: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

ဈေးနှုန်း မေးရန်

ရန်ကုန်

Green Auto Services Co.,Ltd
  • 5,000 km

Silver Subaru Trezia 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

Lks 170 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market

Lks 180 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 60,000 km

Silver Subaru TREZIA 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Pass...

Lks 170 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 5,000 km

Silver Subaru Trezia 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

Lks 170 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 5,000 km

Silver Subaru Trezia 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

Lks 170 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 5,000 km

Silver Subaru Trezia 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

Lks 170 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 5,000 km

Silver Subaru Trezia 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

Lks 170 ညှိနှိုင်း

Myanmar [Burma]

Hlaing Broker Market
  • 5,000 km

Silver Subaru Trezia 2011 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမ...

Lks 95 ညှိနှိုင်း

ရန်ကုန်

14527
  • 90,000 km

Black Subaru Dex 2009 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passe...

နောက်ဆုံးရလဒ်
 Sabaru for sale

ဆူဘာရုကားများ

ဆူဘာရု ကားများဟာ ပြည်တွင်း မှာ လူသိများ၊ အရောင်းအ၀ယ်များတဲ့ ဘရန်တစ်ခု မဟုတ်ပါဘူး။အကြောင်းကတော့ ဆူဘာရုကနေ ပြည်တွင်းကို ၀င်တဲ့ မော်ဒယ်တွေကနည်းပါးတဲ့ အပြင် ဒီဇိုင်းနဲ့ နည်းပညာပြည်တွင်း ရောင်းဝယ် သူများရဲ့ အကြိုက်မဟုတ်ခဲ့လို့ ဖြစ်ပါတယ်။ ဆူဘာရုက ၂၀၁၂ရဲ့ ကားထုတ်လုပ် မှုအရ ၂၂ခုမြောက် အကြီးဆုံး အော်တိုမိတ်ကာ ဖြစ်ပြီး ဂျပန်ကားထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ၁၉၅၃ ကတည်းက စတင် ဖွဲ့စည်းခဲ့ပြီး ဌင်းရဲ့ နောက်ဆုံး ထွက်ထားတဲ့ မော်ဒယ်များဖြစ်မှာ ပြီး ၂၀၁၅ ဆူဘာရု အောက်ဘတ်၊ ၂၀၁၅ ဆူဘရု လီဂါစီ၊ ၂၀၁၅ ဆူဘာရု ဖိုရပ်စ်စတာ၊ ၂၀၁၄ ဆူဘာရု အင်ပရိဇာ ဒဗလျူအာအိတ်ခ်ျ၊ ၂၀၁၄ ဆူဘာရု အိတ်ခ်ျဗီ ခရောစ်စတတ် ဟိုက်ဘရစ်၊ ထရပ်ကားတစ်မျိုးဖြစ်တဲ့ ဆူဘာရု ဘာဂျ ၂၀၀၆ ၊ ၂၀၁၅ ဆူဘာရု ဘီအာ ဇစ် စတဲ့ကားတွေကို တွေ့ရမှာ  ဖြစ်ပါတယ်။ ပြည်တွင်းမှာ တွေ့နိုင်တဲ့ မော်ဒယ်များအနေ နဲ့  ဆူဘာရု အောက်ဘတ်  ၊  ဆူဘရု လီဂါစီ ၊  ဆူဘာရု ဖိုရပ်စ်စတာ၊ ဆူဘာရု အင်ပရိဇာ ဒဗလျူအာ အိတ်ခ်ျ၊  ဆူဘာရု စန်ဘာ၊ ဆူဘာရု စတဲလာ စတဲ့ မော်ဒယ် တွေကိုတွေ့ရမှာ ဖြစ်ပါတယ်။နောက်ပြီး လုပ်ငန်းသုံး ကားတွေထဲမှတော့ ဆူဘာရု စန်ဘာကိုတွေ့ရမှာ ဖြစ်ပြီး

