: သီးသန့် အကြံဥာဏ်ပေးထားသော

ဈေးနှုန်း မေးရန်

ရန်ကုန်

Myanmar Coach Center Co.,Ltd
  • အသစ်

Green Clark Forklift Forklift GEX20s 2015 မော်ဒယ် ရောင်းရန်ရှိသည်။ ဖော်ပြပါကားသည် ဆီစားသက်သာစေနိုင်သော Electro အင်ဂျင်ပါဝါ cc သာရှိသည်။ဖော်ပြပါကားနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက websiteအတွင်းေ...

ဈေးနှုန်း မေးရန်

ရန်ကုန်

Myanmar Coach Center Co.,Ltd
  • အသစ်

Green Clark Forklift Forklift GEX20s 2015 မော်ဒယ် ရောင်းရန်ရှိသည်။ ဖော်ပြပါကားသည် ဆီစားသက်သာစေနိုင်သော Electro အင်ဂျင်ပါဝါ cc သာရှိသည်။ဖော်ပြပါကားနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက websiteအတွင်းေ...

ဈေးနှုန်း မေးရန်

ရန်ကုန်

Myanmar Coach Center Co.,Ltd
  • အသစ်

Green Clark Forklift Forklift Forklift CQ30D 2014 မော်ဒယ် ရောင်းရန်ရှိသည်။ ဖော်ပြပါကားသည် ဆီစားသက်သာစေနိုင်သော Diesel အင်ဂျင်ပါဝါ cc သာရှိသည်။ဖော်ပြပါကားနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက website...

ဈေးနှုန်း မေးရန်

ရန်ကုန်

Myanmar Coach Center Co.,Ltd
  • အသစ်

Green Clark Forklift Forklift Golf Buggy 2014 မော်ဒယ် ရောင်းရန်ရှိသည်။ ဖော်ပြပါကားနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက websiteအတွင်းဖော်ပြထားသော ရောင်းသူ၏ ဖုန်းနံပါတ်(သို့) Email မှတဆင့် ဆက်သွယ်မေြး...

ဈေးနှုန်း မေးရန်

ရန်ကုန်

Myanmar Coach Center Co.,Ltd
  • အသစ်

Green Clark Forklift Forklift Forklift C30D 2014 မော်ဒယ် ရောင်းရန်ရှိသည်။ ဖော်ပြပါကားသည် ဆီစားသက်သာစေနိုင်သော Diesel အင်ဂျင်ပါဝါ cc သာရှိသည်။ဖော်ပြပါကားနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက websiteအ...

နောက်ဆုံးရလဒ်

မြန်မာပြည်ရှိ လုပ်ငန်းသုံး ယာဉ်များ

လုပ်ငန်းသုံး ယာဉ်လို့ ဆိုတဲ့ နေရာမှာ ပါဝင်တဲ့ ယာဉ် အမျိုးအစားက အများကြီး ရှိပါတယ်။ အဓိက အားဖြင့် ထရက်ကား၊ လော်ရီကား၊ ဗင်၊ ခရီးဝေး ဘတ်စ်ကား၊ မြို့တွင်း သုံး ဘတ်စ်ကား၊ တက္ကဆီ၊ ထရော်လာ၊ ဘောက်စ် ထရက်၊ လုပ်ငန်းသုံးယာဉ် အစရှိတဲ့ ကားတွေ ဖြစ်ပါတယ်။

