: သီးသန့် အကြံဥာဏ်ပေးထားသော
ပရီမီယံ

ဈေးနှုန်း မေးရန်

ရန်ကုန်

Global Myanmar
  • 64,000 km

Black Toyota Aristo ( Twin Turbo ) 2003 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေ...

Lks 175 ညှိနှိုင်း

Myanmar [Burma]

14527
  • 70,000 km

Black Toyota Aristo 2001 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV,Navigation System,Power Locks,Power Steering. ဘေးကင်းလုံခြုံမှ...

Lks 138 ညှိနှိုင်း

ရန်ကုန်

14527
  • 100,000 km

Black Toyota Aristo 2002 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenger.ြ...

Lks 83 ညှိနှိုင်း

ရန်ကုန်

14527
  • 100,000 km

White Toyota Aristo 1995 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Passenger. ပြတင...

Lks 135 ညှိနှိုင်း

ရန်ကုန်

14527
  • အသစ်

Black Toyota Aristo 2000 မော်ဒယ် ရောင်းရန်ရှိသည်။ သက်တောင့်သက်သာစီးနင်းနိုင်၇န် ဇိမ်ခံပစ္စည်းများ ပါဝင်သည်။ A/C: Front,A/C: Rear,TV. ဘေးကင်းလုံခြုံမှုစနစ်များ ပါဝင်သည်။ Airbag: Driver,Airbag: Pa...

နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ

မြန်မာပြည်တွင်းကား‌ဈေးကွက်မှ တိုယိုတာကားများ။ ။

Toyota in Myanmar used car market| Toyota car price in Myanmar| Used Toyota for sale in Yangon Myanmar

ဈေးကွက် ဆန်းစစ်သုံးသပ်ချက်တွေအရ တိုယိုတာ ကားများသည် ဈေးကွက် ရောင်းဝယ်မှုရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ကားတွေ ဖြစ်ပါတယ်။ အကြောင်း ကတော့ မြန်မာပြည်မှာ ကားများ ရောက်ရှိလာတဲ့ ခေတ်အစမှာတင်ကို တိုယိုတာကားများက နေရာယူထားခြင်းကြောင့် ဖြစ်ပါတယ်။ အပိုပစ္စည်းရရှိနိုင်တာ လွယ်ကူမှု၊ အကြမ်းခံမှု၊ တာရှည်ခံမှုတွေကြောင့် တိုယိုတာ ဘရန်တွေဟာ နာမည်ရပါတယ်။

အမျိုးအစား များစွာ ကွဲသလောက် တိုယိုတာ ကားအမျိုးအစား အားလုံးနီးပါးမြန်မာပြည် ရောက်ပါတယ်။ ဗန်ထဲမှာဆိုရင် ကိုရိုလာ ဗန်အရောက်များပြီး ၁၉၉၀ကျော်ခေတ်တွေကတည်းက လူကြိုက်များကြတဲ့ကား ဖြစ်ပါတယ်။ ဆလွန်းမှာဆိုရင် တိုယိုတာ ခရောင်းက နာမည်အကြီးဆုံးကားပဲ ဖြစ်ပါတယ်။ အက်စ်ယူဗီ မှာဆိုရင် တိုယိုတာ ပရိုဘောက်စ်တိုယိုတာ ပရာဒိုတိုယိုတာ ကလူးဂါတို့က ၂၀ဝ၈ နောင်းပိုင်းလောက် ခေတ်စားလာစေခဲ့ ပါတယ်။ တိုယိုတာ ဟိုင်းလက်များကတော့ ၁၉၈၀ ကျော်တွေကတည်းက မြန်မာပြည်တစ်ဝန်းပို့ဆောင်ရေး ကဏ္ဍအတွက် အသုံးပြု နေတာ ယနေ့အထိတိုင်ပါပဲ။ ပစ်ကပ်များကိုလည်း စက်ရုပ်သုံး၊ လုပ်ငန်းငယ်သုံး တွေမှာ အသုံးပြု ပါတယ်။ ထရက်ကားကြီးအချို့ ကိုလည်း မြင်တွေ့ နိုင်ပါသေးတယ်။

