: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

ဈေးနှုန်း မေးရန်

ရန်ကုန်

Green Auto Services Co.,Ltd
  • 50,000 km

Black Nissan Elegrand 2014 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start. ဘေး...

ပရီမီယံ

ဈေးနှုန်း မေးရန်

ရန်ကုန်

Green Auto Services Co.,Ltd
  • 20,000 km

brown Nissan Elegrand 2014 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Push Start. ဘေး...

Lks 115 ညှိနှိုင်း

Myanmar [Burma]

14527
  • 90,000 km

Silver Nissan Cliper 2010 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

Lks 115 ညှိနှိုင်း

Myanmar [Burma]

14527
  • 90,000 km

Pearl White Nissan Expert 2006 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံ...

နောက်ဆုံးရလဒ်

မြန်မာပြည်တွင်းကား‌ဈေးကွက်မှ နစ်ဆန်းကားများ။ ။

Nissan in Myanmar used car market| Nissan car price in Myanmar| Used Nissan for sale in Yangon Myanmar

နစ်ဆန်းဟာလည်း တိုယိုတာ ဘရန်ရဲ့ နောက်တွင် မြန်မာပြည်မှာ အရေအတွက်များစွာ အသုံးပြုနေကြတဲ့ ကားဘရန်တစ်ခု ဖြစ်ပါတယ်။ နစ်ဆန်းရဲ့ အေဒီဗန်ဟာ ပြည်တွင်း အကြမ်းခံ တက္ကစီကားတွေထဲမှာ ထင်ရှားပါတယ်။  နစ်ဆန်း က ဆလွန်းဗန်ပစ်ကပ်ကား အမျိုးအစားတွေပဲ ပိုရောက် ခဲ့ ပါတယ်။ အက်စ်ယူဗီ လေးဘီးယက်ကားတွေတော့ အရောက်နည်းခဲ့ပြီး ယနေ့ ၂၀၁၂ နောင်းပိုင်းမှ နစ်ဆန်း အက်စ်ယူဗီတွေကို ပြန်လည်မြင်တွေ့ ရတာ ဖြစ်ပါတယ်

နစ်ဆန်းကား စွမ်းဆောင်ရည်နဲ့ နည်းပညာ

Nissan in Myanmar used car market| Nissan car price in Myanmar| Used Nissan for sale in Yangon Myanmar

နစ်ဆန်းကလည်း အခြား ဘရန်တွေလိုပဲ ဌင်းမှာ ပတ်ဝန်းကျင်ကို အထောက်အကူပြုစေတဲ့ ဟိုက်ဘရစ်ကားလေးတွေ ထုတ်ပါတယ်။ ဌင်းကို တော့ နစ်ဆန်း ပတ်ဖိုင်းဒါ ဟိုက်ဘရစ်ဆိုတဲ့ နာမည်နဲ့တွေ့ရမှာ ဖြစ်ပါတယ်။ အက်စ်ယူဗီကားတွေ ဖြစ်ပြီး အင်ဂျင် ၂၅၀၀ စီစီရှိပါတယ်။ မြို့ တွင်းတစ်ဂါလံကို ၂၅ မိုင်နဲ့ မြို့ပြင် ၂၈ မိုင်မှာ ရရှိမှာ ဖြစ်ပါတယ်။  မြင်းကောင်ရေ ၂၅၀ တောင်ရရှိပေးစွမ်းထားပါတယ်။ ပလပ်တီနမ်နဲ့ ပလပ်တီနမ် လေးဘီးမောင်းအပြင် အခြားမော်ဒယ်ကွဲ အားလုံးပေါင်း ၆ မျိုးလောက်ပါရှိပါတယ်။

ပြည်တွင်းထင်ရှားတဲ့ နစ်ဆန်းကားများ

Nissan in Myanmar used car market| Nissan car price in Myanmar| Used Nissan for sale in Yangon Myanmar

