: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်

တိုယိုတာ ဟိုက်လပ်စ်များ

Toyota Surf for sale

မြန်မာ ပြည်မှာ ခေတ်စားလျက်ရှိနေသေးတဲ့ ကားများဖြစ်ပါတယ်။ တောင်ကြီး၊ မန်းလေး၊ လာရိုး၊ မူဆယ်ဖက်က အများဆုံး ၀ယ်ယူ စီးနင်း မှာယူမူတွေ ရှိပါတယ်။ မြို့တွင်း လမ်းတွေမှာတော့ တိုယိုတာ ဟိုက်လပ်စ်တွေကို အနည်းငယ် တွေ့ရနည်းမှာ ဖြစ်ပါတယ်။ တိုယိုတာ ဟိုက်လပ်စ်မှာ တိုယိုတာ ဟိုက်လပ်စ် စပ်ဖ် လည်း ရှိပါတယ်။ ထရပ် စ်ပိုင်း ကားတွေ ဖြစ်တဲ့ တိုယိုတာ ဟိုက်လပ်စ် ဗီဂို တို့လို ကားတွေကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

ဟိုက်လပ်စ် ရိုးရိုး ဆိုလျှင် သူက ပစ်ကပ် ထရပ်တွေ ဖြစ်ပါတယ်။ အရှေ့က တံခါး (၄) ပေါက် ၅ ယောက်စီးဖြစ်ပြီး အနောက်ကတော့ ပစ်ကပ် တစ်ပိုင်း ဖြစ်ပါတယ်။ ဒါနဲ့ပဲ တိုယိုတာဟာ ဟိုက်လပ် ဆိုတဲ့ နာမည်မှာ စီးရီး တစ်ခုလုံးကို ယူခဲ့ပါတယ်။ နောက်ထပ်အနေနဲ့ ဟိုက်လပ် စပ်ဖ်၊ ဟိုက်လပ် ဗီဂို၊ တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ ပစ်ကပ်မှာ မှ နှစ်ခန်းတွဲကား တစ်ခန်းတွဲကား၊ အိတ်ခ်ျထရာကပ် ကား စတဲ့ အနေနဲ့ ကွဲပါတယ်။ မြန်မာပြည်မှာ ဟိုက်လပ် စပ်ဖ် လို့ သိကြတဲ့ တိုယိုတာ ဖိုး ရမ်နာဟာ အလတ်စား စပေါ့တိုက် ပုံစံ SUV ကားတစ်မျိုး ဖြစ်ပါတယ်။

ဟိုက်လပ်စ်တွေကို အမြင့်စား လူစီးကားနဲ့ ပစ်ကပ် တစ်ပိုင်းပါတဲ့ အတွက် လုပ်ငန်းတစ်ပိုင်း၊ အိမ်တစ်ပိုင်း လုပ်ကိုင်လိုသူများ အနေနဲ့ ၀ယ်ယူ စီးနိင်နိင်မှာ ဖြစ်ပါတယ်။ တစ်ချို့သော မော်ဒယ်တွေမှာ လေးဘီးယက် စနစ်တွေ နဲ့ အများဆုံး ၀ယ်ယူရရှိနိင်တာမို့ တောင်တက်လမ်းတွေ၊ အထက်ပိုင်းကို တက်တဲ့ လမ်းတွေမှာ များစွာ အဆင်ပြေကြမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း အထက်ပိုင်းဒေသ က လူထု အနေနဲ့ တိုယိုတာ ဟိုက်လပ်စပ်စ်တွေကို အများဆုံး အသုံးပြုကြခြင်း ဖြစ်ပါတယ်။

Toyota Surf for sale

စွမ်းဆောင်ရည်

အင်ဂျင်ကို  ဓာတ်ဆီ အင်ဂျင် ဖြစ်တဲ့ ဆလင်ဒါ လေးလုံး၊၂၇၀၀ စီစီအင်ဂျင်၊ ၄၀၀၀ စီစီ V6 အင်ဂျင် ဓာတ်ဆီတို့နဲ ၃၀၀၀ စီစီ ဖြစ်တဲ့ တာဗို့ ဓာတ်ဆီ အင်ဂျင် ဆိုပြီး တွေ့ရပါတယ်။

တာဗို့ ဒီဇယ်မှာ ဆိုရင်တော့ လျှပ်စစ် တိုက်ရိုက် အင်ဂျတ်ရှင် ပါဝင်ပါတယ်။ V6 အင်ဂျင် ဟာဆိုရင် တိုယိုတာရဲ့ ဗီဗီတီ- အိုင် နည်းပညာနဲ့ အတူ အကုန်အကျသက်သာစွာ ဖြင့် စွမ်းဆောင် ထားပေးပါတယ်။ တစ်ခန်းပါ ဟိုက်လပ် ပစ်ကပ်တွေကတော့ ၁၃၉၀ ကီလိုဂရမ် ၀န်တင်ဆောင်နိုင်ပြီး၊  တစ်ခန်းခွဲ  ဟိုက်လပ် ပစ်ကပ်တွေကတော့ ၁၁၆၅ ကီလိုဂရမ် တင်နိုင်ပါတယ်။ နှစ်ခန်းတွဲကတော့ ဒီထဲမှာ ၀န်တင်နိုင်အား အနည်းဆုံးပါပဲ။