လက်ဆက်စ် ကားအမှတ်တဆိပ်က တိုယိုတာ လက်အောက်ကနေ ဇိမ်ခံကား သီးသန့်ထုတ်ဖို့ ခွဲထားတဲ့ ကားဖြစ်ပါတယ်။ လက်ဆက်စ်ရဲ့ အောင်မြင်မှုကလည်း မြန်မာပြည်မှာ ၂ နှစ် အတွင်းကို ရန်ကုန်မှာ အစီးရေ တော်တော်လေး တိုးပွားစေခဲ့ ပါတယ်။ တိုယိုတာ ရဲ့  ကားအကြောင်း ပြောပါ ဆိုရင် ပြောမကုန်အောင်ကို များပြား ပါတယ်။ ဒီတော့ တိုယိုတာဘရန်းမှာတင်ပဲ ကားအမျိုးအစားအတော် များများကို မြန်မာပြည်မှာ အဟောင်းရော၊ အသစ်ရော ဝယ်ယူ ရရှိ နိုင်ပါတယ်။

 

တိုယိုတာကား။ ။ စွမ်းဆောင်ရည်နဲ့ နည်းပညာ

Toyota in Myanmar used car market| Toyota car price in Myanmar| Used Toyota for sale in Yangon Myanmar

တိုယိုတာရဲ့ စွမ်းဆောင်ရည် အပိုင်းကို ပြောရမယ်ဆိုရင် တိုယိုတာရဲ့ ဇိမ်ခံဘရန်တွေထဲက ဖြစ်တဲ့  လပ်ဆပ် ဘရန်တွေထဲက စပြောရင် ပိုပြီး သိသာစေမယ်ထင်ပါတယ်။ လပ်ဆက်ထဲမှာဆိုရင် ဇိမ်ခံ ကားတွေ ဖြစ်တဲ့ လပ်ဆပ် ဆီဒန်တွေ အပြင် အက်စ်ယူဗီနဲ့ ဟိုင်းဘရစ်ကားတွေလည်း ထုတ်ပါတယ်။ လပ်ဆပ်ရဲ့ အက်စ်ယူဗီလိုင်းမှာ ရှိတဲ့ လပ်ဆပ် အာအိတ်ခ်ျ ကားတွေကတော့ ပြည်တွင်းနဲ့ နီးစပ်မှုရှိပြီး နည်းပညာမြင့်မားတာကို တွေ့ရပါတယ်။ ဇိမ်ခံကားတွေ ဖြစ်သည့်နဲ့ အညီ ပုံသဏ္ဍာန်ပိုင်းကို ရိုးရိုး အက်စ်ယူဗီတွေနဲ့ မတူ ပုံသဏ္ဍာန်ပါးလွားအောင် ပြုလုပ်ထားပြီး နည်းပညာမြင့်မားမှုတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ လပ်ဆပ်ရဲ့ အာအိတ်ခ်ျ လိုင်းထဲမှာမှ အာအိတ်ခ်ျ ၃၅၀ အပြင် အာအိတ်ခ်ျ အဲဖ် စပေါ့ နဲ့ အာအိတ်ခ်ျ ၄၅၀ အိတ်ခ်ျတို့ကု လည်းတွေ့နိုင်မှာ ဖြစ်ပါတယ်။ လပ်ဆပ် အာအိတ်ခ်ျ ၃၅၀ တွေကို ၀၀၇ ကနေ ၂၀၁၅ ထိ မော်ဒယ် ရွေးနိင်ပါတယ်။  အင်ဂျင် ၃၅၀၀ စီစီ ရှိပါတယ်။ ဂီယာ ၆ ချက် အော်တို ဖြစ်ပြီး ရှေ့ဘီးမောင်း (သို့) လေးဘီးမောင်း စနစ်တို့ကို ရနိင်ပါတယ်။ ပုံမှန် မော်ဒယ်တွေက ၁၈ လက်မရှိတဲ့ ဘီးနဲ့လာကြပါတယ်။ ပါဝါကီး၊ စပီကာ (၆) လုံးပါ အသံ စနစ်တွေနဲ့ လယ်သာနဲ့ အပူပေး စနစ်ပါရှိတဲ့ ထိုင်ခုံတွေ ပါပြီး  အိုင်ဖုန်း အသုံးပြုသူတွေအတွက် ဆီရီ အခြေခံထားတဲ့ ထိန်းချုပ်မူ စနစ်တွေ ပါဝင်ပါတယ်။ အနောက်ဖက် ကင်မရာ အပါအ၀င် ၊ မျက်ကွယ် ထိန်းချုပ်မူ စနစ်တွေတောင် ပါရှိတဲ့ စုံလင်လှတဲ့ ကား အမျိုးအစား တစ်ခု ဖြစ်ပါတယ်။