ပြည်တွင်း ထင်ရှားတဲ့ ဇိမ်ခံကားတွေထဲက နစ်ဆန်း ကား ဆိုရင် နစ်ဆန်းဆီဒရင့်၊ ဖဲလေဒီ တို့လို ပြိုင်ကားတွေကိုတွေ့ရမှာ ဖြစ်ပြီး အခုဆို အစိုးရရဲ့ ပိတ်သိမ်းစာရင်းထဲရောက်လို့ ပြည်ပကနေ ထပ်ပြီး မှာယူလို့မရတော့တဲ့ကားတွေ ဖြစ်ပါတယ်။  နစ်ဆန်း ဂျု ဆက်စ်ယူဗီလည်း လူသိများလာ နေပါပြီ။ နစ်ဆန်း မတ်ခ်ျများလည်း မြန်မာပြည် အရောက် များပါတယ်။ တိုယိုတာနဲ့ အဓိက ပြိုင်ဆိုင်နေတဲ့ နစ်ဆန်းကားကတော့ နစ်ဆန်း အေဒီဗန် လို့ အမည်ပေးထားတဲ့ မီနီဗန်ကား ဖြစ်ပါတယ်။ မြန်မာပြည်မှာ အရေအတွက် အများဆုံး ကားစာရင်းထဲမှာ ပါဝင်နေပါတယ်။ နစ်ဆန်းက ဒါ့အပြင် ထရပ်ကားငယ်လေးများလည်း မြန်မာပြည်ရောက်ပါတယ်။ နစ်ဆန်းတို့ မြန်မာပြည်ရောက်ပုံက ကားအဟောင်း ဈေးကွက်က များပါတယ်။ ဒီတော့ နစ်ဆန်းအရေအတွက်များတယ်၊ နည်းတယ်ဆိုတာ ဘရန်းကို လူသိများ မများ ပဲ ပိုထိရောက်စေပါတယ်။ ယခုတော့ နစ်ဆန်းကား ကုမ္မဏီကြီး ကိုယ်တိုင် ရန်ကုန်မှာ အခြေချပြီး မြန်မာပြည်တစ်ဝန်းက မှာယူ၊ ဝယ်ယူလိုသူတွေအတွက် ဝန်ဆောင်မှုပေး ရောင်းချနေပြီ ဖြစ်ပါတယ်။ ရရှိနိုင်တဲ့ အမျိုးအစားက အကန့်အသတ်က ဖြင့်ရှိနေသေးပေမယ့် တဖြည်းဖြည်းတော့ တိုးတက် လာနေပါပြီ။

နစ်ဆန်းနုတ်

ပြည်တွင်းမှာ ထင်ရှားတဲ့ အိမ်စီးကားတွေထဲက နစ်ဆန်းနုတ်ကို ဖော်ပြလိုက်ပါတယ်။ နစ်ဆန်းနုတ်တွေဟာ ဌင်းရဲ့ နစ်ဆန်း စီးရီးတွေရဲ့  အမှတ်အသားတစ်ခုကို မပျက်စေဘဲ နစ်ဆန်း ကျောရိုး ဒီဇိုင်းတစ်ခုကို ယူထားတဲ့ အတွက် ဒီဇိုင်းကို နစ်ဆန်း ပရိသတ်တွ အနေနဲ့ စိမ်းသွားစရာတော့ မရှိလောက်ပါဘူး။  မျိုးဆက် နှစ်ဆက်ရှိရာ ဌင်းကို ပထမမျိုးဆက်မှာ ၂၀၀၄ ခုနှစ်ကနေစတင်ပြီး ထုတ်လုပ်တဲ့ကားတွေ ဖြစ်ပါတယ်။ ထို ပထမ မျိုးဆက် မော်ဒယ်ထဲမှာပဲ  update ပြောင်းလဲမှုတွေတွေကို တော်တော်များများ သော နှစ်တွေမှာ နှစ်အလိုက် လုပ်ဆောင်ထားပါတယ်။ အရောင်တွေ ကွဲထွက်သွားစတာတို့ ထိုင်ခုံတွေကို ဒီဇိုင်းမြင့်တင်ထားတာတို့ကို လုပ်ဆောင်ထားပါတယ်။ ဥပမာ အားဖြင့်  ဂျပန် ဈေးကွက် အတွက် ထုတ်လုပ်တဲ့ ၂၀၀၉ မော်ဒယ်တွေမှာဆို Xtronic CVT ဂီယာတွေ အပြင် အလူမီနီယံ ပန်ဒယ်၊ ကာလာ အရောင် ရွေးစရာ (၄) ရောင် ပါဝင်လာခြင်း၊ စတဲ့ ကွဲပြားမှုတွေကို တိုးမြင့်ထားပါတယ်။

