: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်
Ssangyong for sale

စန်ယောင်းကားများ

ပြည်တွင်းမှာ လူသုံးနည်းနေသေးတဲ့ ကားဘရန်တစ်ခု ဖြစ်ပေမဲ့ စန်ယောင်းကားတွေဟာ တောင်ကိုးရီးယားနိုင်ငံရဲ့ လေးခုမြောက် အကြီးဆုံး မော်တော် ထုတ်လုပ်ရေး တစ်ခု ဖြစ်ပါတယ်။ ကိုးရီးယား အခြေစိုက် ကုမ္ပဏီ တစ်ခု ဖြစ်ပြီး စန်ယောင်းရဲ့ အဓိပ္ပာယ်ကတော့ နဂါး နှစ်ကောင်လို့ အဓိပ္ပာယ်ရပါတယ်။ စန်ယောင်းရဲ့ ကားထုတ်လုပ်မှုကတော့ မြောက်အမေရိက ကလွဲလျှင် ကျန်တဲ့ ကမ္ဘာအနှံကို မော်တော်ကားတွေကို ရောင်းချထုတ်လုပ်နေတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ အော်တိုမိုင်ဘိုင်းကားတွေ အပြင် လုပ်ငန်းသုံးကားတွေကိုလည်း ထုတ်ပါတယ်။  ၁၉၅၄ လောက်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပြီး ဌင်းရဲ့ မော်ဒယ်လိုင်းမှာ ရှိတဲ့ကားအမျိုးအစားတွေကတော့ အက်စ်ယူဗီ၊ ပစ်ကပ်၊ ဗန်၊ ဇိမ်ခံကား၊ ကုန်တင် ထရပ်နဲ့ ဘတ်စ်ကားတွေပဲ ဖြစ်ပါတယ်။ အက်စ်ယူဗီကားတွေထဲမှာ ဆိုလျှင်တော့  စန်ယောင်း ကိုရမ်ဒို၊ စန်ယောင်း အက်စထရွန်၊ စန်ယောင်း ရမ်ခ်ျတွန် ဒဗလျူ၊ မူဆို၊ ကိုရမ်ဒို ဖန်မလီ စတဲ့ကားမော်ဒယ်တွေ ပါဝင်ပါတယ်။ ပစ်ကပ်ထဲမှာ ဆိုလျှင်တော့အက်စထရွန် စပေါ့ ၊ မူဆို စပေါ့၊ စတဲ့ကားမော်ဒယ်တွေ ပါပြီး၊ ဗန်ထဲမှာဆိုလျှင်တော့ ရိုဒီရပ်စ်၊ အက်စ်တာနာ၊ တို့ပါဝင်ပြီး ဇိမ်ခံကားတွေထဲမှာ ဆိုလျှင်တော့ ချဲမန်း ဒဗလျူ၊ ချဲမန်း အိတ်ခ်ျ၊ စန်ယောင်း ကယ်လီစထရာ၊ တို့ပါဝင်ပါတယ်။  ထရပ်ထဲမှာဆိုလျှင်တော့ SY ထရပ်၊  ထရမ်စတာ ဘတ်စ် စတဲ့ကားတွေ ပါဝင်ပါတယ်။ ပြည်တွင်းမှာ အတွေ့ရများတာကတော့ နှစ်ခန်းတွဲ ပစ်ကပ်ထရပ်တွေ ဖြစ်တဲ့ စန်ယောင်း အက်စထရွန် စပေါ့စ်ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်

စန်ယောင်း အက်စထရွန် စပေါ့ ပစ်ကပ်ကားတွေက ဒီဇယ် အင်ဂျင်ကို အသုံးပြုထားတဲ့ ကားတွေရှိသလို ဓာတ်ဆီနဲ့ ထုတ်တဲ့ကားတွေလည်း ရှိပါတယ်။ ပြည်တွင်းမှာ ဒီဇယ် အင်ဂျင်ဖြစ်တဲ့ ၂၀၀၀ စီစီအင်ဂျင်တွေကို တွေ့နိုင်သကဲ့သို့ ၂၃၀၀ စီစီ ဓာတ်ဆီတွေလည်း စန်ယောင်းကထုတ်ပါသေးတယ်။ ထို အင်ဂျင်တွေကတော့ လေးဘီးစနစ်တွေကိုလည်း ပြောင်းလဲနိုင်တာကို တွေ့ရမှာ ဖြစ်ပါတယ်။  ဂီယာတွေကတော့ ဓာတ်ဆီ အင်ဂျင်တွေမှာတော့ မန်နျုးယယ် ဂီယာကိုပဲ ရနိုင်ပြီး ဒီဇယ် အင်ဂျင်မှာကတော့ ခြောက်ချက်ထိုး ဖြစ်တဲ့ အော်တိုရော၊ မန်းနျူးယယ် ဂီယာရောကိုပါ ရနိုင်ပါတယ်။

လုံခြုံရေး စနစ်အနေနဲ့ ကားမောင်းနင်းရာမှာ အန္တာရယ်ကင်းဝေးစေတဲ့ ESP လို့ခေါ်တဲ့ လျှပ်စစ် တည်ငြိမ်မှု ပရိုဂရမ်ပါရှိပါတယ်။ ထို စနစ်ဟာဆိုရင်တာ့  မြင့်မားတဲ့ အရှိန်မှာ ရုတ်တရက် လှည့်ကွေ့ရာတွင် ဘီးချောခြင်း ၊စိုစွတ်တဲ့ လမ်းတွေပေါ်မှာ စလစ်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ ဘရိတ်အော်တို အားပါဝင်ပါတယ်။ လမ်းရဲ့ အခြေအနေ၊ ယာဉ်ရဲ့ အခြအနေ၊ အင်ဂျင်ရဲ့  စွမ်းအားထွက်ရှိမှုအားကကို အဆင့်သင့် ထိန်းချုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

ဒီဇိုင်း  

စန်ယောင်း အက်စထရွန် စပေါ့ ပစ်ကပ်ကားတွေမှာ နောက်ဖုံးပါပြီး အက်စ်ယူဗီ ပုံစံလာတာလည်း ရှိပါတယ်။ အရှေ့ပိုင်း အက်စ်ယူဗီ တိုက်ဖြစ်တဲ့ကားတွေနဲ့ ဆင်ပြီး ဘီးမြင့်ကားပုံစံ ဖြစ်ပါတယ်။ အတွင်းဖက် အော်တို ဂီယာဘောက်စ်ကားတွေ ဖြစ်ပြီး အတွင်းပိုင်းမှာ ပုံစံဒီဇိုင်း ရိုးရှင်းစွာနဲ့ ဖွဲ့စည်းထားပါတယ်။ တစ်ချို့သောမော်ဒယ်တွေမှာ စီယာတိုင်မှာ ခလုတ်တွေလည်း ပါဝင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နှစ်ခန်းတွဲကားတွေ ဖြစ်ပြီး အနောက်ခန်း ပစ်ကပ်ပိုင်းက ကျယ်ဝန်းပါတယ်။

ဈေးနှုန်း

2014  နောက်ပိုင်း စန်ယောင်းကားတွေက သိန်း ၄၀၀လောက်ရှိပါတယ်။ မိုင်ခရို အမျိုးအစားကားတွေကတော့ ကျပ်သိန်း ၅၀၀ လောက်ရှိပါတယ်။ စပေါ့ နှစ်ခန်းတွဲကျတော့ သိန်း ၃၄၀ ကနေ သိန်း ၃၃၈ ၊ ၃၅၀ အစားစားရှိပါတယ်။