ထရက်ကား

Tata commercial truck for sales in Myanmar

ကုန်ပစ္စည်း သယ်ယူ ပို့ဆောင်ရေးအတွက် အဓိကထား အသုံးပြုတဲ့ ထရက်ကား များကို နယ်မြို့တွေမှာ အများဆုံး မြင်တွေ့ ရမှာ ဖြစ်ပါတယ်။ အဓိက အားဖြင့် နယ်စပ်တွေမှာ မြင်တွေ့ ရပြီး၊ ဆိပ်ကမ်း မြို့တော် တွေမှာလည်း မြင်တွေ့ ရပါတယ်။ မြန်မာပြည် တစ်ဝန်း ကုန်ပစ္စည်း မျိုးစုံ သယ်ယူ ပို့ဆောင်ရေး အတွက် မရှိမဖြစ် အသုံးပြုနေကြပြီး လိုင်စင် ဝင်တဲ့ မြို့ ကွာလို့သာ ဘယ်မြို့က ကားဆိုပြီး ခေါ်တာ ဖြစ်ပါတယ်။ အမှန်တော့ သူက မြို့အတည် တကျ မရှိပဲ သွားလာ နေရ ပါတယ်။ လောလောဆယ် ဈေးကွက်ထဲမှာတော့် Mitsubishi Truck ကို တော်တော်များတွေ့နိုင်ပါတယ်။ မြန်မာပြည် အထက်ပိုင်းမှာ ဆိုရင် ဒီကားမျိုးကို မန္တလေး တိုင်း ဒေသကြီး ၊ အလယ်ပိုင်းမှာ ရှမ်း တိုင်းဒေသကြီး၊ ရခိုင် တိုင်းဒေသကြီး၊ အောက်ပိုင်းဆိုရင် ရန်ကုန် တိုင်းဒေသကြီး၊ ဆိပ်ကမ်းမြို့ ဖြစ်တဲ့ တနင်္သာရီ တိုင်းဒေသကြီး အစရှိသဖြင့် စက်မှု လုပ်ငန်း၊ နယ်စပ် ကုန်သွယ်ရေး လုပ်ငန်း ဆိပ်ကမ်း ကုန်သွယ်ရေး လုပ်ငန်း ထွန်းကားတဲ့ မြို့တွေမှာ အများဆုံး မြင်တွေ့ ရပါတယ်။

လော်ရီကား

ဆီမီး ထရက်လို့လည်း ခေါ်တဲ့ လော်ရီ ကားများကိုလည်း ထရက်ကားများ အလားတူ မြင်တွေ့ ရပါတယ်။ သူကျတော့ ကုန်ပစ္စည်း အမျိုးအစားလိုက် နောက်တွဲကို အပြောင်းအလဲ ပြုလုပ် နိုင်တာကြောင့် ဆိပ်ကမ်း သယ်ယူ ပို့ဆောင်ရေး၊ သစ်လုပ်ငန်း သယ်ယူ ပို့ဆောင်ရေးတို့မှာ ပိုမို အသုံးများ ပါတယ် မြန်မာပြည်မှာ လောလောဆယ်အသုံးများနေတာကတော့် Nissan Truck များဖြစ်ပါတယ်။

ဗင် ကား

ဗင် ကို ပေါင်မုန့်တုံးကား ဆိုပြီးတော့လည်း အလွယ်ခေါ်ကြ ပါတယ်။ သူ့ကိုကျတော့ မိသားစု သုံး ယာဉ်အနေနဲ့ကော၊ ကုမ္မဏီ သယ်ယူ ပို့ဆောင်ရေး ယာဉ်အနေနဲ့ကော မြန်မာပြည် တစ်ဝန်းမှာ အသုံးပြုကြ ပါတယ်။ ယနေ့မှာ ခေတ်အစားဆုံး ဗန်ကတော့ တိုယိုတာ အဲလ်ဖက် ဖြစ်ပါတယ်။ အဲလ်ဖက် ဆိုရင် တော်များများ သိကြပြီး မိသားစု သုံးကား အဖြစ် သုံးကြသလို၊ လုပ်ငန်းလည်း အသုံးပြု ပါတယ်။ ခရီးသွား ဘုရားဖူး ယာဉ်အဖြစ်တောင် အသုံးပြု နေကြ ပါသေးတယ်။ ဒါ့အပြင် အခြားသော အမှတ်တံဆိပ် များမှ ကား များစွာ လည်း ရှိပါ သေးတယ်။

ခရီးဝေး ဘတ်စ်ကားများ

ခရီးဝေး ဘတ်စ်ကား ကတော့ မြန်မာ တစ်နိုင်ငံလုံးမှာ အသုံးပြု ပါတယ်။ အဓိက အားဖြင့် အသုံးပြုနေကြတဲ့ ဘတ်စ်တွေကို ဂျပန်၊ တောင်ကိုရီးယား၊ ဂျာမနီ၊ တရုတ် နဲ့ အခြားသော ဥရောပ အမှတ်တံဆိပ် များလည်း ဝင်ရောက် ပါတယ်။ တစ်ပတ်ရစ် ကား ဝယ်သလို အသစ်တွေလည်း ဝယ်ကြ ပါတယ်။ အများစု ကတော့ တစ်ပတ်ရစ် ကားများ ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး အစရှိတဲ့ မြို့ကြီး များကို ဗဟို ပြုလို့ ခရီးဝေး သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ ထွန်းကား ပါတယ်။ ဘုရားဖူး လုပ်ငန်း အတွက် သယ်ယူပို့ဆောင်ရေး ဘတ်စ်များလည်း ရှိပါတယ်။

