: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်

တိုယိုတာ လန်ခရုဇာ ပရာဒိုကားများ

Toyota Land Cruiser Prado for sale

အမြင့်စားကားတွေထဲက လူကြိုက်များ လန်ခရုဇာ ပရာဒိုများ

တိုယိုတာ လန်ခရုဇာ ပရာဒိုတွေဟာ SUVအမျိုးအစားထဲမှာ ပါရှိပြီး ရိုးရိုး လန်ခရုဇာတွေရဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ဂျပန် တိုယိုတာ မားကတ်ကနေ ထုတ်လုပ်ပြီး ပရာဒိုကားတွေဟာ အရွယ်အစားမှာ သေးငယ်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။ ကားရဲ့ အပြင်ပိုင်းပုံစံ ကတော့် မစ်ဆူဘီရှီ နှင့် ဟွန်ဒါ စီအာဗွီ ပုံစံမျိုး နဲ့ဆင်ပါတယ်။ တိုယိုတာ လန်ခရုဇာတွေနဲ့ ယှဉ်လိုက်ရင်း အရွယ်အစား သေးငယ်စွာဖြင့် ပိုပြီး ထင်ရှားစွာ ခွဲခြား သိမြင်နိုင်မှာ ဖြစ်ပါတယ်။ ၁၀၈၄ ခုနှစ်ကတည်းက ထုတ်လုပ်ခဲ့ပြီး ယနေ့ အထိကို မျိုးဆက်လေးဆက် အနေနဲ့ အဆင့်ဆင့် ပြောင်းလဲတိုးတက်လာခဲ့တာ ကို တွေ့ရပါမယ်။

 ပြည်တွင်းမှာ လည်း တိုယိုတာ အုပ်စုထဲက ပရာဒိုကားတွေကို လူကြိုက်များပါတယ်။ ကိုယ်ပိုင် အိမ်စီးကား အမျိုးအစား အနေနဲ့ လုပ်ငန်းရှင်တွေနဲ့ ငွေကြေးတတ်နိုင်သူတွေ အများဆုံး ၀ယ်ယူ စီးနင်းနေကြသော ယာဉ် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ လေးဘီးယက် မောင်းစနစ်တွေလည်း ရနိုင်လို့ ရန်ကုန်အပြင် မန်းလေး၊ တောင်ကြီး စတဲ့ တောင်တန်းဒေသတွေမှာ လည်း အစီးများပါတယ်။

 စွမ်းဆောင်ရည်

 ဓာတ်ဆီ၊ ဒီဇယ်ကား အမျိုးအစားတွေ ရှိတဲ့ အထဲက ၂၇၀၀ စီစီကနေ ၃၄၀၀ စီစီ ထိ ရှိပြီး ၃၀၀၀ စီစီမှာ ဒီဇယ်ရနိုင်ပါတယ်။ ၂၀၀၉ နောက်ပိုင်း ကားမော်ဒယ်တွေမှာ အရင် အင်ဂျင် စီစီတွေ အပြင် ၄၀၀၀ စီစီ အင်ဂျင်တွေပါ ရနိုင်တာကို တွေရပါမယ်။ ၄၀၀၀ စီစီ တွေကဓာတ်ဆီတွေ ဖြစ်တဲ့အတွက် ပြည်တွင်းနဲ့တော့ သိပ်မကိုက်လောက်ပါဘူး။ အော်တို ၊ မန်နျူးယယ် ရှိပါတယ်။ ဒီဇယ် အင်ဂျင် အသုံးများတဲ့အတွက် ဌင်းက စွမ်းဆောင်ချက်ကို ဖော်ပြရသော် ထို ဒီဇယ်အင်ဂျင်တွေမှာ တိုယိုတာရဲ့ ဒီဇယ် အင်တာကူးလား တာဗို့ ချာဂျာတွေ ပါဝင်ပါတယ်။ ဌင်းဟာ အင်ဂျင်ရဲ့ အောက်ပို့ လုပ်ဆောင်ချက်တွေကို မြင့်တင်ပေးမှာ ဖြစ်ပါတယ်။ ထို အင်ဂျင်ဟာ ၉.၅ စက္ကန့်အတွင်း ကီလိုမီတာ ၁၀၀ ကို ရောက်နိုင်ပြီး အမြင့်ဆုံးနှုန်းကတော့ ၁၈၈ကီလိုမီတာ ဖြစ်ပါတယ်။ ဂီယာ၅ချက်အော်တို တွေဟာ လွယ်ကူစွာ မောင်းနှင်မှုတွေမှာ ကူညီပေးပြီး လေးဘီးမောင်းစနစ်တွေကို ကူးပြောင်းမှုတွေလည်း ပါဝင်ပါတယ်။