ဟိုက်လပ် မော်ဒယ်များ

ရိုးရိုး ပစ်ကပ် ဟိုက်လပ်ထဲမှာတင် ကား မျိုးဆက် (၇) ခုလောက် ရှိပါတယ်။ အများဆုံးကတော့ ပြည်တွင်းမှာ ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင် မော်ဒယ်တွေကို အတွေ့ရများပါတယ်။ ဟိုက်လပ် စပ်ဖ်ကိုတော့ တောင်တန်းဒေသတွေမှာ အကြိုက်များ အသုံးများကြသည့် နည်းတူစွာ အင်ဂျင် ၂.၇ လီတာ၊ ၃.၀ လီတာ (ဒီဇယ်) အသုံးများပါတယ်။ အော်တို၊ မန်နျူးယယ် ရွေးချယ် စရာလည်း ရှိပါတယ်။ အများစုက အော်တို သုံးကြပါတယ်။ တိုယိုတာ စပ်ဖ် SSRX ကတော့ လူကြိုက် အများဆုံး မော်ဒယ် တစ်ခု ဖြစ်ပါတယ်။ မြို့တွင်း ဆိုလျှင်တော့ ဓာတ်ဆီ အင်ဂျင်ကို အရွေးများပါတယ်။ တစ်ခြား တိုယိုတာ ဟိုက်လပ်စ် ဗီဂို၊ တိုယိုတာ ဟိုက်လပ် တီဂါ ကပ်တွေကိုလည်း တွေ့နိင်မှာပါ။

Toyota Surf for sale

တိုယိုတာ ဟိုက်လပ်ကားများ

တိုယိုတာ ဟိုက်လပ်ကားများ ဟာ ၁၉၆၈ ခုနှစ်လောက်ကတည်း က စထုတ်ခဲ့တာ ဖြစ်လို့ ယနေ့တွေမှာတော့ ပြည်တွင်းအနေနဲ့ မျိုးဆက် (၆) ဆက်နဲ့ (၇) လောက်ကိုသာ တွေ့ကြရမှာ ဖြစ်ပါတယ်။ ၁၉၉၇ ကနေ ၂၀၀၅ လောက်ထိက မျိုးဆက် (၆)ခုမြောက် ဖြစ်ပါတယ်။ ၂၀၀၅ နောက်ပိုင်းကတော့ နောက်ဆုံး မျိုးဆက်တစ်ခုပါ။ အင်ဂျင် ၂.၀ လီတာကနေ ၄.၀ လီတာ ထိ အစားစား ရှိပါတယ်။ ဒီဇယ်အင်ဂျင်ကို ရွေးနိင်သလို ဓာတ်ဆီအင်ဂျင် ကိုလည်း ရွေးနိင်မှာပါ။ ဟိုက်လပ်စ် ပစ်ကပ်တွေထဲက စပေ့ကပ်ကားတွေကို အများဆုံး တွေ့နိင်ပါတယ်။

ဈေးနှုန်း အချို့

တိုယိုတာ ဗီဂိုတွေက တိုယိုတာ စပ်ဖ်တွေထက် စာလျှင် ဘရန်နယူးတွေကို အ၀ယ်များပြီး အဟောင်းတွေထဲမှာလည်း ကား သန့်တဲ့ အတွက် ဈေးက မြောက်ပါတယ်။ ဗီဂို အိတ်ခ်ျထရာ ကပ်တွေကို ကျပ် သိန်း ၂၅၀~ ၃၀၀ ဖြစ် ဘရန်တွေ ရနိင်သကဲ့သို့ ဒရာဘဲလ် ကပ်ကို ကျပ်သိန်း (၆၅၀) လောက် ဈေးမြောက်တာလည်း ရှိပါတယ်။ ကျန်တဲ့ တိုယိုတာ စပ်ဖ်တွေက ၂၀၀၀ ခုနှစ် ပတ်ဝန်းကျင်လောက်ကို ကျပ်သိန်း ၂၀၀ ကနေ ကျပ် သိန်း ၃၀၀ အတွင်း ၀ယ်ယူ ရရှိနိင်မှာ ဖြစ်ပါတယ်။ ၂၀၀၃ ခုနှစ် မော်ဒယ် ဟိုက်လပ် ပစ်ကပ်တွေကတော့ ကျပ် သိန်း (၁၀၀) ကျော်နဲ့တောင် ရနိင်တာကို တွေ့ရပါတယ်။ သို့ပေမဲ့ နည်းနည်း သုံးပြီးသား ခိုင်းပြီးသား ဖြစ်ပါလိမ့်မယ်။

ဝယ်ယူရန် အကြောင်းအရာများ

တိုယိုတာ ဟိုက်လပ်တွေဟာ ပစ်ကပ်တွေထဲမှာပဲ ဖြစ်ဖြစ် ဟိုက်လပ် ဆပ်စ်ကားတွေထဲမှာပဲ ဖြစ်ဖြစ် ကြံခိုင်ပြီး ခိုင်မာမှု အရှိဆုံး ကားတွေပါပဲ။ လေးဘီး၊ နှစ်ဘီးကို ပါဝင်ပြောင်းလဲ သုံးနိုင်တဲ့ မော်ဒယ်တွေကြောင့် ရန်ကုန်၊ မန်းလေး၊နဲ့ ကုန်းမြင့်မြေ ဒေသတွေမှာ အ၀ယ်လိုက်ပါတယ်။