုလုပ်ပေးနေပါတယ်။ နောက်ဘီးယက်ကားဖြစ်ပြီး တံခါးနှစ်ပေါက်နဲ့ ဖြစ်ပါတယ်။ ထိုင်ခုံကလည်း  နှစ်ခုံပဲ ဖြစ်ပါတယ်။အပြင်ဘက် နစ်ဆန်း ဖဲယ်ယားလေဒီ ဇစ်ရဲ့ ပုံစံကတော့ ဌင်းရဲ့ ဇစ် စီးရီးတွေကဲ့သို့ပဲ တူညီတဲ့ ဒီဇိုင်းနဲ့ လာခဲ့တာ ဖြစ်ပါတယ်။

ထင်ရှားမှု

နစ်ဆန်း ဖဲယ်ယား လေဒီ ဇစ် ၃၅၀ တွေဟာ ဓာတ်ဆီလောင်စာသုံးတွေ ဖြစ်ပြီး မန်နျူးယယ်၊ အင်ဂျင်ကြီးတဲ့ကားတွေ ဖြစ်ပါတယ်။  လက်မ ၂၀ ရှိတဲ့ ဘီးတွေနဲ့ အတူ ခံ့ညားတဲ့  ကားကိုယ်ထည်ကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀ လက်မရှိတဲ့ တူးတုမ့် အလိုင်းဝှီး၊ အနောက်ဖက် စပေါ့လား၊ အိတ်ဇော နှစ်ခု၊ ယူအက်ဘီ အပေါက်၊ စတဲ့ နည်းပညာစနစ်တွေပါဝင်ပါတယ်။

ပြည်တွင်း မှာ ရရှိနိုင်မှုနဲ့ ဈေးနှုန်း

ပြည်တွင်းမှာ ဖဲယ်ယားလေဒီတွေဟာ မော်ဒယ် မြင့်တွေကို သွင်းခွင့်မရှိတဲ့ အတွက် လောလောဆယ် ပြည်တွင်းမှာ ရှိတဲ့ မော်ဒယ်တွေကပဲ ၀ယ်ယူ စီးနင်နိုင်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ၂၀၀၀ မော်ဒယ် နစ်ဆန်း ဖဲယ်ယားလေဒီတွေ အပြင် ၂၀၀၃ မော်ဒယ်တွေကိုပါ တွေ့ရမှာ ဖြစ်တယ်။ အွန်လိုင်း ၀ဘ်ဆိုဒ်၊  ကား အရောင်းအ၀ယ် စခန်းတွေကနေ တစ်ဆင့် လည်းကောင်း၊ ကား ကုမ္ပဏီတွေကနေ လည်းကောင်း ၀ယ်ယူစီးနင်းမှာ ဖြစ်ပါတယ်။ ဈေးနှုန်းတွေ အနေနဲ့ တစ်ပတ်ရစ် တွေ ဖြစ်ပြီး မော်ဒယ် အနိမ့်တွေ ဖြစ်တဲ့ အတွက်ူဈေးနှုန်း သက်သာတာကို တွေ့ရမှာ ဖြစ်ပါတယ်။  ၂၀၀၀ မော်ဒယ်ကနေ  ၂၀၀၃ လောက်ထိကို တွေ့ရတဲ့ မော်ဒယ်တွေ ဖြစ်ပါတယ်။  ၁၉၉၉ လောက်ကို ၁၀၀ ကျပ်သိန်းလောက်မှာ ရှိပြီး ၂၀၀၂ ကိုတော့ ၁၇၀၊ ၁၈၀ ကနေ ၂၀၀ ကျပ်သိန်း ထိကို ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

နစ်ဆန်းလိုင်းထဲက ဂျီတီ-အာ ကားတွေကဲ့သို့ပဲ အင်ဂျင် အားသိပ်မကွာလှတဲ့ နစ်ဆန်း ဖဲယ်ယား လေဒီကားတွေ ဖြစ်ပြီး ဓာတ်ဆီကားတွေ ဖြစ်တာကြောင့် အနည်းငယ်တော့ ဆီစားက သွားမှာ ဖြစ်ပါတယ်။ အောက်ပိုင်းက စပေါ့စ်ကားတွေ ဖြစ်တဲ့အတွက် အနည်းငယ် နိမ့်ပါတယ်။ မြေလျှပ်ပြေးပြီး အမြန်နှုန်းတစ်ခုကို ရနိုင်အောင် ဒီဇိုင်းကို ပြုလုပ်ထားတာ ဖြစ်ပါတယ်။ အနောက်ဖက်က စပေါ့လားတွေ တပ်ထားတဲ့ အတွက် စပေါ့စ်ကားတစ်စီးရဲ့ ။သဏ္ဍာန်ကတော့ ပိုမိုထင်ရှားလို့ နေပြန်ပါတယ်။ အနောက်ဖက် တံခါးတွေပါ အပေါ်ထိ လှန်ဖွင့်လို့ရပြီး ဒီဇိုင်း လှပသစ်လွင်လှတဲ့ နစ်ဆန်း ဖဲယ်ယားလေဒီများပင်ဖြစ်ပါတယ်။