ဌင်းကို မိုက်ခရို ဗန် နဲ့ ထရပ်ကား ပုံစံ နှစ်မျိုးလုံးမှာ ရရှိနိင်မှာ ဖြစ်ပါတယ်။ ပြည်တွင်း ဌင်းတို့ရဲ့ ဈေးကွက် မှာတော့ ပေါ်ပြူလာ ဖြစ်နေဆဲ ဖြစ်ပါတယ်။ စထုတ်ကတည်းက စန်ဘာ ကားလေးတွေဟာ အနောက် အင်ဂျင်နဲ့ ဖြစ်ပါတယ်  နောက် ဘီးယက် ဖြစ်ပါတယ်။ ပထမ မျိုးဆက် နှစ်ခုမှာတော့   အအေးခံ စနစ်ပါတဲ့ အင်ဂျင်တွေ ကို သုံးပါတယ်။  နောက်ပိုင်း မှာတော့ ကား  အသေးစားလေးတွေ ဖြစ်တဲ့  ဆူဘာရုရိုခ်ျ၊ ဆူဘာရု ဗီဗီအို၊ ပယ်အိုတို့မှာ ရေ အအေးခံ အင်ဂျင် တွေကို သုံးပါတယ်။ အခု လက်ရှိမှာတော့ ဆူဘာရု ပယ်အိုကို ယခုထိ တွေ့နိင်မှာ ဖြစ်ပါတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

ပြည်တွင်းမှာ ဆူဘာရု စန်ဘာ မီနီယာဉ် ကားလေးတွေကို လုပ်ငန်းသုံး ယာဉ်များ အနေနဲ့ တွေ့ရမှာ ဖြစ်ပြီး ၁၉၉၈ကနေ ၂၀၁၂ ထိ ထုတ်တဲ့  မျိုးဆက် (၆) ခုမြောက်ကို တွေ့ရမှာ ဖြစ်ပါတယ်။  ဂီယာ ၅ ချက် မန်နျူးယယ်၊ နဲ့  အော်တို ဂီယာ ၃ ချက်တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ အင်ဂျင် (၆၆၀) စီစီကားလေးတွေ ဖြစ်ပါတယ်။ ဘောက်စ် ထရပ်ကားလေး တွေကို လည်း ရနိင်မှာ ဖြစ်ပါတယ်။ ဓာတ်ဆီ ကားလေးတွေ ဖြစ်ပြီး ရှေ့ခန်းက ထိုင်ခုံ၃ ခုံပါရှိပါတယ်။ ညာမောင်း ဖြစ်ပြီး  အဖြူရောင် တွေ များတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၀ဘ်ဂွန် တိုဒ်ဖြစ်တဲ့ ဆူဘာရု စန်ဘာ လေးတွေကိုလည်း တွေ့ရမှာ ဖြစ်ပြီး ဌင်းမှာလည်း ဓာတ်ဆီ၊ ကားလေးတွေ ဖြစ်ပြီး အင်ဂျင် ၆၆၀ စီစီ ရှိတာကို တွေ့ရပါတယ်။  အနောက် ကပစ္စည်း တင်လို့ရမည့်အပြင် အရှေ့က လူ လေးယောက်လောက်ထိုင်လို့ ရမှာ ဖြစ်ပါတယ်။ ဘေးက ဆလိုက်တံခါးတွေနဲ့ ဖြစ်ပါတယ်။

မျိုးဆက် (၇) ဆက်မြောက် ဖြစ်တဲ့  ၂၀၁၂ ကနေ နောက်ပိုင်းထုတ် စန်ဘာ ဗန်နဲ့ ထရပ် ကားလေးတွေကို  ဒိုင်အီ ဟတ်ဆု ဟိုက်ဂျစ် နဲ့ ဒိုင်အီဟတ်ဆု အေထရိုင်တို့ပေါ်တွင် မူတည်ပြီး ၂၀၁၂ နှစ်ဆန်းလောက်မှာ စတင် မိတ်ဆက်ခဲ့ပါတယ်။  အင်ဂျင်ကို အရှေ့မှာ ပြောင်းတပ်ထားပြီး အရှေ့ခရီးသည်တင်ယာဉ်ရဲ့ ကြားမှာ ရှိပါတယ်။ နောက်ဘီးမောင်း စနစ်ဖြစ်ပါတယ်။ 