ထူးခြားမှု တွေအနေနဲ့ ၂၀၁၄ ထုတ် နစ်ဆန်းနုတ်တွေမှာတော့ အရေးပေါ် ဘရိတ် စနစ်တွေ အပြင် အခြား တိုးတက် မြင့်တင်မှုတွေ ကို တွေ့ရမှာ ဖြစ်ပါတယ်။ HR12DDR အင်ဂျင်နဲ့ HR12DE အင်ဂျင်တွေမှာ ကာဗွန်ဒိုင် အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျော့ချပေးတဲ့ စနစ်တွေ ပါဝင်လာခဲ့တယ်။ နည်းပညာပိုင်းအနေနဲ့ ယာဉ်မောင်းနင်းနေစဉ် အန္တာရယ် ကင်းမှုကို အထောက်အကူပေးတဲ့ စနစ်တွေကို များစွာ ထည့်သွင်းထားတာကို တွေ့နိုင်မှာ ဖြစ်ပါတယ်။ ယူဗီ ကာကွယ်ရေး မှန်အစိမ်းရောင်တွေ၊  အနောက်ဖက် ထိုင်ခုံ နောက်ဖက် ခေါင်းမှီတွေပါဝင်မှု၊  စတဲ့ အစိတ်အပိုင်းတွေကို ဂရိတ်တွေ အလိုက် မော်ဒယ် စီးရီး နံပါတ်တွေ အလိုက် ထည့်သွင်းထားပါတယ်။

နစ်ဆန်း အေဒီဗန်

နစ်ဆန်းမှာ အရေအတွက် အများဆုံးအဖြစ် မြန်မာပြည်မှာ မြင်တွေ့ရတဲ့ကားဖြစ်ပါတယ်။ ဖွဲ့စည်းတည်ဆေက်ပုံက တိုယိုတာ ပရိုဘောက်လို ဆန်ဆန် ရှိပေမယ့် အချိုးအကွေ့ ဘော်ဒီပုံစံလေး ရှိနေတာက သူ့ရဲ့ အားသာချက် ရှိပါတယ်။ အရွယ်အားဖြင့်လည်း အတော်လေးကြီးတဲ့ကား ဖြစ်ပါတယ်။ အင်ဂျင်အရွယ်ကတော့ ၁၃၀၀ စီစီ ဆိုတော့ ပရိုဘောက်နဲ့ ပြိုင်ရင်လည်း ပြိုင်ချင်စရာ ကောင်းတဲ့ကား ဖြစ်နေ ပါတယ်။ ဈေးနှုန်းလည်း မတိမ်းမယိမ်း ဖြစ်ပါတယ်။

အခြား နစ်ဆန်းရဲ့ မော်ဒယ်တွေ ဖြစ်တဲ့ Nissan Pino, Nissan Latio, Nissan WingroadNissan GT-R နဲ့ Nissan Tiida စတဲ့ ကားတွေကိုတွေ့မြင်ရဖြစ်ပါတယ်။ ကုန်ကားကြီးတွေမှာဆို နစ်ဆန်း အယ်တလစ်ဟာနာမည်ရှိပါတယ်။

