: သီးသန့် အကြံဥာဏ်ပေးထားသော
စိတ်မကောင်းပါဘူး။ တိကျကိုက်ညီမှုကို ရှာမတွေ့ပါဘူး။ ပြန်လည် ရွေးချယ်ရှာဖွေရန် အကြံပြုပါသည်
နောက်ဆုံးရလဒ်
ပြန်လည်ပြုလုပ်ပါ ပြန်လှည့်ပါ
Volvo for sale

Volvo ကားများ

Volvo က ဆွီဒင် နိုင်ငံ အခြေဆိုက် မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီ တစ်ခု ဖြစ်ပြီး မြန်မာပြည် မှာလည်း ပုဂ္ဂလိက ကုမ္မဏီ တစ်ခုနဲ့ ပူးပေါင်းလို့ စက်ရုံ ဖွင့်လှစ် ထားပါတယ်။ စက်မှုဇုန် မှာ ထုတ်လုပ်ခြင်း ဖြစ်ပါတယ်။ ထုတ် ပေမယ့် ထုတ်လုပ်တဲ့ ကားတွေ ကတော့ လုပ်ငန်းသုံး ယာဉ် တွေပဲ ဖြစ်ပါတယ်။ အိမ်စီး ကား များ ကိုတော့ ဆွီဒင် ကနေ တိုက်ရိုက် တင်သွင်းတာ ရှိသလို ဂျပန် နိုင်ငံ ကနေလည်း သွင်း ပါတယ်။ အသစ် နဲ့ အဟောင်း နှစ်မျိုး စလုံး ရှိပါတယ်။ သို့ပေမယ့် လူသိ လည်း နည်း အရေအတွက် လည်း နည်းနေ သေး တာကြောင့် Volvo ထဲက နာမည် ကြီးတဲ့ ကား အချို့ ကိုပဲ ရေးသား ဖော်ပြ လိုက်ရ ပါတယ်။

စွမ်းဆောင်ရည်နဲ့ နည်းပညာ

ဗီဗို S60 ဆိုရင် ၂၀၁၅ မော်ဒယ်တွေ အထိလာပြီး  မြင်းကောင်ရေ ၂၄၀ ကနေ ၃၂၅ ထိရှိပြီး မြို့တွင်းမြို့ပြင် ၂၅၊ ၃၇ နှုန်းဖြင့် ပြေးနိုင်ပါတယ်။ ထို ထဲမှာမှ အမျိုးအစားကွဲတော်တော်များများ ရှိပြီး လေးဘီးမောင်း၊ နှစ်ဘီးမောင်းစတဲ့ အင်ဂျင်တွေကို ရွေးနိုင်မှာ ဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်ကတည်းက စပြီး ထုတ်ခဲ့တဲ့ကားတွေ ဖြစ်ပြီး ၂၀၀၀ ခုနှစ်ကနေ ၂၀၀၉ ကို ပထမ မျိုးဆက်တစ်ခု၊ ၂၀၁၀ ကနေ နောက်ပိုင်း ကို မျိုးဆက်တစ်ခု ထုတ်လုပ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၂၀၀၀ စီစီ တာဗို အင်ဂျင် ဓာတ်ဆီ အင်ဂျင်တွေကနေ စပြီး ၂၅၀၀ စီစီ တာဗို့ချာဂျာ  ဓာတ်ဆီအင်ဂျင်တွေကိုလည်း ရနိုင်ပါတယ်။ တာဗို့ချာဂျာသုံး ဒီဇယ်အင်ဂျင်တွေလည်း ရှိပါတယ်။

Volvo V70

Volvo V70, Volvo XC-70 အစရှိသဖြင့် အမျိုးမျိုး ခေါ်တဲ့ ငါးပေါက် ဝက်ဂွန်ကား ဖြစ်ပါတယ်။ ဝက်ဂွန် ပြီးတော့ အက်စ်ယူဗီ အမျိုးအစား လည်း ထွက်ရှိ ပါတယ်။ အက်စ်ယူဆီ ဆိုတာထက် Crossover ဖြစ်တာ ပိုများ ပါတယ်။ အင်ဂျင် အရွယ် ၂၀၀၀ စီစီ၊ ၂၄၀၀ စီစီ၊ ၂၅၀၀ စီစီ အစ ရှိသဖြင့် အမျိုးမျိုး ထုတ်လုပ် ပါတယ်။ အင်ဂျင် ဖွဲ့စည်း တည်ဆောက် ပုံ ကလည်း အခြား ဂျပန်က လာတဲ့ ကားများနဲ့ မတူ ပါဘူး။ I ပုံသဏ္ဍာန် ဖြစ်ပြီး ပစ်စတင် ငါးလုံး ပူး ကား များ ဖြစ်ပါတယ်။ မြင်ကောင်ရေအား ထုတ်လုပ်မှု က ၁၂၆ အနည်းဆုံး ရှိပြီး ၂၅၀၀ စီစီ ကားများ က ၂၄၀ ဝန်းကျင် အထိ မြင်းကောင်ရေ အား ကောင်း ပါတယ်။ ဒီတော့ စွမ်းဆောင်ရည် မနည်း ပါဘူး။ မြို့တွင်း တင် မက ဟိုင်းဝေး ခရီး သွားဖို့ အတွက်လည်း အဆင်ပြေတဲ့ ကား ဖြစ်ပါတယ်။ အော်တို ဂီယာ ၅ ချက် ထိုး၊ ရိုးရိုး ဂီယာ ၅ ချက်  ထိုး နှစ်မျိုး ထုတ်လုပ် ပါတယ်။ တာဘို ချာဂျာ တပ်တဲ့ ကားက ဆီ ပိုစားပြီး ဓာတ်ဆီ အမျိုး အစား နဲ့ ဒီဇယ် အမျိုး အစား ဆိုပြီးတော့ နှစ်မျိုး စလုံး ထုတ်လုပ် ပါတယ်။ ဆီအန်ဂျီ လောင်စာ သုံးတဲ့ ကား များလည်း ထုတ်လုပ် ပါသေး တယ်။