Toyota Land Cruiser Prado for sale

 ဒီဇိုင်း

ပြည်တွင်း အတွေ့ရများ ဖြစ်တဲ့ ၁၉၉၆ ကနေ ၂၀၀၂ ထိ မော်ဒယ်များမှာ ပိုပြီး လန်ခရုာဇာ တွေနဲ့ပိုပြီး ဆင်ပါတယ်။ ၂၀၀၂မှာ စပြီး မျက်နှာပြောင်းပြီး ပိုပြီး ကျစ်လစ် သိပ်သည်းလာကာ ဒီဇိုင်းဆန်းလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၀၉ နောက်ပိုင်းမှာ ပိုပြီး ပြောင်းသွားပါတယ်။ သိပ် အရမ်း သိသိသာသာကြီး မဟုတ်ပေမဲ့ မီးလုံး တွေကအစ မသိမသာ ပြောင်းလဲသွားမှာ ဖြစ်ပါတယ်။ အတွင်းခန်းဈေးကွက် အနေနဲ့ ကျန်ရှိနေသေးတဲ့ ပြည်တွင်းက ၁၉၉၇ မော်ဒယ်တွေကတော့ ပုံစံ ရိုးရိုးရှင်းရှင်းတွေ များပါတယ်။ ၂၀၀၀ ခုနှစ် မော်ဒယ်တွေမှာတော့ အနည်းငယ်ပိုပြီး ကျွန်းခွက် ပုံစံ နဲ့ ဟိုက်လိုက်ခ်တွေ ပါ ပါရှိပါတယ်။တီဗီ တပ်ဆင်ဖို့နေရာတွေပါ ပါရှိလာတာကို တွေ့ရမှာပါ။ တစ်ချို့သော မော်ဒယ်တွေ အနေနဲ့ နောက်ဘီးဖုံးတွေပါ တပ်ဆင်လာတာကို တွေ့ရပါမယ်။ ၂၀၀၂ အကျော် ၂၀၀၃ မော်ဒယ်တွေမှာ အတွင်းခန်းနဲ့ အပြင်ပိုင်း ဒီဇိုင်းတိုးမြင့်မှုက အများကြီး ပြောင်းလဲ သွားပါပြီ။ အတွင်းခန်းမှာ ပိုပြီး သန့်ပြန့်လာပါတယ်။ ကား အတွင်းခန်း အရောင်တွေအပြင် ဒတ်ရှ် ဘုတ်တွေကအစ ဒီဇိုင်းဆန်းသွားတာ ကိုတွေ့ရပါမယ်။ ပါဝင်တဲ့ ပစ္စည်းတွေ အနေနဲ့ လူ၈ ယောက်အတွက် ထိုင်ခုံများ၊ အပူအအေး ထိန်းချုပ်မှုများ၊စတဲ့ အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။

ထင်ရှားတဲ့ ကားဖွဲ့စည်းမှု

လန်ခရုဇာ ပလာဒိုတွေဟာ လန်ခရုဇာတွေထက် သေးငယ်ပေါ့ပါးပြီး ထင်ရှားတဲ့ အသွင်ပြင်တစ်ခုမှာ တွေ့ရပါတယ်။ လူ (၈) ယောက်စီးနင်းနိုင်တဲ့ ထိုင်ခုံ၊ အပူအအေး ထိန်းချုပ်မှုတွေနဲ့ အခြား အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါတယ်။ ဓာတ်ဆီ၊ ဒီဇယ်နှစ်မျိုးလုံးရနိုင်ပြီး လေးဘီးမောင်း စနစ်တွေလည်း ရပါတယ်။ အနောက်ခန်းနဲ့ ကဗင်ခန်းတို့ နေရာကျယ်ဝန်းပြီး လမ်းတော်တော်များများနဲ့ ကိုက်ညီလှတဲ့ တိုယိုတာ လန်ခရုဇာ ပရာဒိုများ ပင်ဖြစ်ပါတယ်။

Toyota Land Cruiser Prado for sale

 ဈေးနှုန်းနဲ့ ရရှိနိုင်မှု

၂၀၀၃ ပရာဒိုတွေကို အမြင့်ဆုံး မော်ဒယ် တစ်ခုအနေနဲ့ ပြည်တွင်းမှာ တွေ့ရတဲ့ နည်းတူစွာ ဈေးက ကျပ်သိန်း ၅၅၀၊ ၆၀၀ ကျော်လောက်ရှိမှာ ဖြစ်ပါတယ်။ ၉၉ လီမီတက် မော်ဒယ်ကားတွေကတော့ ကျပ်သိန်း ၃၇၀ ကနေ ၃၉၀ သိန်း နီးပါးရှိပါတယ်။ ၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉ စတဲ့ မော်ဒယ်တွေကို တွေ့ရမှာ ဖြစ်ပြီး ဈေးနှုန်းကကျပ်သိန်း ၃၀၀ ကနေ ၅၀၀ သိန်း အထိ အစားစား ရှိပါတယ်။ ပြည်တွင်းက ရှိုးရွန်တွေမှာ တွေ့ရမှာ ဖြစ်ပါတယ်။ အသစ်ကားတွေကို ၀ယ်မယ်ဆိုရင် ပရာဒိုတွေက အနည်းဆုံး ကားတန်ဖိုးကြီးပဲ သိန်း ၃၀၀ နဲ့ ၄၀၀ နီးပါးမှာ ရှိပါတယ်။ ဒီတော့ တစ်ပတ်ရစ်ကိုပဲ ရွေးချယ်ကြတာ ဖြစ်ပါတယ်။ နာမည်ဆိုးပေမဲ့ မိုက်လစ်နည်းပြီး ဂရိတ်မြင့်တဲ့ ကားတွေဆို စီးလို့ အဆင်ပြေတဲ့ ကားတွေ ပါပဲ ။

သုံးသပ်ချက်

လန်ခရုဇာ ပရာဒိုကားတွေဟာ အရွှယ်အစား သေးငယ်တဲ့ အမျိုးအစားထဲမှာ ပါဝင်ပြီး လုပ်ငန်း ကိုင်ငန်း စီးနင်းမှုကားတွေအတွက် သင့်လျော်တဲ့ကားတွေပါပဲ။ အိမ်စီးကားတွေအတွက် ကို အဆင်ပြေပြီးလေးဘီး နှစ်ဘီး မောင်းစနစ်တွေကို ပြောင်းလဲနိင်တဲ့အတွက် မြို့တွင်း မြို့ပြင် စီးနင်းဖို့ အဆင်ပြေတဲ့ ကားတွေ ဖြစ်ပါတယ်။