: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

Lks 3,900 ညှိနှိုင်း

ရန်ကုန်

Global Myanmar
  • အသစ်

Pearl White Porsche Panamera Turbo S 2014 မော်ဒယ် ရောင်းရန်ရှိသည်။ (ချယ်လ်စီးနံပါတ် WP0CA2A76E1073222) သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,Original TV,N...

ပရီမီယံ

ဈေးနှုန်း မေးရန်

ရန်ကုန်

Ever Shine
  • အသစ်

White Porsche Panamera S 2013 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,Power Locks,Power Steering,Push Start,Original TV. ဘေးကင်းလုံခြုံမှုစန...

Lks 50,000 အစိုးရအခွန်အခများပါဝင်ပြီး

ပြည်

Nay myo Myat Ko
  • အသစ်

We're looking at a splendid color combo, as the black hue of the rear-engined animal is mixed with red top stripes. The same strong contrast can be seen on the side of the Porsche, where red is u...

Lks 1,880 ညှိနှိုင်း

ရန်ကုန်

YNTZ Auto Services
  • အသစ်

Pearl white Porsche Cayenne 2013 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering,Smart Key...

နောက်ဆုံးရလဒ်

မြန်မာပြည်ရှိ ပေါ်ရှေး ကားများ

ပေါ်ရှေး ဆိုတာ

ပေါ်ရှေး (Porsche) ဆိုတာ ဂျာမနီ နိုင်ငံက မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီတစ်ခု ဖြစ်ပြီး အဓိကအား ဖြင့် ဇိမ်ခံကား နဲ့ ပြိုင်ကား များကို အဓိကထား ထုတ်လုပ်တဲ့ ကုမ္မဏီတစ်ခု ဖြစ်ပါတယ်။ ၁၉၃၁ ခုနှစ် ကတည်းက မော်တော်ယာဉ်များ စတင် ထုတ်လုပ်ပြီး စစ်သုံး တင့်ကား၊ မော်တော်ယာဉ် များကိုလည်း ထုတ်လုပ်ခဲ့ပါ သေးတယ်။ ယနေ့တိုင်လည်း ထုတ်လုပ်လျက် ရှိပါတယ်။ သို့ပေမယ့်  အများစု သိထားတာ ကတော့ ပေါ်ရှေးဆိုရင် ဈေးကြီး ပြိုင်ကားနဲ့ အက်စ်ယူဗီ များသာ ဖြစ်ပါတယ်။

ပေါ်ရှေး ပြိုင်ကား နှင့် ဆလွန်းများ

Porsche Cayenne in Myanmar

ပေါ်ရှေး ပြိုင်ကား မှာ တာဘို ကို လူသိများပါတယ်။ တာဘို မှာကိုပဲ တာဘို အက်စ်၊ ပေါ်ရှေး စပိုက်ဒါ၊ ပေါ်ရှေး စပိုက်ဒါ အိတ်စ် အစရှိသဖြင့် အမည် အမျိုးမျိုး တပ်လို့ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ သူက အဓိက အားဖြင့် ၂ ယောက် စီး အမိုးပွင့် ပြိုင်ကားနဲ့ အမိုးပိတ် ပြိုင်ကားများ ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၂၀၀၀ စီစီ အထက် နဲ့ ၄၀၀၀ စီစီ ကြား ရှိပြီး အချို့ ကားတွေ ဆိုရင် ကမ္ဘာ့အမြန်ဆုံး ကား စာရင်းထဲမှာတောင် စံချိန်တင် ပါဝင် ပါသေးတယ်။

