: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ
 Nissan GT-R for sale

နစ်ဆန်း ဂျီတီ-အာများ

နစ်ဆန်းတွေဟာ ကားပုံစံကွဲများစွာ ထုတ်လုပ်နေတဲ့ကားဘရန်ကုမ္ပဏီ တစ်ခု ဖြစ်သည့်နည်းတူစွာ  နစ်ဆန်းကားတွေထဲမှာ ဂျီတီ-အာ ကဲသို့ နှစ်ယောက်စီး စပေါ့ကားတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ နစ်ဆန်း ဂျီတီအားတွေဟာ နာမည်ကြီး စပေါ့ တိုက်ပြိုင်ကားတွေ ဖြစ်ပြီး ဌင်းကို ရုပ်ရှင် ဇာတ်လမ်းတွေတော်တော်များများမှာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာတော့ ပြိုင်ကား စပေါ့ကားတွေကို တော်တော်များများ တင်သွင်းခွင့်ကို ပိတ်သိမ်းထားတာကို တွေ့ရမှာပါ။ ၀ယ်ယူမှုကို ထင်ရှားစွာ မတွေ့ရပေမဲ့ ၀ယ်ယူနေတဲ့ ဈေးကွက်တွေကတော့ အနေအထားတစ်ခု အနေနဲ့ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။  နစ်ဆန်း ဂျီတီ- အာတွေဟာ တံခါး နှစ်ပေါက် ပါတဲ့  စပေါ့ နှစ်ယောက်စီးကားတွေ ဖြစ်ပြီး ၂၀၀၇ ခုနှစ်တုန်းကမှ ဂျပန်မှာ စတင်ဖြန့်ချိထားတဲ့ကားတွေ ဖြစ်ပါတယ်။ အင်ဂျင်ကြီးတဲ့ ကားတွေ ဖြစ်ပြီး စပေါ့ကားတွေရဲ့ လိုင်းမှာ အခြား နာမည်ကြီးကားတွေလိုပဲ ထင်ရှားလှပါတယ်။

စွမ်းဆောင်ရည် နဲ့ နည်းပညာ

ရှေ့ အင်ဂျင် ၊ လေးဘီးမောင်း စနစ်တွေ ဖြစ်ပြီး တာဗို့နှစ်လုံးပါရှိတဲ့ ဗီ စစ် အင်ဂျင်တွေကို သုံးပါတယ်။  ၃၈၀၀ စီစီ ရှိတဲ့ စွမ်းအားပြည့်ဝတဲ့ အင်ဂျင်ကို အသုံးပြုထားပါတယ်။ ဂီယာကိုတော့  အတွှေ့ရနည်းတဲ့ ကလပ်မလိုတဲ့ မန်နျူးယယ်  (၆) ချက် ဂီယာတစ်မျိုးကို သုံးထားပါတယ်။ မြင်းကောင်ရေ ၄၈၅ ရှိနေပါတယ်။ ယာဉ်ရဲ့ တည်ငြိမ်မှု စွမ်းရည်အတွက်  နစ်ဆန်းရဲ့ ယာဉ် ဒိုင်းနမစ် ကွန်ထရိုးလို့ခေါ်တဲ့ ထိန်းချုပ်မှုတစ်ခုကို တည်ငြိမ်မှု အတွက် သုံးထားပါတယ်။  နောက်ပိုင်း လာမည် အနာဂတ်မှာ နစ်ဆန်း ဂျီတီ- အာတွေကို ဟိုက်ဘရစ် ဗားရှင်း အနေနဲ့လည်း ရရှိနိုင်ဖို့ မှန်းဆနေကြပါတယ်။

ဒီဇိုင်း

နစ်ဆန်းဟာ ဌင်းရဲ့ နစ်ဆန်း ဂျီတီ-အာကို အလွှာ နှစ်ထပ်ပေါ်မှာ ဆေးရောင် ၆ဆင့်လောက် ထပ်ပြီး အပြင်ဖက်ကို ဆင်ယင်ထားတာ ဖြစ်ပါတယ်။ ဂျီတီ-အာ ချဲဆီးလ်ရဲ့ အရေးကြီးတဲ့ နေရာတွေမှာ ပဲ့ရာတွေခုံနိုင်တဲ့ ဆေးလိမ်းခြယ်မှုတွေ ပြုလုပ်ထားပါတယ်။  တစ်ခြား အဆင်မြင့် ဆေးရည် လိမ်းခြယ်မှု တွေပါ ပါဝင်တာကို တွေ့ရပါတယ်။ ပရီမီယံ အဆင့်ရှိတဲ့ နစ်ဆန်း ဂျီတီအာ တွေမှာ  အနောက်ဖက် ကား အရောင်ခြယ်ထားတဲ့ စပေါ့လားတွေ ပါရှိပါတယ်။ ထို အနောက်ဖက် စပေါ့လားတွေကတော့ ကာဗွန် ဖိုင်ဘာ စပေါ့လားတွေ ဖြစ်ပါတယ်။  တစ်ခြား ကာဗွန် ဖိုင်ဘာ စပေါ့လား ပါဝင်တဲ့ အစိတ်အပိုင်းတွေကိုတော့  Black Edition လို့ခေါ်တဲ့  ဂျီတီအာရဲ့ အဆင့် သတ်မှတ်ချက် တစ်ခုမှာလည်း တွေ့နိုင်သေးပါတယ်။ အော်တို အဖွင့်အပိတ် လုပ်နိုင်တဲ့ ရှေ့ဖက် ဟိုက်လိုက်ခ် မီးများ၊  နေ့ဖက် ထွန်းနိုင်တဲ့ LED မီးများ၊ LED အနောက်ဖက်မီးနဲ့ ဘရိတ်မီးများ၊  ပါဝါ ဘေးဖက်မှန်များ၊  အလူမီနီယံ တံခါး လက်ကိုင်များ၊ ယူဗီ သက်သာစေတဲ့ ဆိုလာ မှန်၊ စတဲ့ အဆင့်မြင့်မှာမှုတွေကို တွေ့နိုင်ပါတယ်။   ၂၀၁၄ မှာ နစ်ဆန်းကနေ ပြီး  Track Edition  ဂျီတီ-အာလို့ခေါ်တဲ့ မော်ဒယ် တစ်မျိုးကိုထုတ်ပါတယ်။ ဌင်းမှာ  Black Edition ထက် ၂၂ ပေါင်လောက် အလေးချိန်ပိုပေါ့ပြီး နောက်ထိုင်ခုံတွေကို လျော့ပစ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ထင်ရှားမှု