အဖဲလ်စပေါ့တိုက် ကတော့စတိုင်ကို ပိုပြီး ခေတ်ဆန်အောင် ပြုလုပ်ထားပြီး အော်တို ဂီယာ ၈ ချက်ဖြစ်သွားမှာ ဖြစ်ပါတယ်။  ငါးယောက်ထိုင် ဖြစ်ပါတယ်။

တိုယိုတာကား။ ။ ကျော်ကြားတဲ့ မော်ဒယ်များ

Toyota in Myanmar used car market| Toyota car price in Myanmar| Used Toyota for sale in Yangon Myanmar

 

တိုယိုတာကိုရိုလာ

ကိုရိုလာကတော့ ယနေ့မှာ တက္ကဆီသမားတွေ အကြိုက်များတဲ့ ကားအဖြစ်လူသိများပါအတယ်။ တိုယိုတာ ကိုရိုလာဟာ အကြမ်းခံတယ်။ ဆီစားသက်သာတယ် အစရှိသဖြင့် ဂုဏ်ပုဒ် တို့အပြင် ဈေးလည်း သက်သာ တာကြောင့်မို့ လူကြိုက်များ အောင်မြင်ပါတယ်။ ယနေ့ခေတ်မှာ တစ်ခေတ်ဆန်းလာ အောင်မြင်လာတာ ကတော့ တိုယိုတာ မတ်တူး​ ဖြစ်ပါတယ်။ ပရိုဘောက်တွေကို တက္ကဆီ သမား တွေ အင်မတန် ကြိုက်ကြပါတယ်။ အင်ဂျင်အရွယ် ၁၃၀ဝ စီစီပဲရှိတော့ တင်သွင်းခွင် အခွန်တွေကို တွက်ချက် လိုက်ရင် တက္ကဆီ အနီအတွက် အသင့်တော်ဆုံးဖြစ်တာမို့လို့ အသွင်းများပါတယ်။ ယနေ့မှာ သိန်း ၁၀ဝ ဝန်းကျင် ရှိရင် တိုယိုတာ ပရိုဘောက် ရနိုင် ပါတယ်။ ပရိုဘောက်ရဲ့  အပြိုင်းကား ကတော့ နစ်ဆန်း အမှတ် တံဆိပ်ထဲက အေဒီဗန် ဖစ်ပါတယ်။ သို့ပေမယ့် ပရိုဘောက်ကား အရေအတွက်က ပိုများ ပါတယ်။

တိုယိုတာ ခရောင်း

တိုယိုတာ ခရောင်း ဆိုရင် ၁၉၈၀ ကျော်မော်ဒယ်တွေကနေ ယနေ့ ၂၀၁၂ မော်ဒယ်အထိတောင် ရောက်ပါတယ်။ အရေအတွက် အများဆုံးကတော့ ၂၀ဝ၂ ဝန်းကျင်မော်ဒယ်များ ဖြစ်ပါတယ်။ 