နစ်ဆန်းကား ပြည်တွင်းမှာ ရရှိနိုင်မှု

နစ်ဆန်းကားက အမျိုးအစားအားဖြင့် မြန်မာပြည်ရောက်တာ နည်းပါတယ်။ ပစ်ကပ်ကားကတော့ ၁၉၇၀ ကျော်တွေ ကတည်းက ရောက်ပြီး တိုယိုတာ ပစ်ကပ်တွေလိုပဲ မြန်မာပြည်တစ်ဝန်းက ပို့ဆောင်ရေး လုပ်ငန်း အမျိုးမျိုးတွေမှာ အသုံးပြုနေပါသေးတယ်။ နစ်ဆန်း ခေတ်သစ်ကားအနေနဲ့ ၂၀၁၁ နှစ်ကုန်လောက်မှ ဖဲလေဒီ နဲ့ ဂျီတီအာ ပြိုင်ကားတွေဟာ အဲဒီတုန်းကရော ယခုရော အတော်လေး ခေတ်စားခဲ့ ပါတယ်။ စစဝင်ချင်းတုန်းက သိန်း ၆၀၀ လောက်ထိ ပေါက်ဈေးရှိပေမယ့် ယနေ့တော့ သိန်း ၄၀၀ ဝန်းကျင်ပါပဲ။ လွန်ခဲ့တဲ့ ၃ နှစ်က ဈေးကို ပြောပါဆိုရင်တော့ သိန်း ၄၀၀၀ ဆိုလည်း မမှားနိုင်အောင် ကြီးခဲ့တဲ့ကားတွေ ဖြစ်ပါတယ်။ ယခုတော့ အတော်လေး ဈေးသက်သာတဲ့ ပြိုင်ကားတွေ ဖြစ်နေပါပြီ။ ပြိုင်ကား ဖြစ်ရုံလေး ပြိုင်ကားအသေးစားများ ဖြစ်ပါတယ်။ စူပါကား၊ ပြိုင်ကွင်းသုံးကား မဟုတ်ပဲ အလှစီးပြိုင်ကားများ ဖြစ်ပါတယ်။ သို့ပေမယ့် အင်ဂျင်ပါဝါက မြင်းကောင်ရေ ၃၀၀ လောက်လည်း ထုတ်တာမို့ ကားကြီးတစ်စီး နီးနီးပါပဲ။ ဒီတော့ ညဘက် ရန်ကုန်လမ်းမမှာ ပြိုင်မောင်းနေတာကို တစ်ခါတစ်ရံ မြင်တွေ့ နိုင်ပါတယ်။

နစ်ဆန်းမှာ ဆလွန်းအနေနဲ့ စကိုင်းလိုင်း ဆလွန်းများ အင်မတန် ရေပန်းစားပါတယ်။ စကိုင်းလိုင်းက ဇိမ်ခံ ဆလွန်းကား အမျိုးအစား ဖြစ်ပါတယ်။ အပြင်အဆင် ဒီဇိုင်းက အစ ဇိမ်ခံကား ဆန်ဆန် ရှိပြီး လူကြိုက်များ ရေပန်းစားပါတယ်။ ယနေ့တော့ ရွေးစရာကား များလာတာမို့ စကိုင်းလိုင်းအပေါ် ခရေဇီ ဖြစ်တဲ့ အရေအတွက် လည်း နည်းလို့လာပါတယ်။ စကိုင်းလိုင်းက ဇိမ်ခံကား ဖြစ်တာမို့ ဆီစား မသက်သာပါဘူး။ သို့ပေမယ့် ကားကြီးတွေလောက်လည်း ဆီစားတဲ့ကားမဟုတ်တာမို့ ရွေးဝယ်ကြပါတယ်။

နစ်ဆန်းမှာ အခြားသော ကားအမျိုးအစားတွေလည်း ဟွန်ဒါ ကားမော်ဒယ်လ်အမျိုးမျိုးဖြင့် မြန်မာပြည်ကို အတော်လေး ဝင်လာပါပြီ။ အကြောင်းကတော့ တရားဝင် အရောင်းခန်းမနဲ့ ဝန်ဆောင်မှု ခန်းမကို ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ နစ်ဆန်းကား ကို အမှတ်တံဆိပ်ခွဲလေးတွေလည်း ရှိတာမို့ အရောင်းခန်းမကိုလည်း အတော်လေးခွဲပြီး လုပ်မယ့် သဘော ရှိပါတယ်။ ဈေးနှုန်းသက်သာကား ကြိုက်ပါတယ်ဆိုရင် နစ်ဆန်းကိုလည်း တိုယိုတာနဲ့ အပြိုင် ရွေးချယ် နိုင်မှာ ဖြစ်ပါတယ်။