နစ်ဆန်း ဂျီတီ- အာတွေဟာ  စပေါ့စ်ကား ၀ယ်ယူသူများ အတွက် ကျေနပ်စေမဲ့ ဒီဇိုင်းမျိုးကို ပိုင်ဆိုင်ထားတဲ့ ကားတွေ ဖြစ်ပါတယ်။  ပေါ့ပါးလှပပြီး ပြိုင်ကားရဲ့ အရှိန်မြန်မှုတွေရော ၊ အဆင့်မြင့်မားမှုတွေကို ပေါင်းစပ်ထားတဲ့ကားတွေ ဖြစ်ပါတယ်။  အရှိန်မြင့်မားမှုအတွက် စွမ်းဆောင်ရည်မြင့်မားလှတဲ့ ၃၈၀၀ စီစီ အင်ဂျင်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။  ပရီမီယံ အယ်ဒီရှင်၊ ဘလတ် အယ်ဒီရှင်၊ ထရတ် အယ်ဒီရှင် စတဲ့ အမျိုးအစားကွဲတော်တော်များများကို  ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဈေးနှုန်းနဲ့ ရရှိနိုင်မှု

ပြည်တွင်းမှာ နစ်ဆန်းဂျီတီ- အာတို့လိုသော ပြိုင်ကားတွေကို အစိုးရကနေ တင်ပို့မှုတွေ ကန့်သတ်ထားတာကြောင့် အစီးရေ နည်းနည်းကို သာ မြင့်ကြရမှာပါ။ ရောင်းချ ၀ယ်ယူတွေ အနေနဲ့ ၂၀၀၇ ခုနှစ် မော်ဒယ်တွေ ဖြစ်တဲ့ နစ်ဆန်း ဂျီတီ-အာကားတွေကို အများဆုံးတွေ့ရမှာ ဖြစ်ပြီး ၂၀၁၄ မော်ဒယ် နစ်ဆန်း ဂျီတီ-အာကားတွေကိုလည်း တွေ့နိုင်ပါတယ်။  နစ်ဆန်း ဂျီတီ-အာကားတွေကိုတော့  ပြည်တွင်းက ကားအရောင်းစင်တာတွေ၊ ကားလေလံကနေ တစ်ဆင့်မှာယူရောင်းချနေတဲ့ ကားပြခန်း၊ အရောင်း ခန်းတွေဆီကနေ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၂၀၀၇ မော်ဒယ်လောက်ကို ကျပ်သိန်း ၉၄၀ အပေါင်း၊ စလစ်ဖြင့်လည်းကောင်း၊ စလစ်မပါ ကျပ်သိန်း ၁၁၀၀ ဖြင့်လည်းကောင်း၊ ၂၀၁၄ မော်ဒယ်နှစ်တွေကို ကျပ်သိန်း ၂၅၀၀ ၀န်းကျင်ခန့်ဖြင့် လည်းကောင်း ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

လာမဲ့ ၂၀၁၅ အတွက် ထုတ်ထားတဲ့ နစ်ဆန်း ဂျီတီ-အာတွေဟာ ဈေးနှုန်း ဒေါ်လာ ၁ သိန်းလောက်ကနေစထားတာကို တွေ့ရပါတယ်။ ဈေးနှုန်းအားဖြင့် ပုံမှန်ကားတွေထက် အနည်းငယ်မြင့်မားတဲ့ကားတွေ ဖြစ်ပါတယ်။ ဌင်း ၂၀၁၅ ကားတွေကတော့ မြင်းကောင်ရေ ၆၀၀ ထိကို ထုတ်နိုင်ပြီး ဆီတစ်ဂါလံကို မြို့တွင်း မြို့ပြင် ၁၆မိုင်ကနေ ၂၃ မိုင်ထိကို သွားနိုင်တဲ့ကားတွေ ဖြစ်ပါတယ်။ ဆီစားကတော့ အနည်းငယ် ပြင်းတယ်လို့ ပြောလို့ရပါတယ်။ မော်ဒယ် ဗားရှင်း ၄ မျိုးလောက်ကို ထုတ်ပြီး  ပရီမီယံ မော်ဒယ် နစ်ဆန်း ဂျီတီ- အာတွေက ဌင်းတို့ထဲမှာ ဈေးအသက်သာဆုံးကားတွေ ဖြစ်နေတာကို တွေ့ရပါတယ်