တိုယိုတာ မာ့ခ်တူး

ခရောင်း အပြင် နောက်ထပ် အရေအတွက်များတာက ရွှေငါးလို့ မြန်မာခေါ်တဲ့ မာ့ခ်တူး ဖြစ်ပါတယ်။ မာ့ခ်တူးကို ခရောင်းထက် လူပိုသိများကြပါတယ်။ တစ်ခေတ်တစ်ခါတုန်းက သိန်း ၂ ထောင်ဝန်းကျင်တွေအထိတောင် ပေါက်ခဲ့ ပါတယ်။ တကယ် ကားသန့် အနာအဆာ ကင်းရင် သိန်း ၅ထောင်ဆိုရင်တောင် ဝယ်မယ့်သူတွေ တန်းစီ ခဲ့ ပါတယ်။ ယနေ့မှာတော့ မာ့ခ်တူး ( ရွှေငါး )ဆိုတာ သိန်း ၂၀ဝ ဝန်းကျင်က ဈေးအကြီးဆုံးပဲ ဖြစ်ပါတယ်။ ဒီတော့ မာ့ခ်တူးထက် ခရောင်းဘက်ကို စိတ်ဝင်စားဦးတည်လာကြပါတယ်။ ဆလွန်းထဲမှာ သူက ဒီဇိုင်းနည်းနည်းပိုလှ သလိုရှိ ပါတယ်။ ခေတ်သစ်မော်ဒယ်မှာဆိုရင်ပြောတာပါ။ ဒါကလည်း တစ်ဦးချင်း အကြိုက်နဲ့လည်း ဆိုင်ပါ သေးတယ်။ မာ့ခ်အိတ်စ် လို့ခေါ်တဲ့ ဆလွန်းလည်း ရှိပါသေးတယ်။

တခြား‌လေ့လာသင့်‌သော တိုယိုတာကားများမှာ ‌အောက်ပါတို့ဖြစ်ပါသည်။

တိုယိုတာကား။ ။ ​ပြည်တွင်းမှာ ရရှိနိုင်မှု

တိုယိုတာ ဘရန်ကားများဟာ ပြည်တွင်းမှာ ကျော်ကြားတဲ့ ကားတွေ ဖြစ်သည်နည်းတူစွာ စပေါ့စ်ကား သီးသန့်ရောင်းတဲ့ ကုမ္ပဏီနဲ့ အခြား ကားကြီးရောင်းတဲ့ ကုမ္ပဏီတွေက လွဲရင် ကုမ္ပဏီနဲ့ လေလံတော်တော်များများနဲ့ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။ တိုယိုတာရဲ့ အရောင်းပြခန်းတွေကနေလည်း တစ်ဆင့် ၀ယ်ယူနိုင်ပါတယ်။ တစ်ပတ်ရစ်ကားတွေကိုရော အသစ်ကားတွေကိုရော ရရှိနိုင်ပြီး အခြားအခြားသော ယာဉ်ရောင်းဝယ်ရေး စခန်းတွေကလည်း ၀ယ်ယူနိုင်ပါတယ်။

တိုယိုတာရဲ့  စိတ်ဝင်စားစရာ ကားထုတ်လုပ်မှု

တိုယိုတာ ဘရန်က ပတ်ဝန်းကျင် စိမ်းလန်းမှုကို အထောက်အကူပြုစေတဲ့ ကားတွေကိုလည်း ထုတ်လုပ်လျက်ရှိပါတယ်။ ဟိုက်ဘရစ်ကားတွေကို လပ်ဆပ်ရဲ့ ဘရန်ထဲမှာ ထုတ်လုပ်လျက်ရှိတာ တွေ့ရမှာ ဖြစ်ပြီး  ဌင်း ဟိုက်ဘရစ်တွေကတော့ လပ်ဆပ် စီတီ ဟိုက်ဘရစ်၊ လပ်ဆပ် အင်အိတ်ခ်ျ ဟိုက်ဘရစ်၊ လပ်ဆက် အယ်အက်စ် ဘရန်စတဲ့ကားတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ တစ်စီးနဲ့ တစ်စီးက ဆီစားနှုန်းက မတူညီကြပါဘူး။ လပ်ဆပ် စီတီ  ဟိုက်ဘရစ်တွေ ဆိုရင် တစ်ဂါလံကို မြို့တွင်းမြို့ပြင် ၄၀။၄၃ မိုင်ရရှိမှာ ဖြစ်ပြီး လပ်ဆပ် အင်အိတ်ခ်ျ ဟိုက်ဘရစ်တွေ ဆိုရင်  တစ်ဂါလံကို ၃၁။၃၅ ဖြစ်မှာ ဖြစ်ပါတယ်။ ဌင်းရဲ့ အသစ်ဈေးနှုန်းကတော့ ဒေါ်လာ ၄ သောင်းလောက်ကနေ စတင်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။