မြို့တွင်းသုံး ဘတ်စ်ကားများ

Toyota Truck for sales in Myanmar

မြို့တွင်းသုံး ဘတ်စ်ကား အရေအတွက် အများဆုံးကို ရန်ကုန်မှာ မြင်တွေ့ နိုင်ပါတယ်။ အကြောင်း ကတော့ ရန်ကုန်မြို့ဟာ လူဦးရေ အများဆုံး ရှိပြီး မြို့လည်း ကျယ်ဝန်းလို့ ဖြစ်ပါတယ်။ အစိုးရ ဘတ်စ်ကား သို့မဟုတ် ပုဂ္ဂလိက ဘတ်စ်ကား လုပ်ငန်း များစွာ ရှိပါတယ်။ အခြားသော မြို့တွေမှာလည်း ရှိပါတယ်။

တက္ကဆီ

တက္ကဆီ အတွက် ဆိုပြီးတော့ ကားသွင်းဖို့အတွက် သီးသန့် ပါမစ် ပေးပါတယ်။ အနီ လိုင်စင် ဖြစ်ပြီး အခွန်အခ လည်း ကိုယ်ပိုင်ယာဉ် သွင်းတာထက် အခွန်ခ အများကြီး လျော့ချ ပေးထား ပါတယ်။ တက္ကဆီ ရယ်လို့ ခေါင်းစဉ် တပ်လိုက်ပေမယ့် သွင်းတဲ့ ကားအများစု ကတော့ ဆလွန်း၊ ဗန်၊ နောက်ဖုံးဖွင့် ကားများ ဖြစ်ပါတယ်။

ထရော်လာ

ထရော်လာလို့ ခေါ်တဲ့ ယာဉ်များကို စိုက်ပျိုးရေး လုပ်ငန်းတွေမှာပဲ အသုံးများ ပါတယ်။ ထော်လာဂျစ် ၊ ထွေလာဂျစ် အစရှိသဖြင့် မြန်မာခေါ် ခေါ်ပြီး တရုတ်ပြည်က အဝင်၊ ထိုင်းနိုင်ငံ အဝင်နဲ့ မြန်မာ ပြည်တွင်း ထုတ် ထရော်လာ ကားမျိုးစုံ ရှိပါတယ်။

ဘောက်ထရက်

ဘောက်ထရက် ကတော့ မြို့တွင်း စားသောက်ကုန် ပို့ဆောင်ရေး လုပ်ငန်း တွေမှာ အသုံးပြုတာ အများအားဖြင့် မြင်တွေ့ ရပါတယ်။

လုပ်ငန်းသုံး ယာဉ်

လုပ်ငန်းသုံး လို့ဆိုတဲ့ နေရာမှာ စက်ယန္တယား တပ်ဆင် ယာဉ်များ ဖြစ်ပြီး ဘိလပ်မြေ ကြိတ်စက် ပါတဲ့ ယာဉ်၊ လမ်း ကြိတ်စက်၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ယာဉ်၊ ဆိပ်ကမ်းတွင် အသုံးပြုရန် သီးသန့် ထုတ်လုပ်ထားသော ယာဉ်၊ ကုန်ထုတ် လုပ်ငန်းသုံး ယာဉ်၊ လေဆိပ် အသုံးပြု ယာဉ်၊ ဂေါက်ကွင်း အသုံးပြုယာဉ် အစရှိသဖြင့် ပြောမကုန်အောင် များပြားစွာ ရှိနေပါတယ်။

အသစ် နဲ့ တစ်ပတ်ရစ်

ယင်း ယာဉ် အများစုက တစ်ပတ်ရစ်တွေ ဖြစ်ပါတယ်။ အမှတ်တံဆိပ် အားဖြင့်လည်း ဂျပန် နိုင်ငံက ဝင်တဲ့ ဖူဆို လို့ ကားရှိသလို၊ ဥရောပ ဘက်က ဝင်တဲ့ ဗိုဗို တို့လို ကားလည်း ရှိပါတယ်။ နိုင်ငံ စုံက ကား အစုံပါပဲ။ တစ်ပတ်ရစ် တွေ ရှိသလို၊ အသစ်တွေလည်း အများအပြား ရှိပါတယ်။ Motors.com.mm ကနေ မြန်မာပြည်တွင်းက ရရှိ နိုင်တဲ့ တစ်ပတ်ရစ် ယာဉ်များကို စိတ်ကြိုက် လေ့လာ စုံစမ်း ဆက်သွယ် ဝယ်ယူ နိုင် ပါတယ်။