ပေါ်ရှေး ဆလွန်းလည်း နာမည်ကြီး ကားများ ဖြစ်ပါတယ်။ သူကလည်း ပြိုင်ကားကို အခြေခံလို့ ထုတ်လုပ် ထားတာကြောင့် ပြိုင်ဆလွန်းလို့ ပြောရင် ပိုမှန် ပါလိမ့်မယ်။ တာဘို၊ အက်စ် အစရှိသဖြင့် ထုတ်လုပ်ပြီး စွမ်းဆောင်ရည် ကလည်း ပေါ်ရှေး ပြိုင်ကား များနဲ့ သိပ်မကွာ ပါဘူး။ ဒီဇိုင်းကတော့ ကွာသွားပါတယ်။ အကြောင်း ကတော့ လေးယောက်စီး ဆလွန်းဖြစ်လာလို့ ဖြစ်ပါတယ်။

ပေါ်ရှေး အက်စ်ယူဗီ

Porsche Cayenne White in Myanmarမြန်မာပြည်ကို ပေါ်ရှေး ပြိုင်ကားနဲ့ ဆလွန်းထက် အက်စ်ယူဗီကား က ပိုအရောက် မြန်ပါတယ်။ လူသိလည်း များပါတယ်။ အဓိကအားဖြင့်က အဟောင်းတွေ ဝင်ရောက်ခြင်း ဖြစ်ပါတယ်။ Porsche Cayenne (ပေါ်ရှေး ကရန်နီ)၊ ပေါ်ရှေး မကန် (Macan) နှစ်စီး ကို မိုလို လူသိများခြင်း ဖြစ်ပါတယ်။ အင်ဂျင် အရွယ် ၃၀၀၀ စီစီ ကနေ ၅၀၀၀ စီစီ အထက်အထိ ရှိပြီး  အဝယ် များတာ ကတော့ အင်ဂျင် အရွယ်သေး ကားများ ဖြစ်ပါတယ်။

မြန်မာပြည် ဝင်ရောက်ပုံ

လက်ရှိ မှာ မြန်မာပြည်ကို ဝင်ရောက်တာ အဟောင်းတွေ အများစု ဖြစ်ပါတယ်။ ပေါ်ရှေး ကိုယ်တိုင် ကလည်း မြန်မာပြည် မှာ တရားဝင် အရောင်းစင်တာ ဖွင့်လှစ်ဖို့ မရောက်ရှိ သေးပါဘူး။ သို့ပေမယ့် နှစ်အနည်းငယ် အတွင်း မြန်မာပြည်ကို ရောက်ရှိ လာမှာ ဖြစ်ပါတယ်။ အကြောင်း ကတော့ သူ့လိုပဲ ကမ္ဘာ တစ်ဝန်းက နာမည်ကြီး ကား အမှတ်တံဆိပ် များက မြန်မာပြည်ကို ဝင်ရောက်နေလို့ ဖြစ်ပါတယ်။ လက်တလော ကတော့ အသစ် စီးချင်ရင် အေးဂျင့်တွေ ကနေ မှာလို့ ရပါတယ်။ ဥရောပ ကနေ အသစ်တွေ ကို တကယ် သွင်းပေး ပါတယ်။ နယ်စပ် လမ်းကြောင်း ကနေ ဝင်သလို၊ ပင်လယ်ကူး သင်္ဘောနဲ့လည်း ဝင်ပါတယ်။ ဂျပန် လေလံ ဈေးကွက် ကနေ ဝယ်တဲ့ အဟောင်း များ ကတော့ ပင်လယ်ကူး သင်္ဘောနဲ့သာ ဝင်ရောက် ပါတယ်။ အများစုက ယနေ့မှာ အက်စ်ယူဗီပဲ မှာကြ ပါသေးတယ်။ အကြောင်း ကတော့ ဆလွန်းနဲ့ ပြိုင်ကား က မြန်မာပြည် လမ်းနဲ့ သင့်တော်ဖို့ အချိန် တစ်ခု လိုအပ်နေသေးလို့ ဖြစ်ပါတယ်။

Motors.com.mm ထဲကနေ ပေါ်ရှေး အမှတ်တံဆိပ် ကား မျိုးစုံကို စိတ်ကြိုက် ရွေးချယ် လေ့လာ စုံစမ်း ဝယ်ယူ နိုင်ပါတယ်။