Volvo S60

S60 ကတော့ ဆလွန်းကား ဖြစ်ပါတယ်။  အင်ဂျင် အရွယ် ၁၆၀၀ စီစီ၊ ၂၀၀၀ စီ၊ ၃၀၀၀ စီစီ၊ ၂၄၀၀ စီစီ အစရှိသဖြင့် အမျိုးမျိုး ထုတ်လုပ်ပြီး ၃၀၀၀ စီစီ အရွယ်က ဓာတ်ဆီ အမျိုးအစား ဖြစ်ပါတယ်။ ဒီဇယ် မှာ အင်ဂျင် အရွယ် အကြီးဆုံး ကတော့ ၂၄၀၀ စီစီ ရှိပါတယ်။ အင်ဂျင် တည်ဆောက်မှု ကတော့ Volvo ရဲ့ နာမည်ကြီး I ပုံသဏ္ဍာန် အင်ဂျင်ပဲ ဖြစ်ပါတယ်။ V အင်ဂျင်နဲ့ပဲ ထိတွေ့များတဲ့ စက်ဆရာ များအတွက် ကတော့ I က ပြင်ဖို့၊ ဆေးဖို့ အနည်းငယ် ခက်ကောင်း ခက်ပါ လိမ့်မယ်။ သို့ပေမယ့် Rotary အင်ဂျင် လောက်တော့ မရှား ပါဘူး။ ဂီယာ ၆ ချက်ထိုး ရိုးရိုး နဲ့ ဂီယာ ၆ ချက်ထိုး အော်တို ဆိုပြီးတော့ နှစ်မျိုး နှစ်စား ထုတ်လုပ် ပါတယ်။ သူ ကတော့ လေးပေါက် နဲ့ ငါးပေါက် ဆိုပြီးတော့ နှစ်မျိုး ထုတ်လုပ် ပါတယ်။ မြန်မာပြည် အများဆုံး ဝင်တာ ကတော့ လေးပေါက် ဆလွန်းကား ဖြစ်ပါတယ်။ မြန်မာ ပြည်ကို ၂၀၀၇ မော်ဒယ် တွေလောက် အထိလည်း ဝင် ပါတယ်။

Volvo အခြား ကားများ

Volvo ကနေ ဝင်တာ ယင်း ကား နှစ်မျိုး တည်းတော့ မဟုတ် ပါဘူး။ လုပ်ငန်းသုံး ယာဉ် ထဲမှာ ဆိုရင်လည်း အများကြီး ပါ။ ကုန်တင်ကား၊ ဆောက်လုပ်ရေး သုံး ကား အပြင် အခြားသော လုပ်ငန်းသုံး ကား အမျိုးမျိုး ရှိပါတယ်။ အိမ်စီး မှာလည်း အခြား အမျိုးအစား များစွာ ရှိပါ သေးတယ်။ အများစု ကတော့ တစ်ပတ်ရစ် ကားများ ဖြစ်ပါတယ်။ ဂျပန် နိုင်ငံ လေလံ ဈေးကွက် ကနေ ဝင်လာတဲ့ တစ်ပတ်ရစ် ကားများ ဖြစ်ပါတယ်။ ဆွီဒင် ကနေ အသစ် ဝယ်ချင် သူများ ကိုလည်း ဝန်ဆောင်မှု ပေးနေတဲ့ အဖွဲ့ အစည်း တွေ ရှိနေ ပါသေး တယ်။

သုံးသပ်ချက်

ဗီဗိုတွေဟာ ဆွီဒင်ကား ထုတ်လုပ်ရေး ဖြစ်သည့်နဲ့ အညီဌင်းမှာ ကား ထုတ်လုပ်ရေး တစ်ခုသာလျှင် မဟုတ်ဘဲ အခြား ဘတ်စ်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံးကားတွေနဲ့ အခြားကားတွေပါ ရှိပါတယ်။  ကမ္ဘာအကြီးဆုံး ဘတ်စ် ထုတ်လုပ်ရေး ကုမ္ပဏီလည်း ဖြစ်ပြီး  ခရီးသည်တင်ပို့ရေး အတွက် ဟဲဗီး ဘတ်စ်ကားကြီးတွေ စီစဉ်ပေးတဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။ ဥရောပ၊ အမေရိက၊ အာရှတဲ့ သြစတြီးရီးယားမှာပါ ထုတ်လုပ်နေတဲ့ ကုမ္ပဏီဖြစ်ပါတယ်။  ထိုကြောင့် ဗီဗိုရဲ့ကားတွေကိုလည်း အရည်အသွေးမြင့်မားမှု တစ်ရပ်အနေနဲ့ တွေ့ရမှာ ဖြစ်ပါတယ်။