ပြည်တွင်းမှာ ထင်ရှားတဲ့ မော်ဒယ်များ

ပြည်တွင်းမှာ တွေ့နိုင်တဲ့ မော်ဒယ်များအနေနဲ့  ဆူဘာရု အောက်ဘတ်၊  ဆူဘရု လီဂါစီ၊  ဆူဘာရု ဖိုရပ်စ်စတာ၊ ဆူဘာရု အင်ပရိဇာ ဒဗလျူအာအိတ်ခ်ျ၊  ဆူဘာရု စန်ဘာ၊ ဆူဘာရု စတဲလာ စတဲ့ မော်ဒယ် တွေကိုတွေ့ရမှာ ဖြစ်ပါတယ်။နောက်ပြီး လုပ်ငန်းသုံးကားတွေထဲမှတော့ ဆူဘာရု စန်ဘာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဆူဘာရု စန်ဘာကနေလွဲလို့ ကျန်တဲ့ကားတွေဟာ အိမ်စီးကားတွေပဲ ဖြစ်ပါတယ်။ ဟိုက်ဘရစ်၊ထရပ်၊ ရိုးရိုး ဆလွန်၊ ပြိုင်ကား စပေါ့စ်ကားစတဲ့ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ ဆူဘာရု စန်ဘာကားလေး တွေဟာ ဈေးနှုန်း တန်ဖိုး သင့်လျော်ကြပါတယ်။  ၂၀၀၂ ကနေ ၂၀၀၉ မော်ဒယ် လုပ်ငန်းသုံး စန်ဘာလေးတွေကို ၀ယ်ယူရောင်းချနေတာကို တွေ့ရမှာ ဖြစ်ပြီး အကြမ်းဖျင်းအားဖြင့် ဈေးတွေက သိန်း ၅၀ လောက်ကစပြီး ၂၀၀၉ မှာဆို လျှင် ကျပ် သိန်း ၉၅ ထိကို ရှိတာကို တွေ့ရပါမယ်။ ကား ဂရိတ်ပေါ်တွင် မူတည်ပြီးတော့လည်း ဈေးက ကွာခြားသွားမှာ ဖြစ်ပါတယ်။ ကျန်ရှိတဲ့ အိမ်စီးကားအများစုကိုတော့ ကျပ်သိန်း ၃၀၀ကနေ ဈေးအစားစားမှာ ၀ယ်ယူ တွေ့ရှိနိုင်မှာ ဖြစ်ပါတယ်။

ပြည်တွင်းမှာ ရရှိနိုင်မှု

ဆူဘာရုကားတွေဟာ ပြည်တွင်းမှာ အရောင်းပြခန်းတွေကို လောလောဆယ်ဖွင့်လှစ်ထားခြင်း မရှိသေးတာကိုတွေ့ရမှာ ဖြစ်ပါတယ်။ ဂျပန်လေလံကနေ လည်းကောင်း၊ အခြား ပြည်တွင်းကားကုမ္ပဏီတွေကနေတစ်ဆင့် ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ လောလောဆယ် ဆူဘာရု ဘရန်တွေထဲက အသစ်ကား ၀ယ်ယူမှုမှာ သိပ်မရှိပေမဲ့ တစ်ပတ်ရစ်ကိုပဲ ဦးစားပေး ဆောင်ရွက်တာကို အများဆုံးတွေ့ရမှာ ဖြစ်ပါတယ်။

ဆူဘာရု ဘရန်ရဲ့ စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ချို့

ဆူဘာရု ကားဘရန်ဟာ အခြား ဂျပန်ဘရန်တွေလိုပဲ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေမှုကို အထောက်အကူပြုတဲ့ ဟိုက်ဘရစ်ကားတွေကို ထုတ်ပါတယ်။ဌင်း ဟိုက်ဘရစ်ကားတွေဟာ ပုံသဏ္ဍာန်ကောင်းမွန်လှပပြီး ဒီဇိုင်းဆန်းသစ်လှပတာ ကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၁၄ ဆူဘာရု အိတ်ခ်ျဗီ ခရောစထရပ်တွေမှာ အင်ဂျင်အားဖြင့် ၂၀၀၀ စီစီကိုတပ်ဆင်ထားပြီး ကိုယ်ထည်အမျိုးအစားကတော့ အက်စ်ယူဗီ ကိုယ်ထည်အမျိုးအစား ဖြစ်ပါတယ်။  မြို့တွင်းမြို့ပြင် တစ်ဂါလံကို ၂၉ မိုင်နဲ့ ၃၃ မိုင်မှာ ရရှိနိုင်တဲ့ကားတွေ ဖြစ်ပါတယ်။ မြင်းကောင်ရေအားကတော့ ၁၆၀ အားရှိပါတယ်။ ၂.၀ ဟိုက်ဘရစ်နဲ့ ၂.၀ ဟိုက်ဘရစ်တိုးရင်းဆိုပြီး နှစ်မျိုးရှိတာကို တွေ့ရပါတယ်။